မ၀င်းမော်ဦးမိဘများရဲ့ ရှစ်လေးလုံးနှစ်ပတ်လည်အမှတ်တရစကား

မ၀င်းမော်ဦးမိဘများရဲ့ ရှစ်လေးလုံးနှစ်ပတ်လည်အမှတ်တရစကား
August 7, 2016 Asian Fame

4:27 am
မ၀င်းမော်ဦးမိဘများရဲ့ ရှစ်လေးလုံးနှစ်ပတ်လည်အမှတ်တရစကား

ရှစ်လေးလုံး အရေးတော်ပုံနဲ့ပတ်သတ်တဲ့ သမိုင်းဝင် ဓာတ်ပုံများစွာထဲမှာ သွေးသံရဲရဲနဲ့ မေ့မြောနေတဲ့ ကျောင်းသူလေးတစ်ဦးကို ဆရာဝန်နှစ်ဦးက ပွေ့လာတဲ့ ဓာတ်ပုံတစ်ပုံဟာ ယနေ့တိုင် ကမ္ဘာကျော်ဓာတ်ပုံတစ်ခုအဖြစ် ရှိနေတာ အားလုံး သိကြမှာ ဖြစ်ပါတယ်။

သွေးသံရဲရဲနဲ့ မေ့မြောနေတဲ့ကျောင်းသူဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်လူပ်ရှားခဲ့တဲ့ အဌမတန်းကျောင်းသူ မ၀င်းမော်ဦးဖြစ်ပြီး သူဟာ အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၉ ရက်မှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

အရေးတော်ပုံမှာ ပါဝင်လူပ်ရှားရင်း “တစ်ခုခုဖြစ်ခဲ့ရင် ဒီမိုကရေစီရမှသာ သူ့ကိုအမျှဝေဖို့ ” ဖခင်ဖြစ်သူကိုမှာကြားကာ ကတိတောင်းခဲ့တာကြောင့် မိဘများက ၂၇ နှစ်တိုင်အမျှမဝေခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရတက်တဲ့ ၂၀၁၆ ခုနှစ်မှာမှ အမျှဝေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အရေးတော်ပုံမှာ အသက်ပေးတိုက်ပွဲဝင်ခဲ့သူ မ၀င်းမော်ဦးရဲ့ ကျန်ရစ်သူမိဘတွေက မ၀င်းမော်ဦးနဲ့ပတ်သတ်ပြီး အမှတ်တရတွေ ၊ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာတဲ့အပေါ် သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ခုလိုပဲပြောပြထားပါတယ် ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*