မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး ပါတီတို့သာ စတင် မဲဆွယ်

မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး ပါတီတို့သာ စတင် မဲဆွယ်
February 1, 2017 Asian Fame

10:43 am
မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး ပါတီတို့သာ စတင် မဲဆွယ်

NLD copy

PNews

ရန်ကုန်၊ ဇန်နဝါရီ၃၁

၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ပြုသည့် နေ့တွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့်ကိုယ်စား လှယ်   လောင်းများထဲမှ NLD  နှင့် ပြည် ခိုင်ဖြိုးပါတီတို့မှ အချို့သာ စတင်မဲ ဆွယ်နေကြပြီး အများစုမှာ မဲဆွယ် မှု မပြုသေးသည်ကို
တွေ့ရသည်။

USDP copy

ကိုယ်စားလှယ်လောင်းများအ နေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်နေ့မှစပြီး မဲဆွယ်နိုင်ပြီဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာခဲ့သည်။

လစ်လပ်မဲဆန္ဒနယ် နေရာအား လုံးတွင် ယှဉ်ပြိုင်သွားမည့်ပြည်ခိုင် ဖြိုးပါတီမှ ရန်ကုန်တိုင်း  ပြည်ခိုင်ဖြိုး တာဝန်ခံဦးခင်မောင်စိုးက ”ကိုယ် စားလှယ်လောင်းတွေရဲ့ မဲဆွယ်မှု တွေ စတင်နေပါပြီ။ အားလုံးလိုလို လုပ်နေကြပါပြီ”ဟု ပြောသည်။

အလားတူ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ် စားလှယ်လောင်းအချို့သည်လည်း ၄င်းတို့ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ် တို့တွင် ကြေညာစာများကပ်ခြင်း၊ ကိုယ်စားလှယ်လောင်း မိတ်ဆက် ခြင်းတို့ ပြုလုပ်နေကြပြီ ဖြစ်သည်။

သို့သော် အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အချို့ကမူ ဇန်နဝါရီ ၃ဝ ရက်နေ့ တွင်မလုပ်နိုင်သေးဟု ပြောကြ သည်။

လစ်လပ်မဲဆန္ဒနယ် မုံရွာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးညွန့်အောင်က ”ကျွန် တော်တို့ကတော့ ဖေဖော်ဝါရီပထမ ပတ်ထဲ စလုပ်ပါ့မယ်။ နယ်တွေကို ချိတ်ရတယ်၊ လူတွေစုရသေးတယ် ဆိုတော့ နည်း နည်းလေးနောက်ကျ သွားတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ်ထဲမှ လစ်လပ်မဲ ဆန္ဒနယ် ၇ နေရာတွင် ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ဇန်နဝါရီ ၃ဝ ရက်နေ့က မဲဆွယ်မှုပြုနေသည် ကို  မတွေ့ခဲ့ရပေ။ ယင်းအပေါ် ထိုပါတီ ၏ ပြောခွင့်ရ ဦးစိုင်းညွန့်လွင်က

”ရှမ်းပြည်နယ်နေ့၊ ပြည်ထောင်စု နေ့ စတာတွေနဲ့ အလုပ်တွေ ရှုပ် နေလို့ပါ။ ဖေဖော်ဝါရီ ဒုတိယပတ် ထဲမှလုပ်နိုင်ပါ့မယ်”ဟု ပြော သည်။

ရန်ကုန်တိုင်းအတွင်း လစ်လပ် နေသည့် မဲဆန္ဒနယ်များထဲမှ ၄ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ၄င်းတို့ပါတီသည် ငွေ ရေးကြေးရေးနှင့် လူထုထောက်ခံမှု အပိုင်း စသည်တို့၌ အခြေအနေ အားနည်းနေ၍ မဲစတင် မဆွယ်နိုင် သေးဟု ပြောသည်။

”အင်အားကြီး ပါတီတွေက တော့ လုပ်နိုင်တာပေါ့ဗျာ”ဟု ဦးသု ဝေက ပြောသည်။

ယခုလာမည့် ကြားဖြတ်ရွေး ကောက်ပွဲသည် မဲဆန္ဒနယ် ၁၉ နေရာတွင် ပြုလုပ်မည်ဖြစ်ပြီး၊ ကျင်းပမည့် နေရာတို့မှာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူး တိုင်း၊ ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမည့်ကြားဖြတ် ရွေးကောက်ပွဲအတွက် လစ်လပ်မဲ ဆန္ဒနယ်များရှိ ရပ်ကွက်နှင့် ကျေး ရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခြေခံမဲစာရင်းများ ကပ်ထားမည် ဖြစ်ပြီး တစ်အိမ်လျှင်တစ်ယောက် နှုန်းဖြင့် မပျက်မကွက် မဲစာရင်း လာရောက်ကြည့်ရှုရန် မေတ္တာ ရပ်ခံနေသည်။

ကော်မရှင်က အခြေခံမဲစာ ရင်းကို ၁၄ ရက်တိုင် ကပ်ထားမည် ဖြစ်ပြီး၊ မဲစာရင်းများလာရောက် ကြည့်ရှု၍ မိမိအမည်မပါပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့် သွင်း၍ရကြောင်းနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင် သည့်အ ပြင် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကလည်း ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင် ကြောင်း ကြေညာ ထား သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*