အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအတိုင်ပင်ခံ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှု့အပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအတိုင်ပင်ခံ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှု့အပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်များ
January 30, 2017 Asian Fame

2:27 pm
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအတိုင်ပင်ခံ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှု့အပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက်များ

ko hla moe copy

ဒေါက်တာလှမိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အောင်မြေသာဇံမဲဆန္ဒနယ်)

ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအတိုင်ပင်ခံ ဆရာဦးကိုနီ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ကျွန်တော်တို့ သိပါတယ် ။ဘာကြောင့်သတ်ဖြတ်ခံရတယ် ဘာကြောင့်ဒီလိုလုပ်တာတွေကိုတော့ မသိသေးပါဘူး ။

နောက်ကွယ်မှာ ဘယ်သူတွေပါတယ် ဘယ်သူတွေမပါဘူး ဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး ။အဲ့ဒီအတွက ဆရာဦးကိုနီ ဒီလို လုပ်ကြံ သတ်ဖြတ်ခံရလို့ ကျွန်တော်တို့ အထူးဝမ်းနည်းတယ် ဒုတိယအချက် လူသားတစ်ယောက်အနေနဲ့ ဒီလိုမျိုးလုပ်ကြံ သတ်ဖြတ်မှု့ အပေါ် ရှုံ့ချတယ် ။အဲ့ဒီလုပ်ကြံမှု့က ဘာကြောင့်ဖြစ်တယ် ။ ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတာတော့ အစိုးရရဲ့ စုံစမ်းမှု့ တွေပေါ်လာတော့မှ ပြောကြဆိုကြတာကတော့ အကောင်းဆုံးပေါ့ ။ဘာကြောင့်လဲဆိုတော့ နေရာအသီးသီးက လူတွေရဲ့ ထင်မြင် ယူဆချက်တွေဟာ မှန်ကန်တာလည်းဖြစ်နိုင်သလို မမှန်ကန်တာလည်း ဖြစ်နိုင်တယ် ။အစိုးရရဲ့ စုံစမ်းဖော်ထုတ် မှု့သာလျှင် အတည်ဖြစ်နိုင်တယ် ။

may win myint copy copy

ဒေါက်တာဒေါ်မေ၀င်းမြင့် ( မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အန်တီလည်း ဒီဖြစ်စဉ်ပေါ်မှာ အရမ်းအံ့သြတယ် ။ဒီလိုမျိုးလည်း မထင်ထားဘူး ။နောက်ပြီး ဒါက လူမြင်ကွင်းကြီးမှာဖြစ်တာလေ ။ ညဘက်ကြီးခိုးကြောင်ခိုးဝှက်လုပ်တာမဟုတ်ဘူး ။ဒီလိုမျိုးလုပ်တာက သတ်သတ်ကို ငါတို့လုပ်ရင်ဖြစ်တယ်ဆိုတာကိုပြလိုက်တာပဲ ။လုပ်တဲ့လူက ပြလိုက်တာပဲ ။အန်တီတို့လည်း သတိထားရတော့မှာပေါ့ ။ အန်တီတော်တော်စိတ်မကောင်းဖြစ်မိတယ် ။ဒီမိုကရေစီ အတွက်ရော ပါတီအတွက်ရောကြိုးကြိုးစားစားလုပ်ဆောင်ခဲ့တာကို အန်တီတစ်ခုစိတ်ပူတာကတော့ အန်တီတို့ခေါင်းဆောင်တွေ

အတွက် စိတ်ပူမိတယ် ။

အန်တီတို့ခေါင်းဆောင်တင်မှ မဟုတ်ပါဘူး ။တခြား ဒီမိုကရေစီလုပ်တဲ့ ခေါင်းဆောင်တွေအတွက်လည်း စိတ်ပူမိပါတယ်။အန်တီ တို့နိုင်ငံမှာ ဒီမိုကရေစီအကူးအပြောင်းကာလမှာ ဒီဖြစ်စဉ်ကြောင့် ဒီဖြစ်စဉ်ကြောင့် အန်တီတို့ကအဟန့်အထားမဖြစ်စေချင်ဘူး ။နောက်ပြီးတော့ တခြားဆက်နွယ်တဲ့ ကိစ္စတွေမဖြစ်လာစေချင်ဘူး ။အခုချိန်မှာတော့အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အန်တီတို့ အဖွဲ့ဝင်တွေရော ပြည်သူတွေရော တည်တည်ငြိမ်ငြိမ်နဲ့နေကြပါလို့ပြောချင်ပါတယ် ။ပါတီကလည်း ကြေငြာချက်ထုတ်ထားပါတယ်။

thandar copy copy

ဒေါ်သန္တာ (အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာတွေ အများကြီးဖြစ်နေတာပေါ့ ။မြို့လယ်ခေါင်မှာ နောက်ပြီးတော့လူတွေအများကြီး သွားနေ တဲ့အချိန်မှာပေါ့ ။နောက်တစ်ခုက နိုင်ငံတကာ ထွက်ပေါက်ဖြစ်နေတယ် ။ဒါဟာကျွန်မတို့ နိုင်ငံရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်ပါတယ် ။တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ ပြည်တွင်းက ပြဿနာပဲ ။သို့သော် နိုင်ငံတကာAirpotမှာဖြစ်တာကတော့ ကျွန်မတို့ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တယ် ။အဲ့ဒီအတွက် ပထမဆုံး ဆရာဦးကိုနီဥပဒေမဲ့အလုပ်ခံရလို့ စိတ်မကောင်းဘူး နောက်တချက်က ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့တာဝန်မကျေဘူးလို့ ခံစားရတယ် ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ တာဝန်က အများကြီးရှိတဲ့ အထဲမှာဥပဒေပြုရေးရယ် စောင့်ကြည့်ထိန်းကျောင်းရေးရယ် ။ကျွန်မတို့က စောင့်ကြည့်ထိန်းကျောင်းရမယ်တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်လုပ်နိုင်လဲဆိုတာ ကျွန်မတို့ စောင့်ကြည့်ထိန်းကျောင်းတဲ့ တာဝန်လိုသေးတယ်လို့ကျွန်မတို့ ခံစားရတယ် ။ကျွန်မတို့တ ရားဥပဒေစိုးမိုးမှု့ရှိအောင် လွှတ်တော်ထဲမှာ မေးခွန်းမေးခြင်း အဆိုတင်သွင်းခြင်းတွေ လုပ်ဆောင်သွားမှာပါ ။

u ag kyi nyunt copy copy

ဦးအောင်ကြည်ညွှန့် ( မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

အလွန်ဝမ်းနည်းစရာကောင်းပြီးတော့ အလွန်တုန်လှုပ်ခြောက်ခြားစရာကိစ္စကြီးတစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ ပဲ ခံစားရတယ် ။ဒါပကတိ အခြေအနေ ဒီနေရာမှာ တကယ်တမ်းကျတော့ ရိုးရိုးအဆင့်အနေနဲ့ပြောရင် နံပါတ် ၁က ဦးကိုနီဆိုတဲ့လူတစ်ယောက်ထက် သာမန် အားဖြင့် မြန်မာနိုင်ငံမှာရှိနေတဲ့ လူတစ်ယောက် မြန်မာနိုင်ငံသားတစ်ယောက် သူတင်မကဘူး ဦးနေ၀င်းလည်းပါတယ် ။ဆုံးရှုံးသွား တဲ့အထဲမှာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ် သာမန်အားဖြင့်နိုင်ငံသားတွေ ဆုံးရှုံးခဲ့ရတယ် လုံခြုံမှု့အခြေအနေတွေကို ထိခိုက် လာပြီးတော့ ဒီလိုနည်းနဲ့ အသက်တွေကိုဆုံးရှုံးလိုက်ရတယ် ။ထိခိုက်ဒဏ်ရာရတယ် ။ဘ၀တွေကို ပေးဆပ်လိုက်ရတယ် ဆိုတာကေ တာ့အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ဖြစ်စဉ် ဒါက ယေဘုယျပေါ့ ။ေ နာက်တစ်ဦးချင်းတစ်ဦးချင်း ပြောမယ် ဆိုရင်နောက် ဦးကိုနီဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုမှုတွေမှာ တက်တက်ကြွကြွပါဝင်တယ် ။သူရဲ့ရပ်တည်ချက်အနေအထားမျိုးမှာဆို ရင် ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ဥပဒေပညာရပ်တွေမှာ နိုင်ငံအတွက်သူပါဝင်သင့်တဲ့ ပါဝင်ထိုက်တဲ့နေရာမျိုးမှာ ပူးပေါင်းဆောင် ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ အင်မတန်မှနှမြောစရာကောင်းတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို လူမြင်ကွင်းမှာ လုပ်ကြံတာဟာ မြန် မာနိုင်ငံမှာ အင်မတန်မှ ဖြစ်ပွားဖို့ ခက်တဲ့ကိစ္စမျိုးပါ ။အင်မတန်ဝမ်းနည်းဖို့လည်းကောင်း ဒါအပြင် နိုင်ငံရဲ့ လုံခြုံရေးဟာ ဒီအတိုင်းဆိုရင် အင်မတန်မှစိုးရိမ်စရာကောင်းလာပါပြီ ။ဒီလိုမျိုးက ဖြစ်ရိုးဖြစ်စဉ်မရှိတဲ့ အတွက် ကြောင့် ခက်ပေါ့ပေါ့ နေလို့ မဖြစ်တော့ ဘူးဘာလို့လဲ ဆိုတော့ နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလုံခြုံရေးကိုလည်း မျက်ရိပ်ပြလိုက်သလိုဖြစ်သွားပြီဂရုစိုက်ကြရတော့မယ့် အနေအထားမျိုးလို့လည်း ပြောချင်ပါတယ်။ တကယ်စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ရောနိုင်ငံခေါင်းဆောင်တွေ အနေနဲ့ရော   နောက်နိုင်ငံတော်အနေနဲ့ ဒါမျိုးနောက်မဖြစ်အောင်လုပ်ကြရတော့မယ် ဖြစ်မလာဘူးလို့မပြောနိုင်တော့ဘူး သတိထားဆောင် ရွက်ကြရတော့မယ် ။ပေးဆပ်လိုက်ရတဲ့ ကာယကံရှင် မိသားစုဝင်တွေနောက်နိုင်ငံတော်ပါ အများကြီးထိခိုက်နစ်နာသွားတယ် ဒီလောက်ပါပဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*