တိုင်းရင်းသားဒေသများမှ Online အသုံးပြု၍ အလုပ်လျှောက်မှု ပိုမိုများပြားလာ

တိုင်းရင်းသားဒေသများမှ Online အသုံးပြု၍ အလုပ်လျှောက်မှု ပိုမိုများပြားလာ
February 23, 2017 Asian Fame

4:20 pm
တိုင်းရင်းသားဒေသများမှ Online အသုံးပြု၍ အလုပ်လျှောက်မှု ပိုမိုများပြားလာ

ရဲလွင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ

တိုင်းရင်းသားပြည်နယ်များတွင် အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက် ထားသူများ ယခင် မရှိသလောက်နည်းပါးခဲ့ရာမှ ယခုနှစ်တွင် စတင်မြင့် တက်လာကြောင်း သိရသည်။

တိုင်းရင်းသားဒေသများဖြစ်သည့် စစ်တွေ၊ လားရှိုး၊ သံတွဲ၊ ချင်း၊ ဘားအံ၊ ကချင်ပြည်နယ်တို့မှ လျှောက်ထားသူများ ပိုမိုများပြားခဲ့ခြင်း ဖြစ် ပြီး အထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သူပေါင်း ၇ဝ ကျော်က ဇန်နဝါရီလ တစ်လအတွင်း အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်ကို အသုံးပြုကာ အလုပ်အကိုင် ရှာဖွေခဲ့ကြကြောင်း work.com.mm မှသိရသည်။

ပြည်နယ်များမှ အွန်လိုင်းအသုံးပြု၍ အလုပ်လျှောက်ထားသူ များ ပြားလာခြင်းအပေါ် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ် သမားရေးရာကော်မတီအဖွဲ့ဝင်ဖြစ်သူ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းက ”အွန်လိုင်းကနေ အလုပ်လျှောက်တဲ့ သူ များလာတယ် ဆိုတာကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် နယ်မှာရှိတဲ့ ဒီဘက်ခေတ် ခေတ်ပညာတတ် လူငယ်တွေ၊ လူလတ်ပိုင်းတွေဖြစ်မှာပါ။ အရင်တုန်းက လူတွေကတော့မဖွံ့ဖြိုးသေးတာရော၊ အလုပ်အကိုင်ရှားတာနဲ့ရော တောင်ယာလုပ်ကိုင်တာတို့ပဲ လုပ်ဖြစ် ခဲ့ကြတာမဟုတ်လား။ ခုဆို မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်လာကြတာလည်း ပါတော့ ဒီလိုအွန်လိုင်းကနေ အလုပ်လျှောက်ရတာကို ပိုပြီး နားလည် လာကြတာပါ။ နောက်ထပ်လည်း များလာနိုင်ဖို့ ရှိပါတယ်” ဟု ဆို သည်။

တိုင်းရင်းသား ပြည်နယ်များမှ ယခင်က အွန်လိုင်းသုံး၍ အလုပ် လျှောက်ထားမှု မရှိသလောက် နည်းပါးခဲ့ရာမှ ယခု ၂ဝ၁၇ ခုနှစ်တွင် စတင်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး စီမံကိန်း စီမံခန့်ခွဲမှုအလုပ်အကိုင်၊ သု တေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်အကိုင်၊ ပြုပြင်ထိန်းသိမ်းေ ရး အ လုပ်အကိုင်၊ ဆေးပညာနှင့်သက်ဆိုင်သည့် အလုပ်အကိုင်၊ ဥပဒေရေး ရာနှင့် သက်ဆိုင်သည့်အလုပ်အကိုင် အစရှိသည့် အလုပ်အကိုင်များကို အများဆုံး လျှောက်ထားခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း တိုင်းရင်းသားပြည်နယ်များမှ အလုပ်အကိုင်လျှောက် ထားမှုအပေါ် အခွင့် အလမ်းပေးနိုင်မှု နည်းပါးလျက် ရှိနေသေးကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်နယ်များတွင် အလုပ်အကိုင်ပေးနိုင်မှု အခြေအ နေ နည်းပါးနေခြင်းနှင့်ပတ်သက်၍ ဦးစောတင်ဝင်းက ”ပြည်နယ်တွေ မှာက ခုမှစပြီး အလုပ်အကိုင် ဖွံ့ဖြိုး တိုးတက်လာဖို့ဆိုတာ ကနဦးအစ လုပ်နေတုန်း ရှိသေးတယ်။ အရင်ကဆို အလုပ်အကိုင်က နည်း ပါးတယ်။ စက်မှုဇုန်တွေလည်း မရှိဘူး။ လျှပ်စစ်မီးဆိုတာလည်း မလာဘူး။ ခုတော့ အစိုးရကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ဖို့ စတင်လုပ် ဆောင်လာနေပြီ။ အရင်က CV တွေ ဘာတွေက လက်ရေးနဲ့ရေးပြီး စာ တိုက်ကြီးကနေ တစ်ဆင့်ပို့ရတာဆိုတော့ကြာ တယ်။ ခုဒီလို အွန်လိုင်းစနစ် ဖြစ်လာတာ ပိုပြီးမြန်လာသလို အရည်အချင်းကို သဘောကျရင် အလုပ် ရနိုင်ဖို့ကလည်း ပိုမြန်လာနိုင်တယ်။ ပြည်နယ်တွေ ငြိမ်းချမ်းလာပြီး ဖွံ့ဖြိုး တိုးတက်လာမယ်ဆိုရင်တော့ သဘာဝခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ် ငန်းတွေ၊ ရင်းနှီးမြှုပ်နှံ မယ့်သူတွေဝင်လာပြီး အလုပ်အကိုင်အခွင့်အလမ်း အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်မယ်လို့ မြင်ပါတယ်” ဟုဆိုသည်။

လက်ရှိ ဝန်ထမ်းခန့်အပ်မှု အများဆုံးလုပ်ငန်းအမျိုးအစားတွင် ဈေး ကွက်ဖြန့်ချိရေး (Distribution/Logistics) ၊ ကွန်ပျူတာနှင့် အိုင်တီ (Computer/IT) ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း (Import/Export/Trade) ၊ ဆက်သွယ်ရေး နည်းပညာဝန်ဆောင်မှု (Telecommu nication Services)၊ ငွေကြေးစီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်း (Financial Services) စသည့် ကဏ္ဍများက အစဉ်လိုက် ရပ်တည်နေကြောင်း သိရှိ ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*