ပျော်ရွှင်ကျန်းမာ တစ်နေ့တာ

ပျော်ရွှင်ကျန်းမာ တစ်နေ့တာ
February 22, 2017 Asian Fame

3:40 pm
ပျော်ရွှင်ကျန်းမာ တစ်နေ့တာ

U Ko Ko Hlaing

အသက် နည်းနည်းကြီးလာတော့ ရောဂါတွေလည်း နည်းနည်းထွေလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သတိထားကြည့်လိုက်တော့ စုစုပေါင်းလိုက်ရင် ရောဂါအကြီး အသေးခုနစ်မျိုး၊ အဲဒီထဲမှာ အရှင်း ပျောက်အောင်ကုမရဘဲ ရာသက် ပန် မိတ်ဖွဲ့ထားရမယ့် ရောဂါက လေးမျိုး၊ သောက်နေရတဲ့ ဆေးက ဆယ့်နှစ်မျိုးလောက် ရှိနေတာတွေ့ ရပါတယ်။ တစ်လတစ်လကို ဆေး ဖိုးကချည်းပဲ ရှစ်သောင်းနဲ့တစ်သိန်း အကြားရှိနေတာပါ။ ဒါတောင်မှ အိပ်ရာထဲ လဲရလောက်အောင် ဆေးရုံတက်ရလောက်အောင် နေ မကောင်းမဖြစ်တာ အတော်ကြာပါ ပြီ။ သာမန် သွားသွားလာလာ ထူ ထူထောင်ထောင် လူတစ်ယောက် ရဲ့ ကျန်းမာရေးအသုံးစရိတ်လို့ ဆို ရမှာပါ။ ဒီထက်ပိုပြီး ရောဂါကြီးကြီးမားမားရှိတဲ့သူတွေဆိုရင်တော့ သိန်းနဲ့ချီပြီးတော့ ကုန်နေကြရပါ တယ်။ တချို့ဆိုရင် သိန်းပေါင်းများ စွာ ကျန်းမာရေးအတွက် သုံးနေကြ ရတာပါ။ ဥပမာ ကင်ဆာရောဂါဆို ရင် ကီမိုဆေး တစ်ခါသွင်းတိုင်း သုံးလေးသိန်း၊ ဓာတ်ကင်ရင်လည်း သိန်းဂဏန်း၊ တတ်နိုင်သလို ပြည်ပ မှာ သွားပြီးခွဲစိတ်မယ်၊ ကုသမယ် ဆိုရင် သိန်းရာဂဏန်း အောက် ထစ်ပါပဲ။ ကျောက်ကပ်သမား ဆိုလည်း တစ်လမှာ သုံးလေးခါ အနည်းဆုံး ကျောက်ကပ်ဆေးမယ် ဆိုရင် သိန်းဂဏန်းပါ။

ကမ္ဘာနဲ့ချီတဲ့ စာရင်းဇယားကို ကြည့်လိုက်တော့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဟာ ကမ္ဘာ ပေါ်မှာ ငွေလုံးငွေရင်း အများဆုံး လုပ်ငန်းကြီးတစ်ခု ဖြစ်နေတာ တွေ့ရပါတယ်။ ခန့်မှန်းတွက်ချက် မှုတွေအရ ၂ဝ၂ဝ ပြည့်နှစ်ကျရင် ကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းရဲ့ ပမာဏဟာ ဒေါ်လာ ၈ ထ ရီလျံ (သန်းပေါင်း ၈ သန်း) ကျော် ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။ ယေ ဘုယျအားဖြင့်တော့ ကျန်းမာရေး အတွက် သုံးစွဲရမှုဟာ တစ်ကမ္ဘာ လုံးဂျီဒီပီရဲ့ ၁ဝရာခိုင်နှုန်းလောက် ရှိနေတယ်လို့ဆိုကြပါတယ်။ ဒါပေ မယ့်လည်း ဒါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းက သူ့ဝင်ငွေ ၁ဝဝ ရှိ ရင် ကျန်းမာရေးအတွက် ၁ဝ သုံး နေတယ်လို့ တစ်ပြေးညီ ဆိုလို့မရ ပါဘူး။ ချမ်းသာတဲ့ နိုင်ငံက ချမ်း သာတဲ့လူတွေဟာ သူတို့ဝင်ငွေနဲ့ စာရင် ကျန်းမာရေးအတွက် ကုန် ကျစရိတ်က သိပ်ပြီး မထောင်းတာ လှသလို ကျန်းမာရေးအတွက် အ စာအာဟာရ၊ အနေအထိုင်၊ လေ့ ကျင့်ခန်းကအစ ပြည့်စုံတဲ့အတွက် ရောဂါ ကြီးကြီးမားမားဖြစ်မှ ကုရ တာ နည်းပါတယ်။ အစိုးရတွေက လည်း ချမ်းသာတော့ ကျန်းမာရေး အထောက်အပံ့တွေ အများကြီး ပေးနိုင်တယ်။ ဆင်းရဲတဲ့ နိုင်ငံကျ တော့ နိုင်ငံဘတ်ဂျက်ကနည်းလို့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု ကို ပြည့်ပြည့်ဝဝ မပေးနိုင်တဲ့ အ တွက် လူထုက သူတို့ရဲ့ ကိုယ်ပိုင် ငွေနေ ကျန်းမာရေးစောင့်ရှောက် မှုအတွက် ၆ဝ ရာခိုင်နှုန်း ကျော် လောက် ကျခံသုံးစွဲနေရတယ်လို့ ဆိုပါတယ်။ တကယ်တမ်းကျတော့ ဆင်းရဲတဲ့နိုင်ငံက ဆင်းရဲသား အောက်ခြေလူတန်းစား ဆိုတာ တုံးလုံးစာနေနေသာသာ၊ မတ်တတ် စာတောင်မှ အနိုင်နိုင် လုံးပန်းနေ ကြရတာမို့ ကြီးကြီးမားမားဖျားတာ နာတာမျိုး ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းနေဖို့ပဲ ရှိတာပါ။

တကယ်တမ်း ဖြစ်လာပြီဆို တော့လည်း ”စားစရာမရှိပေမယ့် လျော်စရာရှိရမယ်” ဆိုတာလိုပဲ ရှိ တာလေးတွေ ပေါင်နှံထုခွဲ ရောင်း ချပြီးတော့ ကုကြရပြန်တာပါပဲ။ ကိုယ့်လူကို ဒီအတိုင်း ပစ်မထား နိုင်လို့ မရှိ ရှိတာနဲ့ ရှာကြံကုကြပေ မယ့်လည်း ရောဂါကျွမ်းလို့ လူမမာ ဆုံးပါးသွားတဲ့အခါ သွားလေသူက တစ်ဘဝဇာတ်သိမ်းလို့ ငြိမ်းသွား ပေမယ့် ကျန်တဲ့သူတွေက အြေ<ွကး ထုပ်မီးပုံကြီးကို ပိုက်ပြီးကျန်ခဲ့ကြ၊ မိသားစုလိုက် ဘဝပျက်၊ ဘဝခက် သွားသူတွေ အများကြီးပါပဲ။ လေ ဖြတ်လူနာလို မသေဘဲပြန်ပြီး နာ လန်ထလာရင်တောင် မလှုပ်နိုင် မယှက်နိုင်၊ အိပ်ရာထဲမှာပက်လက်၊ ပြုစုဖို့လူတစ်ယောက်က လိုပြန်၊ နှစ်ရှည်လများကျတော့ ဘယ်သူမှ မခံနိုင်တော့တဲ့ ဒုက္ခမျိုးတွေ ဖြစ်ရ ပြန်ပါတယ်။ မိသားစုမှာ ဦးဆောင် ပြီး ဝင်ငွေရှာတဲ့သူက အဲဒီလို မမာ မကျန်းဖြစ်သွားရင် ဆေးကုဖို့ ကုန် တဲ့အထဲမှာ ဝင်ငွေက ရပ်ဆိုင်းသွား လို့ တစ်မိသားစုလုံး စားဝတ်နေ ရေးကအစ အကျပ်အတည်းဖြစ်ကြ ရ။ အိမ်သားထဲက ဖြစ်လာရင် လည်း ဆေးရုံတင်ရပြီဆို အနည်းနဲ့ အများတော့ အလုပ်ပျက်ကြရပြန် တာပါပဲ။ တလောက အိမ်နားမှာ မနက်တိုင်း လာရောင်းနေကျ ပဲ ပြုတ်သည် ရောက်မလာတာ အ တော်ကြာလို့ပြန်လာတဲ့အချိန် မေး ကြည့်တော့ ”ကလေးဆေးရုံတက် နေရတယ်”လို့ ပြောတယ်။ ပြန် လာရောင်းပြီး တစ်ပတ်လောက် ကြာတော့ ပြန်ပျောက်သွားတာ အ ခုထက်ထိ ပေါ်မလာသေးပါဘူး။ ကလေး ဆေးရုံ ပြန်တက်နေရသ လားတော့ မသိပေမယ့် လူနာက တစ်ဖက်၊ အသက်မွေးဝမ်းကျောင်း အလုပ်ကပျက်နဲ့ ဘယ်လိုများ ရပ် တည်ရင်ဆိုင်နေကြမှာပါလိမ့်လို့ သူတို့အစား တွေးပြီး သနားနေမိတယ်။

သူတို့ထက်စာရင် နည်းနည်း ပိုပြီး အခြေအနေကောင်းတဲ့ သူ ငယ်ချင်းတစ်ယောက်ဆို ‘ကက’ တက္ကစီကိုယ်ပိုင် မောင်းပြီး ဘဝ ကိုရပ်တည် နေတာပါ။ နေ့စဉ် နိစ္စ ဓူဝကားပေါ်မှာ အထိုင်များ၊ လှုပ် ရှားမှုက နည်းတော့ ကိုယ်အလေး ချိန် တက်လာပြီး သွေးတိုးရာက မကြာခင်ကပဲ လေဖျန်းပြီးတော့ မျက်စိအမြင်အာရုံကြော ထိခိုက် သွားပါတယ်။ အခုဆိုကားလည်း မမောင်းနိုင်တော့ပါဘူး။ အငှား ယာဉ်မောင်းရှာပြီး အုံနာကြေးနဲ့ပဲ ထိုင်နေရတော့ ဝင်ငွေလည်း ကျ သွားပါတယ်။ သူ့ရောဂါက ဒီမှာ ကုတာလည်း လေးငါးခြောက်သိန်း မကကုန်ပြီး ရေရှည်ဆွဲကုရတော့ မယ်ဆိုတော့ နိုင်ငံခြားသွားကုပါ လားလို့ အကြံပေးသူက ပေးကြပါ တယ်။ ပြဿနာက နိုင်ငံခြားသွား ကုရင် သိန်းရာဂဏန်းလောက် ကုန်မယ်။ ဒီစရိတ်အတွက် သူ့မှာ ရှိတဲ့ တစ်ခုတည်းသော အရင်းအ နှီးဖြစ်တဲ့ ကားလေးရောင်းပြီး ကုရမယ်။ ကုလိုက်လို့ ပျောက်သွားရင် တောင် ဘာနဲ့ ဆက်ပြီး လုပ်ကိုင် စားသောက်မလဲ။ နောက်ထပ် ဘဝတစ်ခုပါ။

ဒီနိုင်ငံမှာကတော့ အစိုးရက လည်း အားလုံးအတွက် ကျန်းမာ ရေးကို လုံလောက်အောင် ဆောင် ရွက်မပေးနိုင်ပါဘူး။ ဖွံ့ဖြိုးတဲ့ အ ခြားနိုင်ငံတွေမှာ ဝန်ဆောင်မှုပေး တယ်ဆိုတာက ပြည်သူတွေက လည်း သူတို့ဝင်ငွေရဲ့ ၆ဝ ရာခိုင် နှုန်းလောက်ကို အစိုးရကို အခွန် ပေးနေကြတာကိုး။ ဒီမှာကတော့ ၁ဝ ရာခိုင်နှုန်းတောင် အနိုင်နိုင်ဆို တော့ အစိုးရကလည်း တတ်နိုင်သ လောက်လုပ်ပေးနေပေမယ့် မပြည့် စုံတာ အပြစ်တင်လို့ မရပါဘူး။ အစိုးရက မတတ်နိုင်လို့ လူထုအ တွက် ကျန်းမာရေး အာမခံဆိုတာ မျိုးရော ရှိသလားဆို၊ မရှိသေးပါ ဘူး။ အခုမှ မြေစမ်း ခရမ်းပျိုးမလို့ မြေကွက်ရှာနေတုန်း ရှိပါသေး တယ်။ ဒီခေတ်မှာ ပုဂ္ဂလိက ကျန်း မာရေးဝန်ဆောင်မှု ဆိုတာက လည်း ခေတ်နဲ့အညီ ဈေးကွက် စီးပွားရေးမို့ တန်ရာတန်ကြေးက ကြီးမားလှပါတယ်။ ပုဂ္ဂလိကဆေး ရုံတွေဆို အခန်းထဲ တံမြက်စည်း လာလှဲလည်းပေးရ၊ သွေးလာတိုင်း လည်းပေးရ၊ ပါရဂူဆီ တယ်လီဖုန်း ဆက်လည်းပေးရ၊ ထည့်မလောက်၊ ပေးမလောက်ပါပဲ။ ရပ်ကွက်ထဲက ရိုးရိုးဆရာဝန် သွားပြရင်တောင် စမ်းသပ်ခက သုံးထောင်၊ သူ့ဈေး နဲ့သူတော့ ထိုက်တန်တယ်ဆိုပေ မယ့် မရှိတဲ့သူအဖို့တော့ နောက် ဆုံးမှာ လမ်းဘေးဆေးဆိုင်က ဒေါက်တိုတွေရဲ့ စပ်ဆေးနဲ့ပဲ ညားကြရတာပါပဲ။

မရှိ ဆင်းရဲသားတွေကို ဒါဆို လည်း ရောဂါမဖြစ်အောင်၊ ကျန်းမာအောင် နေကြစားကြပါလားလို့ ပြောစရာရှိပါတယ်။ ရောဂါတကာ ရောဂါတွေထဲမှာ ဆင်းရဲခြင်း ရော ဂါက အဆိုးဆုံးပါ။ ဆင်းရဲသား ရပ်ကွက်မှာ အကြိမ်ကြိမ်ပြန်ကြော် ထားတဲ့ မည်းတူးနေတဲ့ အကြော်ခံ ဆီနဲ့ ကြော်တဲ့အကြော်၊ ဖော်မလင် စိမ်ထားတဲ့ မုန့်ဖတ်နဲ့ မှိုဆိပ်တွေ ပါနေတဲ့ ငရုတ်သီးမှုန့်တွေ ပေါင်း စပ်ထားတဲ့ မုန့်ဟင်းခါးဆိုတာ တောင်မှ စားကောင်းသောက်ဖွယ် ပါ။ မှည့်ဆေးထိုးထားတဲ့ ငှက်ပျော သီး၊ ပိုးသတ်ဆေး ထည့်ထားတဲ့ ငါးပိရေကျို၊ ဓာတု ဆိုးဆေးတွေနဲ့ သွားရည်စာ အချိုရည်တွေ၊ ဆေး ဆိုးထားတဲ့မျှစ်၊ သောက်လိုက် တာနဲ့ တစ်ကိုယ်လုံး မောလာပြီး မကြာခင်ရှောသွားလို့ ‘ဖောရှော’ လို့ခေါ်တဲ့ ချက်အရက်တွေ၊ နေရ တော့လည်း ရွှံ့ဗွက်၊ မြောင်းပုပ်ပေါ် က ခရိုးခယိုင် အဖီတဲကလေးမှာ၊ ယင်တွေ၊ ခြင်တွေက တရုန်းရုန်းနဲ့၊ ဒီလိုအခြေအနေမျိုးမှာ တစ်နေ့ပြီး တစ်နေ့ အသက်ရှင်နေနိုင်တာကိုက အတော်ဟုတ် လှပြီလို့ ပြောရ မယ်ထင်ပါရဲ့။

ဒါကို စက်ဝိုင်း ပြန်လှည့်ကြည့် လိုက်တော့ ဆင်းရဲလို့ ရောဂါထူကြ တယ်။ ရောဂါတွေများတော့ အစိုးရ မှာလည်း ကုသရေးနဲ့ ဆေးရုံတွေ ကိုပဲ ဦးစားပေးရတယ်။ ကြိုတင် ကာကွယ်ရေးနဲ့ ပညာပေးရေးဆို တဲ့ ပြည်သူ့ ကျန်းမာရေးဘက်ကို ဘတ်ဂျက်က များများမလှည့်နိုင် ဘူး။ ကုသရေးဆိုတာကလည်း မကျန်းမာသူတွေက များတော့ ခြင်းကျားနဲ့ ရေသယ်ရသလို ဖြစ် နေပြန်တယ်။ မကျန်းမာသူတွေ ဘက်ကကျပြန်တော့လည်း နေမ ကောင်းဘူးဆိုတာနဲ့ တုံးလုံးစာအ တွက် မတ်တတ်စာကို လျှော့ရ၊ ရှာ ရဖွေရ၊ စီးပွားရေးကျ၊ ပိုပြီး ဆင်းရဲ၊ ဘဝတွေပိုမွဲရ၊ ဆင်းရဲတော့ ကျန်း မာရေးကို ဂရုမစိုက်နိုင်၊ ဖြစ်သလို နေရင်းစားရင်း၊ ရောဂါတွေ ထပ် ဖြစ်၊ တိုင်းပြည်မှာလည်း ကုန်ထုတ် စွမ်းအားကျ၊ ဝင်ငွေကျဆင်း၊ အစိုးရ ဘတ်ဂျက်မှာ လိုငွေပြမှု ကြီးထွား၊ ချွေတာခြိုးခြံရ၊ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အပြည့်အဝမပေး နိုင်၊ ဒီလိုနဲ့ပဲ အဆိုးသံသရာလည် နေတာ တွေ့ရပါတယ်။

ဒီအဆိုးသံသရာ စက်ဝန်းကို ဘယ်လို ဖောက်ထွက်ကြမလဲ။ ဒါ အတော်ခက်တဲ့ပုစ္ဆာပါ။ ဖြစ်နိုင် စရာရှိတဲ့ ထွက်ပေါက်တစ်ခုကတော့ ကုန်ကျစရိတ် နည်းနည်းနဲ့ ကျန်း မာအောင်နေဖို့ပါပဲ။ ‘မရှိတာထက် မသိတာခက်’ ဆိုသလိုပဲ ကျန်းမာ ရေးအသိကလေးတွေ လူတိုင်းမှာ ရှိမယ်ဆိုရင် သိပ်ကောင်းမလာ တောင်မှ သိပ်ဆိုးမသွားအောင် တော့ ထိန်းပေးနိုင်လိမ့်မယ် ထင်ပါတယ်။

ပထမဆုံး ကြိုးစားကြည့်သင့် တဲ့ကိစ္စကတော့ ကျန်းမာရေးကိုထိ ခိုက်စေတဲ့ အပိုကုန်ကျစရိတ်တွေ ကိုလျှော့ပြီး ကျန်းမာရေးကို အ ထောက်အကူဖြစ်စေမယ့် နေရာ တွေမှာ မှန်မှန်ကန်ကန် အသုံးချဖို့ ပါပဲ။ ဆိုလိုတာက ဆေးလိပ်၊ ကွမ်း ယာ၊ အရက်စတာတွေဟာ လူကို ကောင်းကျိုးမပေးတာကို အားလုံး သိကြပေမယ့် ဒါတွေကို ရှောင်ဖို့၊ ဖြတ်ဖို့တော့ဝန်လေး နေတတ်ကြ ပါတယ်။ တကယ်သာ ဖြတ်နိုင်မယ် ဆို နေ့စဉ် အပိုသုံးငွေ ထောင်ဂ ဏန်းလောက်ကို လျှော့ချနိုင်မှာ ပါ။ အဲဒီအစား အာဟာရ ဖြစ်စေမယ့် အစားအသောက်၊ ဆေးဝါး စတာတွေမှာ ပိုသုံးနိုင်ပါတယ်။

နောက်တစ်ခုကတော့ အန္တ ရာယ်ရှိတဲ့ အစားအသောက် ပုံစံ ကို လျှော့ချပြီး ရိုးရိုးရှင်းရှင်း နေ ထိုင်စားသောက်ဖို့ပါ။ ဥပမာ စား အုန်းဆီနဲ့ မကင်းနိုင်ရင် ဆီစား နှုန်းကို လျှော့ချပြီး ပြုတ်ကြော်တို့၊ ဟင်းရည်သောက်တို့ကို ပိုပြီး အား ပြုစားဖို့ပါ။ ဟင်းသီးဟင်းရွက် စား ရင်လည်း ဆားရည်စိမ်ပြီး ရေနွေး ဖျောပြီးမှ စားသင့်ပါတယ်။ ငါးပိ ရည်ကျိုဆိုလည်း ကျေးလက်ဒေသ မှာလို ကိုယ်တိုင် ငါးသေးကလေး တွေ ဝယ်ပြီး အိမ်မှာပဲ စဥ့်အိုးက လေးနဲ့သိပ်ထည့်ထားခြင်းဖြင့် ကုန် ကျစရိတ်လည်းသက်သာ၊ သန့် ရှင်းတာလည်း စားရမှာဖြစ်ပါ တယ်။ ငရုတ်သီးဆိုလည်း ရေက ပြင်မှာ အိုးကလေးနဲ့ စိုက်ထား လိုက်ရင် လတ်လတ်ဆတ်ဆတ်စား ရတာပေါ့။ ဒီကမှ တစ်ဆင့် ဈေး သက်သာပြီး အာဟာရဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေ ရှာဖွေ စား သောက်သင့်ပါတယ်။ ဥပမာ မြန် မာတွေက ဒန့်သလွန်အသီးနဲ့ အ ရွက်ကို စားတော့စားပေမယ့်
အ စားနည်းတယ်။ တကယ်တော့ ဒန့် သလွန်ဟာ ပဉ္စငါးပါးစလုံးအာဟာ ရပြည့်ဝပြီး အသားဓာတ်၊ သံဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိတွေ အများကြီးပါတာမို့ စရိတ်သက်သက်သာသာနဲ့ အာဟာ ရဖြစ်တဲ့ အစားအစာဖြစ်ပါတယ်။ သင်္ဘောရွက်ဆိုလည်း ကင်ဆာ တောင် ပျောက်နိုင်တာမို့ စားခါနီး မီးကလေးမြှိုက်ပြီး တို့စားရင် အ လွန်ကောင်းပါတယ်။ ဂေါ်ဖီထုပ် တို့၊ ကန်စွန်းရွက်တို့ဆိုလည်း သေ ချာရေဆေး၊ ဆားရည်နည်းနည်း စိမ်ပြီး၊ သုပ်စားစား၊ ကြော်စားစား၊ ဟင်းချိုဟင်းခါးပဲချက်ချက် အများ

ကြီးအာဟာရရှိပါတယ်။ အသား ဓာတ်ဆိုလည်း ကြက်သား၊ ဝက် သားမှ မဟုတ်ပါဘူး။ နိုင်လွန်ငါးလို ငါးသေးသေးကလေးတွေပဲ အိုး ကပ်ချက်စားဦးတော့ ထုံးဓာတ်ပါရ ပြီးအရိုးပါသန်မာစေတယ်။ အနိမ့် ဆုံး ပဲပုပ်စေ့ချက်စားဦး၊ အသား ဓာတ်တွေ အများကြီးပါပါတယ်။ ကြက်ဥကလေးတစ်လုံး နှစ်လုံးနဲ့ ဂေါ်ဖီထုပ်နဲ့ ပဲငံပြာရည်ကလေး ထည့်ပြီးကြော်စားရင်တောင်မှ ငွေ ကလေးငါးရာလောက်နဲ့ မိသားစု တစ်နပ်စာဟင်း ဖြစ်နိုင်ပါတယ်။ ကြက်ဥနှစ်လုံးဖိုးဟာ အရက်တစ် ပိုင်းဖိုးတောင် မရှိပါဘူး။

အဓိက ပြောချင်တာကတော့ ကိုယ်ကျန်းမာဖို့အတွက် ဆိုရင် ကိုယ်အပိုင်ဆုံး အရာဖြစ်တဲ့ ကိုယ် ကိုယ်တိုင်ကပဲ စပြီးပြင်ဖို့၊ ကျန်းမာ အောင် စားသောက်နေထိုင်ဖို့ လို တယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုအလေးထားပြီး ကျန်း မာအောင် ဂရုစိုက်ချင်တဲ့သူတွေ အတွက်ကိုတော့ ဆင်းရဲချမ်းသာ မရွေး အလွယ်တကူ သက်သက် သာသာနဲ့ တစ်နေ့တာကို ကျန်းမာ ပျော်ရွှင်စွာစတင်နိုင်စေမယ့် နည်း ကလေးတစ်ခု တင်ပြချင်ပါတယ်။ မနက်ပိုင်း အိပ်ရာထချိန်မှာ မိနစ် နှစ်ဆယ်၊ နှစ်ဆယ့်ငါးမိနစ်လောက် အချိန်ပေးနိုင်ရင် ရပါတယ်။

အိပ်ရာထတာနဲ့ မျက်နှာသစ် ပြီးရင် သံပရာသီးတစ်လုံးကို ထက် ခြမ်းခြမ်း၊ နနွင်းစစ်စစ်ကော်ဖီဇွန်း ကလေးတစ်ဇွန်းလောက် ထည့်ပြီး မတ်ခွက်တစ်ခွက်စာလောက် ရေ နွေးနဲ့သောက်ပါ။ စိတ် ကြည်လင် တယ်၊ သွေးတိုးကျတယ်၊ အဆီကျ တယ်၊ အစာအိမ် ကောင်းတယ်၊ သွေးသားသန့်စင်တယ်။ ချွေးက လေး စို့လာပြီး အပူအပုပ်စင်တယ်။ ပြီးရင် ဆယ်မိနစ်လောက် ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ် ပါ။ ခေါင်း၊ ခါး၊ လက်၊ ခြေ၊ အရင်က ရေဒီယိုမှာ လာတဲ့ လေ့ ကျင့်ခန်းမျိုးပေါ့။ ကိုယ်လုပ်တတ် သလောက်သာ လုပ်ပါ။ အကြော တွေလျော့ပြီး သွေးပူကာ သွေး လည်ပတ်မှု ကောင်းလာပါလိမ့် မယ်။ ပြီးရင် ရေအဝသောက်၊ အိမ် သာတက်၊ ရေချိုး။ လန်းဆန်းသွား တဲ့အချိန်မှာ ကိုယ်ယုံကြည်ရာ ဘာသာအလိုက် ဘုရားရှိခိုး၊ လှိုက် လှိုက်လှဲလှဲ မေတ္တာပို့ ဆုတောင်း၊ တရားထိုင်၊ အသက်ရှူတာထုတ် တာမှတ်၊ စိတ်ငြိမ်းချမ်းမှုအတွက် ဆယ်မိနစ်လောက်ထပ်ပြီး အချိန် ပေးလိုက်ပါ။ ဦးနှောက်လှိုင်းတွေ ကြည်လင်ပြီး လောကကို၊ ဘဝကို အကောင်းမြင်နိုင်တဲ့ စိတ်ကလေး ကို ထူထောင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ပြီးတော့မှ နံနက် စောစာကလေး စားတာပေါ့။

မနက်ပိုင်းမှာ ဒီလို ပြင်ဆင် ပြီးသွားရင် တစ်နေ့တာ ရုန်းကန် ရင်ဆိုင်ရမယ့် ရုပ်ပိုင်းဆိုင်ရာ အ ခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိ အားတွေကို တိုက်ပွဲဝင်နိုင်ဖို့ လက် နက်အသင့် ခဲယမ်းအသင့် ဖြစ် သွားပြီလို့ ဆိုနိုင်ပါတယ်။ ‘ပျော်ရွှင်ကျန်းမာ တစ်နေ့ တာ’ကိုပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံ တကာက ရေးသား အကြံပြုထား ချက်တွေနဲ့ ကိုယ့်နိုင်ငံ အနေအ ထားကို ပေါင်းစပ်ပြီး အခြေအနေ ပေးရင် ဆက်ပြီး ရေးသား တင်ပြ ချင်ပါသေးတယ်။ ကုန်ကျစရိတ် နည်းနည်း၊ သက်သောင့်သက်သာ နဲ့ တစ်ကိုယ်ရေ ကျန်းမာ ပျော်ရွှင် အောင်လိုက်နာသင့်တဲ့ နည်းကလေး တွေ ဖြစ်ရမှာပါ။ ဆင်းရဲပေမယ့် လည်း ကျန်းမာအောင် နေတတ် ရင် ရနိုင်ပါတယ်။ အရေးကြီးတာ ကတော့ ‘တကယ်ဖြစ်ချင် တကယ် လုပ်ဖို့’ပါပဲ။ တစ်ယောက်ချင်း ကျန်းမာလာရင် တစ်နိုင်ငံလုံးကျန်း မာဖို့ မခက်ပါဘူး။ တစ်နေ့တာ ပျော်ရွှင်အောင် နေ့တိုင်း လုပ်နိုင် လာပြီဆိုရင် တစ်ဘဝလုံး ပျော်နိုင် လာပါလိမ့်မယ်။ မိုင်တစ်ထောင် ခရီးအတွက် ပထမဆုံး ခြေလှမ်းက လေးကပဲ စပြီး လှမ်းကြပါစို့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*