ဆရာမကြီး ဝင်ဒီလောရုံ နှင့် တွေ့ဆုံခြင်း

ဆရာမကြီး ဝင်ဒီလောရုံ နှင့် တွေ့ဆုံခြင်း
February 9, 2017 Asian Fame

3:37 pm
ဆရာမကြီး ဝင်ဒီလောရုံ နှင့် တွေ့ဆုံခြင်း

16521781_1866738886894700_88290765_n copy

အိမ်စည်စိုးစံ မေးမြန်းသည်။

မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး နိုင်ငံတကာစာပေလောကတွင် ထင်ရှားသည့် ဆရာမကြီးဝင်ဒီ လောရုံသည် ပြီးခဲ့သည့်လအတွင်း က သူမ၏စာအုပ်ဖြစ်သည့် ‘ဝမ်တိန် အသွားလမ်း’ စာအုပ်ကို မြန်မာ ဘာသာပြန်အဖြစ် ထုတ်ဝေသည့် အနေဖြင့် မိတ်ဆက်ပွဲအခမ်းအနား   နှင့် စာပေမိတ်ဆွေများနှင့် ပြုလုပ် သည့် စာပေစကားဝိုင်းအတွက် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။ ဆရာမကြီးဝင်ဒီလောရုံနှင့်တွေ့ ဆုံခိုက် စာပေဆိုင်ရာအကြောင်း အရာအများနှင့် မြန်မာပြည်ကို ရောက်ရှိသည့်ခံစားချက်များကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။

►နှစ်ပေါင်းများစွာကြာမှ မြန်မာ ပြည်ကို ရောက်ခဲ့တာဆိုတော့ ဒီကို ရောက်တဲ့အခါဖြစ်ပေါ်တဲ့   စိတ်ခံစားချက်ကိုလည်း သိချင် ပါတယ်ရှင်။

မြန်မာပြည်လာတော့ စိတ် ပျက်စရာတွေလည်း အများကြီး တွေ့တယ်။ ကောင်းတာတွေလည်း အများကြီးတွေ့တယ်။ ရေခွက် တစ်ခွက်က တစ်ဝက်ပြည့်နေတာ လား တစ်ဝက်လိုနေတာလားပေါ့။ တော်တော်လေး စိတ်မကောင်း စရာတွေလည်း အများကြီး ရှိသေး  တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီး ကတည်းက လူတွေကမျှော်လင့် တာ ချက်ချင်းအားလုံးကောင်း သွားမယ်ဆိုပြီး မဖြစ်နိုင်ဘူးလို့ အဲဒီက တည်း ကျွန်မသိတယ်။ အခု တွေ့တော့ ကျွန်မတွေးတာ မှန်တယ်ပေါ့။

►ဆရာမရေးတဲ့ စာအုပ်တွေက မြန်မာ ဘာသာပြန်အနေနဲ့လည်း ထွက်နေတယ်ဆိုတော့ ဆရာမ ကိုယ်တိုင်ရော စာအုပ်ေ တွရေးတဲ့ အခါ မြန်မာလို ကိုယ်တိုင်ရေးဖို့ ရော စိတ်ကူးရှိမလား။

မြန်မာလိုရေးတော့ ရေးချင် တာပေါ့။ ဒါပေမယ့် ကျွန်မနေတာ က အများအားဖြင့် နိုင်ငံခြား မှာပဲနေခဲ့တယ်။ အားထုတ်ခဲ့ရ တာက အင်္ဂလိပ်လိုရေးတာပါ။ အဲဒီလိုလုပ်ခဲ့ရတယ်။ မြန်မာလိုက တော့ ရေးဖို့ဖြစ်နိုင်မလားမသိဘူး။ ကျွန်မလည်း မြန်မာဘာသာ ကိုသိပ်ြ ပီးတော့ လေးစားတယ်။ သိပ်ပြီးတော့ ခက်တဲ့ဘာသာပါ။ အဲဒီတော့ ကျွန်မစိုးရိမ်တယ်။ မြန်မာလိုရေးလိုက်ရင် အဆင့် အတန်းက ဘယ်လိုဖြစ်မလဲဆိုပြီး စိုးရိမ်တယ်။ ရေးတော့ရေးချင် ပါတယ်။

►ဆရာမအနေနဲ့ နှစ်ပေါင်းများ စွာကြာမှ မြန်မာပြည်ကိုရောက်တာ ဆိုတော့ ဒီကပြန်သွားရင် မြန်မာ ပြည်မှာ ကြုံတွေ့ခဲ့ရ တာတွေကို စာပြန်ရေးဖို့ရှိမလား ဆရာမ။

အိမ်ပြန်သွားပြီဆိုရင် တစ်လ လောက်ဒီကအဖြစ်အပျက်တွေ ဆွေးနွေးမှုတွေ၊ တွေ့ဆုံခဲ့ တဲ့သူ တွေကိုမေးကြတဲ့ မေးခွန်းတွေ ကို မေ့ဖို့ဆိုတာ တော်တော်လေး ကြာ မယ်။ ဒီအချိန်ကလည်း မြန်မာ ပြည်မှာသိပ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အချိန် အများကြီးဖြစ် နေ တယ်။ အများကြီးလည်း   ပြောင်းလဲနေတယ်။ အများကြီး လည်း မပြောင်းဘူး။ မြန်မာပြည်က စာဖတ်ပရိသတ်တွေက အခုလို  ကျွန်မကို လက်ခံတာက သိပ်ပြီး တော့ ဆုအမြင့်ဆုံးလို့ ထင်နေမိ တယ်။ သိပ်ဝမ်းသာတယ်။ သိပ် ကိုလည်းကျေးဇူးတင်တယ်။ ကိုယ့် တိုင်းပြည်က လူတွေက ကိုယ်ရေး တဲ့ဟာကို အားပေးတာဆိုတော့ ရေးတုန်းကတော့ ဒီလိုဖတ်လိမ့် မယ်လို့ မမျှော်လင့်ထားဘူး။ အခု ဖြစ်လာတော့ အိပ်မက်လိုပါပဲ။အိမ်ပြန်ရောက်သွားရင် တစ်လ လောက်ပြန်ပြီး စဉ်စားဖြစ်မယ်ထင်တယ်။ ဒီကအတွေ့အကြုံတွေကို စာပြန်ရေးဖို့တော့ ရှိပါတယ်။

►ဆရာမကြီးအနေနဲ့ ဒီနိုင်ငံက လူ ငယ်တွေကို ပြောချင်တဲ့စကားရှိ ရင်လည်း ပြောပေးပါဦး။

လူငယ်တွေကို ပြောချင်တာ ကတော့ သူတို့တွေအနေနဲ့ ဒီပြင် နိုင်ငံ တွေမှာလည်း ဘာတွေ ရေး နေတယ် ဆိုတာကိုလည်း ဖတ်ရပါ မယ်။ သူတို့ဖတ်တာ စာအုပ်တွေ မဟုတ်တော့ဘူးဆိုတာ သိပါ တယ်။ ဒါပေမယ့် ကိစ္စမရှိဘူး ဖတ်ရင်ပြီးရော။ ဖေ့စ်ဘွတ်ခ် ပေါ် မှာ ပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာမှာပဲ ဖြစ်ဖြစ်ဖတ်ရင်ပြီးရော။ အဲဒါ အရေးအကြီးဆုံးပါ။ စာရေးတဲ့ အခါမှာ ကိုယ်သိတဲ့အကြောင်း အရာတွေတင် မကဘဲ ကိုယ်တစ် ယောက်တည်းသိတဲ့ အကြောင်း အရာကိုလည်း ရေးပါလို့ပြောချင် တယ်။

►ဆရာမအနေနဲ့ မြင်လိုတဲ့ မြန်မာ ပြည်၊ ဖြစ်စေချင်တဲ့ မြန်မာပြည် အခြေအနေကရော ဘာဖြစ်မလဲ ဆိုတာကိုလည်း သိချင် ပါတယ်ရှင်။

လိုချင်တာကတော့ လျှပ်စစ် ကောင်းစေချင်တယ်။ နောက်ပြီး သန့်ရှင်းမှုပေါ့။ ဘာဖြစ်လို့လဲဆို တော့ ကျန်းမာရေးနဲ့လည်း ဆိုင် တယ်လေ။ ကျွန်မ တွေ့တာက သိပ်ပြီးတော့ စိတ်မကောင်းဖြစ် သွားတယ်။ လူတွေက အများကြီး သွားလာနေကြတာရှိတယ်။ ပြောင်း လဲစေချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*