သပိတ်စခန်းဖွင့် ဆန္ဒပြနေသော ပလိပ် ပန်ဒါ ချည်မျှင်စက်ရုံ အလုပ်သမား ခေါင်းဆောင် ၁၃ ဦးကို ကုမ္ပဏီ တရားစွဲ

သပိတ်စခန်းဖွင့် ဆန္ဒပြနေသော ပလိပ် ပန်ဒါ ချည်မျှင်စက်ရုံ အလုပ်သမား ခေါင်းဆောင် ၁၃ ဦးကို ကုမ္ပဏီ တရားစွဲ
February 8, 2017 Asian Fame

2:04 pm
သပိတ်စခန်းဖွင့် ဆန္ဒပြနေသော ပလိပ် ပန်ဒါ ချည်မျှင်စက်ရုံ အလုပ်သမား ခေါင်းဆောင် ၁၃ ဦးကို ကုမ္ပဏီ တရားစွဲ

Sint-Kaing(မန္တလေး၊ ဖေဖော်ဝါရီ ၆)

အလုပ်သမား အခွင့်အရေး အတွက် ၈ လကြာ သပိတ်စခန်း ဖွင့် တောင်းဆိုနေ ကြသည့် ပန်ဒါ ချည်မျှင် အထည်နှင့် အချောကိုင် စက်ရုံ (ပလိပ်) မှ အလုပ်သမား ၁၃ ဦးကို ပိတ်ဆို့မှုခြိမ်းခြောက်မှု ပုဒ်မများဖြင့် ကုမ္ပဏီဘက် က တရားစွဲ ထားကြောင်း သိရသည်။

”သပိတ်စခန်းက အီးစီ ၇ ယောက် နဲ့ ဦးဆောင်သူ ၆ ယောက်ကို တရားစွဲ ထားတာပါ။ ကျွန် တော် တို့ဘက်က ညှိနှိုင်း ဖြေရှင်း ဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ ဘယ်လိုမှ မရတော့လို့ သပိတ်ကို အရှိန်မြှင့်တဲ့ အနေနဲ့ ဂိတ် ၂ ကို ပိတ်ထားလိုက်တာပါ။ အဲဒီကိစ္စနဲ့ သူတို့က တရားစွဲတာပါ” ဟု သပိတ်မှောက် အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦး လှကိုက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့ နယ်မှ ပန်ဒါချည်မျှင် အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်) အလုပ် ရှင် အလုပ် သမား ပြဿနာသည် ၈ လကျော်သည် အထိ ပြေလည်မှု မရရှိသေးသည့် အတွက် ဇန်နဝါရီ လတွင် သပိတ်မှောက်အလုပ် သမား အင်အား သုံးရာကျော် မန္တလေးမြို့ အထိ လာရောက် ဆန္ဒ ဖော်ထုတ်ခဲ့ ကြသလို အလုပ်သမား ခေါင်းဆောင်များ ဘက်ကလည်း တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် နည်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။

”ကျွန်တော်တို့ ဂိတ်ပေါက် ပိတ်တယ် ဆိုတာ ဟုတ်ပါတယ်။ မနှစ်ကလည်း ဒီနေရာက သပိတ်စခန်းပါ။ စက်ရုံအတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အနှောင့်အယှက် မဖြစ်အောင် လမ်းပေါက် ပေးထားပါတယ်။ ခြိမ်းခြောက်တယ်၊ ဆဲဆိုတယ် ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သပိတ်စခန်းဟာ ဖြေရှင်းညှိ နှိုင်းပေးမှု အားနည်း တာကြောင့် ပြဿနာပိုကြီးနေပါပြီ” ဟုလည်း ၄င်းကဆိုသည်။

သပိတ်မှောက် အလုပ်သမား ၁၃ ဦး တရားစွဲ ခံရခြင်းနှင့် ပတ်သက်၍ စက်ရုံ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က အလုပ်သမားများ၏ အခွင့်အရေးတောင်း ဆိုသည်ကို အပြစ် မပြောလိုကြောင်း၊ သပိတ်မှောက် အလုပ် သမားများမှ ဂိတ် (၂) အား ပိတ်လိုက်သည့် အတွက် အလုပ် ဝင်နေ သည့်အလုပ်သမားများ အခက် အခဲ ဖြစ်ကြရကြောင်း၊ အလုပ် ဝင်ချိန် စောင်းမြောင်းပြော ဆိုသည်များ ရှိကြောင်း ၊  ထို့ အတွက်ကြောင့် တရားစွဲခြင်းဖြစ် ကြောင်း တုံ့ပြန်ပြောကြားသည်။

ပန်ဒါချည်မျှင် အထည်နှင့် အချောကိုင် စက်ရုံ (ပလိပ်) အလုပ် သမား သပိတ်စခန်းကို ယမန်နှစ် ဇွန်လမှ စတင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး သပိတ်မှောက်အလုပ် သမားများ၏ တောင်းဆိုချက် များမှာ ၈ လကျော် ကြာသည်အထိ ပြေလည်မှု မရရှိသေးကြောင်း သိ ရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*