“သူတို့ဘ၀_သူတို့အကြောင်း” အမှောင်လောကမှ လာသောအလင်း (သို့) စကော်ပီယံဂိုဏ်း၏ ပဲ့ကိုင်ရှင် အပိုင်း(၂)

“သူတို့ဘ၀_သူတို့အကြောင်း” အမှောင်လောကမှ လာသောအလင်း (သို့) စကော်ပီယံဂိုဏ်း၏ ပဲ့ကိုင်ရှင် အပိုင်း(၂)
January 25, 2017 Asian Fame

10:25 am
“သူတို့ဘ၀_သူတို့အကြောင်း” အမှောင်လောကမှ လာသောအလင်း (သို့) စကော်ပီယံဂိုဏ်း၏ ပဲ့ကိုင်ရှင် အပိုင်း(၂)

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုလောက်က မြန်မာပြည်တွင် မကောင်းသတင်းဖြင့် ကျော်ဇောသော “စကော်ပီယံဂိုဏ်း” အမည်နာမတစ်ခုရှိခဲ့ဖူးသည်။ အထက်တန်းလွှာလူတန်းစားသားများစုပေါင်းကာ ဖွဲ့စည်းထားသော အဆိုပါ စကော်ပီယံဂိုဏ်းနဲ့ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ပေ။

ထိုဂိုဏ်းသည် လူမိုက်ဂိုဏ်းတစ်ခုအဖြစ် ပြည်သူများကြား တွင်ထင်ရှားခဲ့ဖူးသည်။ သို့သော် လက်ရှိအချိန်တွင်တော့စကော်ပီယံဂိုဏ်းဟူသော အမည်နာမသည် မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ဂိုဏ်းဝင်များသည် လည်းထောင်ကျသူကျ၊ ဆုံးသူဆုံး တစ်ကွဲတပြားဖြစ်သွားကြပြီဖြစ်သည်။ တချို့မှာစီးပွားရေးလုပ်ငန်းလုပ် နေကြသလို ပရဟိတလုပ်ငန်းများမှာလည်း ပါဝင်နေကြပြီဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားရခြင်းနဲ့ ပတ်သက်ပြီး ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ဖူး သော ကိုရန်နိုင်အောင် ကရှင်းပြခဲ့သည်။ “စကော်ပီယံဂိုဏ်း” ခေါင်းဆောင် ကိုရန်နိုင်အောင်သည် အကျဉ်း ထောင်တွင် ၁၂ နှစ်ကျခံရသော်လည်း ၁ဝ နှစ် ပြည့်သည့် ၂ဝ၁၁ ခုနှစ်တွင်ပြန်လည်လွတ်မြောက်ခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် စကော်ပီယံဂိုဏ်း လူမိုက်တစ်ဦးအသွင်ဖြစ် အသက်ရှင်ခြင်းမျိုးမဟုတ်ပဲ အများအကျိုးအတွက် ‘ကိုယ်ကျိုးစွန့် ပရဟိတ’ အလုပ်ကိုရွေးချယ်ခဲ့သည်။ ယခုအချိန်မှာ မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်နေသော လူငယ်၊ လူကြီးများ ကို ဆေးဖြတ်သည့်စခန်းလုပ်ပေးသည့်အပြင် ခရစ်ယာန် ဓမ္မဆရာတစ်ဦး ဖြစ်လို့နေပြီဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*