ပျက်စီးနေသော ပလိပ်မြို့ရှိ သမိုင်းဝင် လိပ်ခုံး ဇာတ်ရုံ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ မျှော်လင့်

ပျက်စီးနေသော ပလိပ်မြို့ရှိ သမိုင်းဝင် လိပ်ခုံး ဇာတ်ရုံ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ မျှော်လင့်
February 8, 2017 Asian Fame

1:58 pm
ပျက်စီးနေသော ပလိပ်မြို့ရှိ သမိုင်းဝင် လိပ်ခုံး ဇာတ်ရုံ ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ မျှော်လင့်

Plate(မန္တလေး၊ ဖေဖော်ဝါရီ ၇)

ပလိပ်မြို့ ဈေးဟောင်း ရပ်ကွက် ရှိ သမိုင်းဝင် လိပ်ခုံး ဇာတ်ရုံသည် ယခုအခါ ပျက်စီး ယိုယွင်းနေသဖြင့် အစိုးရ အကူ အညီဖြင့် ပြန်လည်ပြု ပြင်ပေးရန်  မျှော်လင့်နေကြကြောင်း ဒေသခံ များက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ ဈေးဟောင်း ရပ်ကွက် အတွင်းရှိ အဆိုပါ ဇာတ်ရုံကြီး သည် ရှေး အခါက မြန်မာ့ဇာတ်သဘင် လောကသားများ ဇာတ်တိုက်ခြင်း၊ နားနေခြင်းများ ပြုလုပ်ခဲ့ဖူးသည့် ဇာတ်ပေါင်းစုံ နားခိုရာ သမိုင်းဝင် ဇာတ်ရုံကြီး တစ်ခု ဖြစ်ပြီး ခေတ်အ ဆက်ဆက် ပြုပြင် ထိန်းသိမ်းခြင်း မရှိခဲ့သဖြင့် ပျက်စီး ပျောက်ကွယ် လုနီးပါး အခြေ အနေ ဖြစ်နေသည်။

အဆိုပါ လိပ်ခုံး ဇာတ်ရုံနှင့် ပတ် သက်၍ ဒေသခံ ဦးသက်နောင်က ”ကျွန်တော်တို့ ငယ်ငယ်တုန်း က တော့ ဒီလိပ်ခုံး ဇာတ်ရုံကြီးက အ ကြီးဆုံးလို့ ပြောလို့ရတယ်။ လိပ်ကြီး တစ်ကောင် ကွင်းကြီးထဲ ရှိနေ သလို တည်ဆောက် ထားတာမို့လို့ လိပ်ခုံး ဇာတ်ရုံ လို့ ခေါ် ခဲ့ကြတာပါ။ အခုတော့မြင်တဲ့ အတိုင်းပဲ၊ ပျက်စီး ယိုယွင်းနေပါပြီ” ဟု ပြာသည်။

၁၉၇၈- ၁၉၇၉ ခုနှစ် ပလိပ် ချည်မျှင် အထည်စက်ရုံအား စက်မှု ၁ ဝန်ကြီး ဌာနမှ သိမ်းယူသွားပြီး နောက်ပိုင်း ဒေသ ဖွံ့ဖြိုးရေးများ လုပ်ပေးခဲ့သော်လည်း အဆိုပါ လိပ် ခုံးဇာတ်ရုံ မပါဝင်ကြောင်း ဒေသခံ များ ပြောစကား အရ သိရသည်။

”လမ်းစဉ်ပါတီ ခေတ်က ပါတီ ပွဲတွေကို ဒီဇာတ်ရုံမှာ ပထမအ ကြိမ် ကနေ စတုတ္ထအကြိမ်ထိ ကျင်းပ ခဲ့ဖူးတယ်။ ပလိပ်မြို့ ဆိုတာက အ မှန်တော့တော မြို့ကလေးပါ၊ အစိုးရ ချည်မျှင် စက်ရုံ အလုပ်သမားတွေ ကို လာကပြတဲ့ ဇာတ်အဖွဲ့တွေ လည်း ဒီဇာတ်ရုံမှာပဲ နားကြ ခိုကြ ဇာတ်တိုက်ကြပေါ့။ အခုတော့ ဘယ်ဇာတ်မှလည်း မလာတော့ပါ ဘူး။ ဒါပေမယ့် ပြန်ပြုပြင်ပြီး ထိန်း သိမ်းသင့်တယ်လို့ ပြောနေကြ တယ်” ဟုလည်း ၄င်းက ဆိုသည်။

ပြုပြင်ထိန်းသိမ်းမှု မရှိတော့ သည့် အဆိုပါသမိုင်းဝင် လိပ်ခုံး ဇာတ်ရုံအား ပြန်လည်ပြုပြင်ပြီး လို အပ်သည့်နေရာ အစားထိုး အသုံး ပြု ရန် ဒေသခံများက မျှော်လင့်နေ ကြကာ မြန်မာဇာတ်သဘင် များ၏နားခိုရာ၊ ဇာတ်တိုက်ရာ နေရာ တစ်ခု အဖြစ် အစိုးရက ပြန်လည် အသက်သွင်း ပေးစေလိုကြောင်း ဒေသခံ များက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*