သေရေးထက် နေရေးခက်သည့် ရန်ကုန်

သေရေးထက် နေရေးခက်သည့် ရန်ကုန်
January 26, 2017 Asian Fame

12:31 pm
သေရေးထက် နေရေးခက်သည့် ရန်ကုန်

Bo-Nyein-Thar-Articleလူတိုင်းလိုလိုက ”သေရင် အေး တာပဲ” ဟု နောက်သလိုလို ပြောင် သလိုလို နှင့် လက်လွတ် စပယ် ပြောလေ့ရှိကြသည်။ သေလျှင် မအေးဘဲ ယခုဘဝထက် ပူစရာ များတွေ့နေလျှင် မည်သို့ ရင်ဆိုင် ကြမည်နည်း။ နောင် ဘာဖြစ်မည် ကို အသာထား။ လက်ရှိဘဝမှာ ပင် မိမိတို့သည် စား၊ ဝတ်၊ နေ ရေးအတွက် မည်မျှ ရုန်းကန်လှုပ် ရှားကြရသည်ကို စာဖွဲ့၍ပြောပြ ရန်မလိုချေ။ ရန်ကုန်တွင် နေရ လျှင် ယခင်က သေရေး အတွက်ပါ ထည့်တွက် ခဲ့ကြရသည်။ အကယ် ၍ ညကြီးမင်းကြီး အချိန်မတော် တစ်ယောက် ယောက် သေဆုံးလျှင် အိမ်ခန်းက ကျဉ်းကျဉ်းနှင့် အခက်ပဲ ဟု ပေါက်ပေါက် ရှာရှာတွေးကာ စိတ်ပူမိသေး၏။ ယခုမူ စိတ်ချသွား ရပြီ။ ကျော်သူတို့၏ နာရေးအသင်း လို အဖွဲ့အစည်းမျိုး များ ရှိလာ၍ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေသည်။ တစ်ခု အဆင်ပြေပြန်၍ အားလုံး အဆင် ချောပြီဟု မဆို နိုင်ပြန်ချေ။
လူ့ဘဝ ဆိုသည်မှာ ဒုက္ခဖြစ် ကြောင်း အမှန်ဖြစ်သည်ကို သရုပ် ဖော်ပြနေသလို။ သေရေးထက် နေရေးခက်သည့် ရန်ကုန်ဟုပြော နေကြခြင်းကား သာမန်ပြောရိုး ပြောစဉ် ပြောကြသည် မဟုတ်။ ထိုသူများကား အမှန်တကယ် အခက်အခဲ တွေ့နေကြသော ရန် ကုန်သားဟု ဆိုကြသည့် ဆင်းရဲ သားငပါမွှား များပင် ဖြစ်ကြသည်။

ပြန်ကြည့်လျှင် ဤရန်ကုန် တွင် ရန်ကုန်သား စစ်စစ်ဟုပြောနိုင် သည့်သူ ဘယ်နှဦး ရှိမည်နည်း။ စာရေးနေသည့် မိမိတို့ကိုယ်တိုင် ရန်ကုန်သား စစ်စစ်မဟုတ်။ ရောင် စုံသူပုန်ခေတ်တွင် မိဘများနှင့်အတူ ရန်ကုန်သို့ ပြေးဝင်ခိုလှုံလာခြင်း ဖြစ်၏။ ယခုတော့ မိမိတို့ အတွက် ရန်ကုန်မှာ ဇာတိမြေလိုပင် ဖြစ် နေပြီ။ မိမိ၏ မိတ်ဆွေ သူငယ်ချင်း များသည်လည်း ယင်းသို့ပင်နယ်မှ ပြောင်းလာ သူများသည်။ ၁၉၈၇ ခုနှစ်က ‘ရန်ကုန်မြို့တော်တွင် သင့်တင့်သော လူဦးရေသာ နေ ထိုင်ကြရေး’ ဟူ၍ စီမံချက် ရေးခဲ့ ဖူးပါသည်။ သို့ရာတွင် အကောင် အထည် မပေါ်ခဲ့သဖြင့် နယ်မှ တက်လာကြသူများကို မထိန်းနိုင်ခဲ့ ချေ။ ယင်းမှ နောက်ဆက်တွဲ ပြဿနာများကို ရှင်းလိုက်ရှုပ်လိုက် နှင့် သံသရာ လည်နေပါသည်။ ထို သို့သောနယ်မှ လူများ အထိုင်ချ နေကြသော ရန်ကုန်သည်ပင် မိမိ တို့မျက်စိရှေ့မှာပင် ပြောင်းလဲသွား သည်ကို တွေ့နေရပါသည်။ ဟိုတုန်း ကမြို့တော် ရန်ကုန်တဲ့။ တိုင်းပြည် သူ့ကောင်စီ ဥက္ကဋ္ဌက မြို့တော်ဝန် အဖြစ် တာဝန် ယူခဲ့သည့် ရန်ကုန်။ ထို့နောက် မြို့တော်ဝန်ကို သီးသန့် ခန့်ထားပြီး စီမံ အုပ်ချုပ်ခဲ့သည့် ရန်ကုန်။ ယခုတော့ တပ်မတော် အစိုးရ အုပ်ချုပ်ရာမှ ပြည်သူလူထု က တင်မြှောက်သည့် အစိုးရက အသွင်ကူးပြောင်း အုပ်ချုပ်နေပြီ ဖြစ်သော စီးပွားရေး မြို့တော်။ နိုင်ငံတော်၏ မြို့တော် အဆင့်မှ တိုင်းဒေသကြီး၏ မြို့တော် အဆင့် သို့ တစ်ထစ် လျော့ကျသွားသော မြို့တော်။ စသဖြင့် လောကဓံလေ အမျိုးမျိုး အတိုက်အခတ် ခံခဲ့ရသဖြင့် ပုံစံအမျိုးမျိုး ပြောင်းခဲ့ပါသည်။

ရန်ကုန်တွင် ခေတ်များမည်မျှ ပြောင်းပြောင်း မပြောင်းလဲဘဲတွေ့ မြင်နေရသည်ကား နေရေး အခက် အခဲပင် ဖြစ်သည်။ ယင်းနေရေး အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် ကြံဆနေကြဆဲ။ မိမိ၏ တပည့်လေးတစ်ဦး လှိုင်သာ ယာတွင် စုပေါင်း အိမ်ငှားနေခဲ့ရဖူး သည်။ ကျောချ အိပ်ရန် သာရှိသော နေရာထိုင်ခင်း တစ်နေရာအတွက် လူတစ်ဦးလျှင် ကျပ်ငွေနှစ်သောင်း ပေးရသည်ဟုပြော၏။ အခြားနေ ရာ များတွင် ယခုထက်ပိုတောင်း သေးသည်တဲ့။ နေရေးနှင့် ဆက်စပ် နေသော သွားလာရေးကား ယခု ပင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီး ချုပ် ကိုယ်တိုင် ဦးဆောင်ကာ ပြုပြင် ပြောင်းလဲနေပြီ ဆိုတော့ နောင်တွင် ယခုထက် ပိုကောင်း သွားမည်ဟု မျှော်လင့်မိပါသည်။ ရန်ကုန်တွင် လူအများ နေထိုင်နိုင် ရန် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ စနေပြီဟုလည်း ပြောကြပါ သည်။ ရောင်းချသော ဈေးနှုန်း များမှာ ‘တစ်နေ့လုပ်မှ တစ်နေ့စား’ ရသော နေ့စားလရှင်း ဆင်းရဲသား များ မကပ်နိုင်သော နှုန်းထားများ ဖြစ်ကြပါသည်။ မိမိတို့ ဆင်းရဲသား များမဆိုထားနှင့် အရာရှိပင်စင်စား များပင် တော်တော် ချီတုံချတုံ စဉ်း စားရသည့် တိုက်ခန်းခများ ဖြစ်ပါ သည်။ လိမ္မာသော သားသမီးများ ရှိလာသဖြင့် ဂျပန်ပြည်လို နိုင်ငံ ခြားတွင် အလုပ် သွားလုပ်ကာ ငွေပြန်ပို့ပေးနိုင်ကြလျှင် မူ တော် သေးသည်ဟု ဆိုရမည်။ လစဉ်ပေး သွင်းနိုင်သည်ဟု ဆိုသော အဖိုးအခ ကလည်း မနည်း။ မည်သို့ပင်ဖြစ်စေ အရောင်းအဝယ် သမားများကမူ ခြေနိုင်လက်နိုင် ဖြစ်ကြပုံရသည်။ ဒီအတိုင်းငွေ အကျေပေးကြသူ များ ကြောင်း သတင်းကြားရသည်။

တကယ်တော့ ကန်ထရိုက် တိုက်များ ရန်ကုန်တွင် ပေါ်လာ သည်မှာ အလွန်အမင်း ကြာပြီဟု မဆိုနိုင်သေး။ မိမိတို့ ရန်ကုန် စည် ပင်တွင် ဝန်ထမ်းဖြစ်ခါစ ၁၉၈၅ ခုနှစ်လောက်တွင် ဖြစ်သည်။ ထို စဉ်၌ သုံးထပ်ဆောက်၍ အထပ်ခိုး အပါအဝင် ခြောက်ထပ်စာ လူနေ ကြသော တိုက်အိမ်များ ဆောက်ကြ ပါသည်။ ခွင့်ပြုမိန့်ပေးတော့ သုံး ထပ်။ တကယ်ဆောက်တော့ ခြောက်ထပ်။ ၄င်းတို့ကို အများက ‘ခိုအိမ်’ ဟု ပြောကြပါ၏။ အမှန် တော့ ရန်ကုန် စည်ပင်တွင် အဆောက်အအုံ နှင့်ပတ်သက်သော ဥပဒေ မရှိဟု မသိနားမလည်သူ များက ထင်ကြဟန် တူသည်။ ဥပဒေ မရှိ၍ မဟုတ်ပါ။ ၁၉၂၂ ဗခအ ဟုအလွယ်ခေါ်ကြသော မြူနီစီ ပါယ်ဥပဒေ ဆိုသည်မှာ ၁၉၂၂ ခု နှစ်ကတည်းက အထင်အရှား ရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း တာဝန်ခံနိုင်သော ဝန်ထမ်းအင် အားနည်းနေ ပါသေး၍ အခြေ အနေအရ ယင်းဥပဒေမှာ အာဏာ သက်ဝင်မှု အားနည်းခဲ့သည်။ ယင်းအနေ အထားမှာ ကန်ထရိုက် တိုက်ဆောက် လုပ်သည့်လုပ်ငန်း များ ပေါ်ပေါက်လာရန် အထောက် အကူပြု သကဲ့သို့ ဖြစ်သွားပါသည်။

ထို့ပြင် ထိုခေတ်က ရေပန်းစားသည့် မော်လမြိုင်မှောင်ခို လုပ်ငန်းမှာ လည်း အရှိန်ကျ စပြုနေပြီ။ ယင်း မှောင်ခို လုပ်ငန်းဖြင့် ရထားသော ငွေမည်းများကို ငွေဖြူဖြစ်အောင် ပြောင်းရာတွင် ဤအဆောက်အအုံ ကန်ထရိုက် လုပ်ငန်းမှာ ‘တိုင်းရက် သည့် ကမ္ဗလာ၊ မိုးရွာတာနှင့် အဆင်သင့်’ ဆိုသလို ဖြစ်သွား၏။ မော်လမြိုင် မှောင်ခို ရထားတွင် အဖမ်းအဆီး များလာ၍ ‘လုပ်ငန်း အကျ’၊ ရန်ကုန်တွင် ကန်ထရိုက် လုပ်ငန်း ပေါက်ကွဲထွက် မတတ်ဖြစ် လာကာ ‘လုပ်ငန်းအထ’ နှင့် အပ် ကျမပ်ကျ တိုက်ဆိုင် သွားသည်။
များသောအားဖြင့် ဤအဆောက် အအုံလုပ်ငန်းတွင် ငွေပုံအောကြ သည်။ ထိုအချိန်က တစ်ဆမြတ် သည့် အလုပ်မျိုးဖြစ်၍ ” ဒီအလုပ် လောက် အကျိုးပေးတာ ဒီအလုပ်ပဲ ရှိတယ်” ဟု ရေရွတ်နေကြတော့ သည်။ တစ်ခါတစ်ရံ တစ်ဖက်သား ၏ အားနည်းချက်မှာ အခြားသူများ အတွက် အားသာဖို့ ဖြစ်တတ်ပေ သည်။

ယင်းသို့ဖြင့် ခွင့်ပြုချက် မရှိ သော အဆောက်အအုံများ ရန်ကုန် နေရာ အနှံ့အပြားတွင် ပေါ်လာ သည်။ အရေးအခင်း အပြီး ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း၌ ပိုမိုဆိုးလာ သည်။ အထူးသဖြင့် အင်းစိန်နှင့် သင်္ဃန်းကျွန်းမြို့နယ် များတွင် ထိန်းရ ခက်လောက်အောင် ခွင့်ပြု ချက်မဲ့ အဆောက်အအုံ များ ပိုမို ပေါ်ပေါက်လာသည်။ အထက်ဆုံး အပိုင်းမှ မူဝါဒပိုင်း ဆိုင်ရာ ညွှန် ကြားချက်များလည်း မိုးသီးမိုး ပေါက်ပမာ မကြာမကြာ ကျလာ သည်။ ထိုစဉ် ကာလက မြေကြီး မြေပုံ ရာဇဝင်များ ထုတ်ယူရ သည်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အိုးအိမ်ဦးစီး ဌာနတွင်ဖြစ်သည်။ အဆောက် အအုံ ဆောက်လုပ် လိုသူသည် ယင်းဌာနတွင် ‘အဆောက်အအုံ ဆောက်လုပ်ရန်’ ဟူသည့်မှတ်ချက် ပါသော မြေကြီးမြေပုံရာဇဝင်ကိုထုတ်ပြီးလျှင် ရန်ကုန် စည်ပင်ကော်မတီ လက်အောက်ရှိ အင်ဂျင် နီယာဌာန (အဆောက်အအုံ) သို့ မိမိ ရေးဆွဲထားသော အဆောက် အအုံပုံစံ နှင့်တကွ တင်ပြလျှောက် ထားရသည်။ ထိုစနစ်မှာ မိမိတို့ ရန်ကုန် စည်ပင်မရောက်မီ နှစ် အတော် ကြာကြာကတည်း က ဆောင်ရွက်နေပုံရသည်။ တစ် နည်းအားဖြင့် မြေရာပိုင်ဆိုင်မှု နှင့် ပတ်သက်၍ တလွဲတချော် မဖြစ် စေရန် ထိန်းထားရန် ရည်ရွယ်ကာ ဌာနနှစ်ခု ခွဲကိုင် ထားစေလိုခြင်း ဖြစ်မည်။ အထက် လူကြီးများ အမြင်တွင် ခွင့်ပြုမိန့်များ ကြန့်ကြာ နေသည်မှာ ထိုသို့ဌာန နှစ်ခုခွဲကိုင် ထားသဖြင့် မလိုအပ်ဘဲ ကြန့်ကြာ နေခြင်းဟု ထင်မှတ်ကြသည်။
”မင်းတို့ကလည်း မြေကြီးမြေပုံ ထုတ်တာ ဌာနတစ်ခု။ အဆောက် အအုံဆောက်ဖို့ ခွင့်ပြုပေးတာက ဌာနတစ်ခု ဆိုတော့ ကြန့်ကြာတာ ဘာမှ မဆန်းဘူး” ဟု လူကြီးများ နှုတ်မှ ထုတ်ပြောသံကို ကြားဖူးခဲ့ သည်။ ယင်းသို့ဖြင့် တစ်ဦးချင်း ပုဂ္ဂိုလ်ရေး ဆိုင်ရာ မြေကြီးမြေပုံ စာရင်းများနှင့် ထိုအရာတို့ကို ကိုင် တွယ်နေသော ဝန်ထမ်းများ ရန်ကုန် စည်ပင်သို့ရောက်ရှိလာ၏။ အမှန် စင်စစ် အထက်လူကြီး များကလည်း အိမ်ဆောက်လုပ် လိုသည့် ပြည်သူ တစ်ဦးချင်း အတွက် ထည့်စဉ်းစား ပေးခြင်းသာဖြစ်၏။ သက်ဆိုင် သောဌာနနှစ်ခုမှ ဝန်ထမ်းများမှာ စာရွက် စာတမ်းများ၊ စာရင်း ဇယားများနှင့် မြေပုံများ လွှဲပြောင်း ရန် ကာလ အတန်ကြာ အလုပ်များ ကုန်၏။ ယင်းသို့လည်း ရှိတတ်ပါ သည်။ နဂါးခေါင်းက နည်းနည်း ယိမ်းမလို ဟန်ပြင်လိုက် သည်နှင့် အမြီးက သွက်သွက်ခါအောင် ရမ်း ပေးရခြင်းမျိုး။ ဤကဲ့သို့ စနစ် ပြောင်းလိုက်၍ အကျိုးအမြတ် မည်မျှရှိသည်ကိုမူ တွက်ဆသူ မပေါ်သေး။

တကယ်တမ်း ပြောရလျှင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ဆောက်လုပ် နေထိုင်ကြ သူများအတွက် ကျန်း မာရေးနှင့် ညီညွတ်ပြီး ခိုင်ခံ့စိတ်ချ ရသောနေစရာ အိမ်များကို တည် ဆောက်ကြရန် သာဖြစ်ကြပါသည်။ အထူးသဖြင့် မြို့ပြ အင်ဂျင်နီယာနှင့် ဗိသုကာ အတတ်ပညာ ယူထားသူ များ ယင်းသဘော ကို နားလည်နိုင် ကြပါမည်။ မိမိတို့ ငယ်စဉ်က ပြည် သူလူထုဆိုင်ရာ ကျန်းမာရေး ပညာ Public Health ကို အထူးပြုဘာ သာရပ် တစ်ခုအနေဖြင့် ယူခဲ့ကြရ ပါသည်။ ယခုကာလတွင် ပတ်ဝန်း ကျင်ဆိုင်ရာ ကျန်းမာရေး ပညာ Environmental Health ဟု ပိုမိုကျယ်ပြန့်စွာ ပေါ်ထွန်းလာခဲ့ ပါပြီ။ ထိုသဘောတရား များအရ အဆောက်အအုံ ဆောက်လုပ်မှုနှင့် ပတ်သက်သည့် စည်းမျဉ်း ဥပဒေ များနှင့် လုပ်ထုံး လုပ်နည်း များတွင် ထည့်သွင်း ထိန်းချုပ်ထားခြင်းပင် ဖြစ်ပါသည်။ ဥပမာပေးရလျှင် ပေ ၃ဝ အကျယ်ထက် မနည်းသော အကျယ်ရှိ လမ်းများတွင် ၃ ထပ် အဆောက်အအုံ ဆောက်လုပ်နိုင် သည်။ ပေ ၅ဝ အကျယ်ထက် မနည်း သော အကျယ်ရှိ လမ်းများတွင် ၄ ထပ် အဆောက်အအုံ ဆောက်လုပ် နိုင်သည်။ စသည် စသည်ဖြင့် သတ်မှတ်ပေးခဲ့ပါသည်။ တကယ် တမ်းမူ ယင်းသို့ လမ်းအကျယ်နှင့် လိုက်လျော ညီထွေ ရှိသော အဆောက် အအုံ အထပ်များကို သတ်မှတ်ပေး ခြင်းမှာ ကျန်းမာရေးနှင့် ညီညွတ် စေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ထို စည်ပင် ဥပဒေ များကို အသေး စိတ်လေ့လာပြီး ဆန်းစစ် လိုလျှင် အရင်းခံ ဥပဒေဖြစ်သော THE RANGOON MUNICIPAL MANUAL Compiled by order of the Corporation by the Superintendent , Correspondent Branch, Secretary’s Department ကိုသာ ညွှန်းလိုက်ပါမည်။

လက်တွေ့တွင် သုံးထပ်အမြင့် ဆောက်မည်ဟု ခွင့်ပြုချက် တင်ပြီး ခြောက်ထပ် မဖြစ်ဖြစ်အောင် ဖန် တီးလိုက်ကြပါသည်။ ယင်းသို့ဖြင့် ‘ခိုအိမ်’ ဟု ပုံခိုင်းကြသော လူနေ အိမ်များ ရန်ကုန်မြို့ရှိ နေရာ အနှံ့ အပြားတွင် ပေါ်ပေါက် လာကြပါ သည်။ တိုင်းပြည်က ဆင်းရဲ သဖြင့် ယင်းကဲ့သို့ ”နေဖြစ်ရင် ပြီးရော၊ ကူးစက် ရောဂါဖြစ်ပြီး သေတာ နောက်မှ” ဟု လတ်တလော အလုပ်ဖြစ်အောင် ကြည့်၍ စဉ်းစား လာကြဟန်တူပါသည်။ ထိုနောက် ပိုင်းတွင် လက်တွေ့ လူနေထိုင်မှု နှင့် ကိုက်ညီစေရန် အထပ်အမြင့် များကို ၁ဝ ပေ၊ ၉ ပေ သို့ လျှော့ချ ကာပြောင်းလဲခဲ့ပါသည်။ စည်းမျဉ်း စည်းကမ်းနှင့် အညီ သိသိသာသာ လိုက်နာ လုပ်ဆောင်သူ နည်းနည်း သာ ပေါ်လာပါသည်။ မိမိတို့မှာ ဆင်းရဲ သဖြင့် အဆောက်အအုံ ကန်ထရိုက် လုပ်ငန်းများ စည်းမရှိ၊ ကမ်းမရှိ ပေါ်လာသည်မှာ ဓမ္မတာ ပဲ ဟူ၍ ဆိုကြလျှင် ”လွဲနေတာကို ဒီအတိုင်း ထားတော့မလား” ဟု သာပြန်မေးရန် ရှိသာပါသည်။

ပြန်တွက်ဆကြည့်လျှင် ရန် ကုန်မြို့မှာ သူ၏ ပင်ကို သဘာဝ အရ မြို့ကွက်မြို့ကွင်း အလွန် လှပ သာယာပါသည်။ ဤမြို့တည် ထားသော ပထဝီဝင် အနေအထား ကို မြောက်ဘက်မှ စကြည့်လျှင် ပဲခူးရိုးမမှ ဆင်းလာသော တောင် ကြောကို ရွှေတိဂုံ သိဂုင်္တ္တရကုန်းက အနားသတ် ထားပါသည်။ တစ် ဖန် သာဓုကန်၊ အင်းလျားကန်နှင့် ကန်တော်ကြီး တို့က သိုင်းဝိုင်းကာ တန်ဆာဆင်ထားပါသည်။ ထို့ အပြင်မြို့ကိုလည်း ဟိုတုန်းက ဗိသုကာဆိုင်ရာ ကန့်သတ် ဧရိယာ များ(Archi­tectural Control Area) သတ်မှတ်ကာ ဥပဒေဖြင့် ထိန်းထားပါသည်။

အနီးကပ်ဆုံး ဥပမာပြရလျှင် အလုံလမ်း၊ ယောက်လမ်း စသည့် လမ်းများ၌ အဆောက်အအုံ ဆောက်ရာတွင် မူလ သဘာဝပျက် လောက်အောင် ကျော်လွန်ကာ ဆောက်ခွင့် မပြုခဲ့ကြ။ ထိုလမ်း များတွင် နှစ်ထပ် သုံးထပ်တိုက် ကလေးများဖြင့် လှပ တင့်တယ်နေ ပါသည်။ ယခုမူ မိမိ ခင်မင်သည့် လူကြီးတစ်ဦး ပြောခဲ့ဖူးသည်။ ”မင်းတို့ရန်ကုန်က Concretes Jungle ကြီး ဖြစ်တော့မယ်” ဟူ သော သူ့ပြောပေါက် အတိုင်း ဝင် နေပြီ။ ရှေးယခင်က ရှိခဲ့သော လုပ်ထုံး လုပ်နည်းများ ပြောင်းပြန် ဇောက်ထိုး ဖြစ်သွားလောက် အောင် ပြောင်းနေပြီလား မသိ။ ”ခေတ်ကြီးကိုက ပြောင်းလဲနေ တာကိုး” ဟု ဆင်ခြေပေးလျှင်လည်း ရပါသည်။ သို့သော်လည်း ဥပဒေ ၏ရည်ရွယ်ချက်၊ အနှစ်သာရ များကို ပြောင်းလဲရန် သင့် မသင့် ဆင်ခြင် စဉ်းစားသင့်ပါသည်။ မိမိ မိတ်ဆွေ ဥပဒေသမား တစ်ဦး ပြောသလို ဖြစ်နေသလား မဆို နိုင်။ ”ဥပဒေ ဆိုတာပြဋ္ဌာန်း ပြီးရင် အတည်ပါပဲ။ ဥပဒေအရ အရေး ယူလို့ရပြီ” တဲ့။ သို့ရာတွင်လက်တွေ့ လောကတွင် ဥပဒေနှင့် အညီ အရေးယူ ခဲ့ရသည်များ ရှိခဲ့ပါသည်။ အားလုံးကို ရာနှုန်းပြည့် မထိန်း နိုင်ကြသေးပါဟု ဝန်ခံရမည်ဖြစ် ပါသည်။

ထိုပင်ရင်း ဥပဒေနှင့် ဆက် စပ် ပတ်သက်လာသော ဥပဒေများ၊ အစိုးရ အဖွဲ့အသီးသီးက သင့် တော်သည်ဟု ထင်သလို ပြင်ဆင် ခဲ့သော ဥပဒေများ အကြောင်း ကိုသာ စာဖွဲ့နေလျှင် မဆုံးနိုင်။ ယခုလည်း ရန်ကုန်စည်ပင် ဥပဒေကို ထပ်မံပြင်ဆင် ဦးမည်ဟု တစ်စွန်း တစ်စ အသံကြား လိုက်ရသည်။ မည်သည့် အရာမဆို ဟောင်း၍ ခေတ် အခြေအနေနှင့် မညီလျှင် ပြင်ရမည် သာဖြစ်ပါသည်။ ဟို တုန်းကလည်း ၁၉၂၂ ဗခအ ကိုပြင် ဆင်ရန် လူကြီးများ ကြံစည်ဖူးပါ သည်။ သို့ရာတွင် ယင်းဥပဒေထက် ပို၍ ပြည့်စုံ ကောင်းမွန်အောင် ပြင်ဆင်နိုင်မည်မဟုတ်ဟု ထင် မှတ်သလား မဆိုနိုင်။ ဒီအတိုင်း ထားကာ သီးခြားဥပဒေ များအဖြစ် ပြုစုခဲ့ကြပါသည်။ တစ်ခုတော့ ပြောလိုပါသည်။ မြို့တိုင်းသည် ကျန်းမာရေးနှင့် ညီညွတ်၍ သာ ယာလှပသော ပတ်ဝန်းကျင် အဖြစ် တည်ရှိကာ မြို့တော်သူမြို့ တော်သားများ စိတ်ချမ်းသာပျော် ရွှင်စွာ နေထိုင်နိုင်ကြရန် လိုအပ် ပါသည်။ ရန်ကုန်မြို့သည် အရှေ့ တောင်အာရှ တစ်ခွင်တွင် အလှပဆုံး မြို့တော်ဟု အများက ဆိုကြ သည်မှာမလွန်ပါ။ ထို မူရင်းအလှ အပကို အဆောက်အအုံကန် ထရိုက် လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းရှင်ကြီး များကိုယ်တိုင် ပါဝင် ထိန်းပေးမှသာ အောင်မြင် မည်ဖြစ်ပါကြောင်း။

ဘိုငြိမ်းသာ။ ၂ဝ၁၇

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*