သေနတ်သမားကို ကူညီဖမ်းဆီးရင်း ကွယ်လွန်ခဲ့သည့် ကိုနေဝင်း၏ ဈာပနသို့ လူထောင်ချီလာရောက်ပို့ဆောင်

သေနတ်သမားကို ကူညီဖမ်းဆီးရင်း ကွယ်လွန်ခဲ့သည့် ကိုနေဝင်း၏ ဈာပနသို့ လူထောင်ချီလာရောက်ပို့ဆောင်
February 1, 2017 Asian Fame

11:04 am
သေနတ်သမားကို ကူညီဖမ်းဆီးရင်း ကွယ်လွန်ခဲ့သည့် ကိုနေဝင်း၏ ဈာပနသို့ လူထောင်ချီလာရောက်ပို့ဆောင်

IMG_3916 copy

ဝေရှိုင်းကျော်
ရန်ကုန်၊ ဇန်နဝါရီ ၃၁

ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၁နာရီခွဲ တွင်သင်္ဂြိုဟ်ခဲ့သည့် ကိုနေဝင်း၏ဈာပနသို့ ရဟန်းသံဃာတော်များအပါအဝင် လူ ထောင်နှင့်ချီ ၍ လာရောက်ပို့ဆောင်ခဲ့ကြ ကြောင်းသိရသည်။ ရေဝေးသုသာန်တွင် ပြုလုပ်သည့် ကိုနေဝင်းဈာပနသို့  NLD နာယကဦးတင်ဦးလည်း လာရောက်ခဲ့ပြီး အဖွဲ့အစည်းပေါင်းများစွာမှလည်း ဝမ်း နည်းကြောင်း ပန်းခွေပန်းစည်းများပေးပို့ ခဲ့ကြသည်။

U Nay win zarpana copy

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  (NLD)  ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီ လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်တွင် တရားခံကို ကူညီဖမ်းဆီးပေးရင်း သေနတ် သမား၏ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့သူ ကိုနေဝင်း၏ ရုပ်ကလာပ်ကို   မြောက်ဥက္ကလာပ ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD)  ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်သမားတစ်ဦးက ၉-မမ ပစ္စတိုသေနတ်ဖြင့် နောက်မှနေ၍ အနီးကပ်ပစ် ခတ်လုပ်ကြံခဲ့ခြင်းကြောင့် ဦးကိုနီ မှာ သေဆုံးသွားခဲ့သည်။ ထို့နောက် သေနတ် သမားထွက်ပြေးရာတွင် ကိုနေဝင်းနှင့် လေဆိပ်ရှိ တက္ကစီမောင်းနှင်သူများက ဝိုင်း ဝန်းဖမ်းဆီးစဉ် သေနတ်သမား၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကိုနေဝင်းမှာ သေနတ် ထိမှန်ကာေ သဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုနေဝင်းသည် မင်္ဂလာဒုံ မြို့နယ်၊ ကြံခင်းစုရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၌အငှားယာဉ်မောင်းနှင်သူတစ်ဦး ဖြစ်ကာ သေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့် သားငယ်သုံးဦးတို့ ကျန်ရစ်ခဲ့ကြောင်းသိရ သည်။

ဓာတ်ပုံ – ကျော်ကျော် (AF)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*