”ဒါဟာ ဘာကိုမီငြမ်းပြီးထုတ်သလဲ။ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားလား၊ ပြည်ထောင်စုအစိုးရရဲ့ သဘောထားလား။ ဒေသန္တရဥပဒေဆိုတာ တိုင်းဒေသကြီးအစိုရကထုတ်လို့မရတော့ဘူးလား …”

”ဒါဟာ ဘာကိုမီငြမ်းပြီးထုတ်သလဲ။ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားလား၊ ပြည်ထောင်စုအစိုးရရဲ့ သဘောထားလား။ ဒေသန္တရဥပဒေဆိုတာ တိုင်းဒေသကြီးအစိုရကထုတ်လို့မရတော့ဘူးလား …”
January 11, 2017 Asian Fame

12:20 pm
”ဒါဟာ ဘာကိုမီငြမ်းပြီးထုတ်သလဲ။ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားလား၊ ပြည်ထောင်စုအစိုးရရဲ့ သဘောထားလား။ ဒေသန္တရဥပဒေဆိုတာ တိုင်းဒေသကြီးအစိုရကထုတ်လို့မရတော့ဘူးလား …”

op

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ဒလနှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်မှအပ ရန်ကုန်စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းတွင် မော်တော်ဆိုင်ကယ်စီးနင်းပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူမည်ဆိုသည့် အမိန့်ကြေညာစာတစ်စောင်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အတိုင်း မည်သည့်နေ့ရက်တွင် စတင်ဆောင်ရွက်မည်ဆိုသည်ကိုတော့မသိရသေး။ သို့ရာတွင် ယင်းကိစ္စ နှင့်ပတ်သက်၍ ဝေဖန်ချက်အမျိုးမျိုးကိုတော့ ကြားလာရပြန်ပြီ။ ထို့ကြောင့် ပြည်သူတို့အထဲမှ ပြည်သူတို့၏ အသံတို့ ကို စုစည်းဖော်ပြလိုက်ရပါကြောင်း ….

ဦးစန်းလွင်
(လူကြမ်းသရုပ်ဆောင်၊ တောင်ဥက္ကလာပတွင် နေထိုင်နေသူ)

ဆိုင်ကယ်ကို တောင်ဥက္ကလာပမှာတင်မကဘူး ရန်ကုန်မြို့ထဲမှာတောင် စီးနေကြတာတွေ့နေရတာပဲ။ အရင်တုန်းကလည်းဆိုင်ကယ်စီးနင်းခွင့် ပေးထားတာမှမဟုတ် တာ။ ဒါပေမယ့် စီးနေကြတာပါပဲ။ခုလည်း စီးနေကြတာပဲ။ ကျွန်တော့်အမြင်ကတော့ လိုအပ်တဲ့နေရာမှာ စီးတာကိုတော့ ခွင့်ပြု ပေးစေချင်တယ်။ မစီးရတဲ့ နေရာမှာစီးရင် တော့ အရေးယူပေါ့။ အခက်အခဲရှိတဲ့နေရာ တွေတော့ စီးပါစေ။ အဲဒီလိုစီးနင်းတဲ့အခါမှာ လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိပြီး လူလိုင်စင်၊ ယာဉ်လိုင်စင်တွေနဲ့ စီးစေချင် တယ်။ ခုတော်တော်များများက လိုင်စင် မရှိကြပုံပဲ။ ဒီတော့ တိုက်မိတာတို့၊ မှောက် တာတို့၊ကားတွေကို ဒုက္ခရောက်စေတာတို့ ဖြစ်ကုန်တယ်။ လမ်းမကြီးပေါ်တွေ တက် လာတဲ့အခါဆို ယာဉ်မောင်းတွေက လမ်းဖြတ် ကူးတဲ့သူကိုရော၊ သူတို့ကိုပါ ရှောင်နေရ တယ်လို့ပြောကြတယ်။

ဦးဝေဖြိုးဟန်
(အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊
တိုင်းလွှတ်တော်ကိုယ်စားလှယ်)

နယ်မြို့တွေကတော့ ဆိုယ်ကယ်က သုံး နေကြရတာပေါ့။ ဆိုင်ကယ်က ဘာလို့သုံးသ လဲဆိုတော့ ခရီးတွင်လို့ပါ။ ကားတွေက ကျပ်တယ်လေ။ ဒါပေမယ့် လိုင်စင်နဲ့ ဆိုင် ကယ်ဦးထုပ်ဆောင်းပြီး စီးတာမျိုးက ပြဿ နာမရှိပေမယ့် အခုကျ ဆိုင်ကယ်တွေက မှိုလိုပေါက်လာပြီး လိုင်စင်မရှိတဲ့ ဝစ်သောက် ဘီးတွေနဲ့ အရွယ်ရောက်တဲ့၊ ခွထိုင်လို့ရတဲ့ အရွယ်ဆိုရင် စီးလာကြတဲ့အနေအထားဖြစ် လာကြတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလည်း နားမလည်ကြဘူးလေ။ အခုလို တိုင်းဒေသကြီးက အမိန့်အနေနဲ့သတ်သတ် မှတ်မှတ်လုပ်လိုက်တာကို ကျွန်တော်တော့ ကြိုဆိုတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်လို့မြင်တယ်။ ဒါပေမယ့်လမ်းကြောင်း တွေကိုတော့ အစိုးရက ပိုပြီးအာရုံစိုက်လုပ် ပေးဖို့လိုမယ်လို့ မြင်တယ်။ ဆိုင်ကယ်ကို ဘာကြောင့် လူတွေစီးသလဲဆိုတော့ ကျွန် တော်ပြောခဲ့သလိုပဲ ခရီးတွင်လို့ ယာဉ်ကြော ကျပ်လို့ ဆိုင်ကယ်လေးနဲ့ကျောင်းကြိုပို့တာတွေမှာသုံးနေကြရတာ။ အခုဆို ယာဉ်လိုင်း အသစ်တွေနဲ့လည်း မကြာခင်ပြေးဆွဲတော့ မယ်ဆိုတော့ လမ်းကြောင်းတွေကို စနစ်တ ကျလုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။ဆိုင် ကယ်တွေစီးရင်တော့လည်း ဖမ်းပေါ့ဗျာ။ ယာဉ်ကြောကျပ်တာမရှင်းပေးဘဲနဲ့ ဆိုင် ကယ်စီးတဲ့သူဖမ်းမယ်ကွာဆိုရင်တော့ ဒါ ဖြေရှင်းနည်းမဟုတ်ဘူး။ ကျွန်တော်တော့ ဒီလိုပဲ သုံးသပ်ချင်ပါတယ်။

ဦးကျော် (ဒုတိယဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ)

နှစ်ပိုင်းရှိတာပေါ့။ ရဲတို့ လျှပ်စစ်ဝန်ထမ်းတို့ သူတို့ကိုတော့ နေရာအစုံမှာ စီးခွင့်ပေးသင့် တယ်။ နောက်တစ်ခုက ဆင်ခြေဖုံးနဲ့ မြို့သစ် တွေ၊ သူတို့ကိုလည်း စီးခွင့်ပေးသင့်တာပဲ။ စည် ပင်သာယာရေးပိုင်မြို့ထဲတွေကိုတော့ စီးနင်းခွင့် မပေးသင့်တာအမှန်ပဲ။ ပြောချင်တာက စီးနင်း ခွင့်မပေးဘူးဆိုတာကို တရားဝင်စာထုတ်ပြီးရင် အရေးယူ ဖမ်းဆီး၊ ဒီလိုမဟုတ်ဘဲ စာသာထုတ် ပြီး စီးနင်းနေကြရင် စာမထုတ်နဲ့။ အပိုပဲလေ။ခု နေရာအချို့မှာ ဆိုင်ကယ်အသုံးပြုပြီး မှုခင်း တွေ လုပ်နေကြတော့ ရိုးရိုးသားသားစီးတဲ့သူတွေ ဒုက္ခရောက်ကြတာပါပဲ။ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာဘက်တွေကိုတော့ြ>ွခင်းချက်အနေနဲ့ နေရာခွဲ စီးခွင့်ပေးသင့်တယ်လို့ မြင်တယ်။ စိစစ်ပြီးတော့ လုပ်သင့်တယ်။

ဒေါ်သန္တာမိုး (မင်္ဂလာဒုံ မဲဆန္ဒနယ်-၂၊ တိုင်းလွှတ် တော်ကိုယ်စားလှယ်)

ဒီကိစ္စကိုပြောရရင်တော့ နှစ်ပိုင်းရှိတယ် ပေါ့။ အဲဒါက ကျွန်မတို့တိုင်းဒေသကြီးလွှတ်တော်မှာ ဆိုင်ကယ်နဲ့ပတ်သက်ပြီး အဆိုအောင်ထား တာက တိုင်းဒေသကြီးထဲက ဒေသန္တရအမိန့် ပေါ့။ သင့်တော်တဲ့ဒေသန္တရအမိန့်တစ်ခု ချ မှတ်ပေးဖို့ဆိုပြီး အဆိုအောင်ထားတာ။ ကျွန်မတို့ဖြစ်စေချင်တာက စည်းကမ်းကိုအပြည့်အဝလိုက်နာပြီးတော့မှ ဆိုင်ကယ်စီးစေချင်တာ။ ဒါပေမယ့် အခုက စည်းကမ်းမရှိကြဘူး ဖြစ်နေ တယ်။ ကျွန်မတို့မင်္ဂလာဒုံဘက်က ပိုဆိုးတယ်လိုင်စင်မရှိဘဲစီးနေကြတယ်။ တချို့ဆိုရင် ကာ ဗာဖြုတ်စီးတာတို့ ဘာတို့နဲ့ ဆိုင်ကယ်မှာ ရှိသင့် ရှိထိုက်တဲ့ဟာ ဘာမှမရှိဘူး၊ စီးနေကြတယ်။ ဆိုင်ကယ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ သူတွေရှိနေတော့ စည်းကမ်းရှိရှိလေးနဲ့ ပေးစီး စေချင်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်ကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ ကျွန်မ တို့ဘက်မှာဆို အမှတ်(၃)လမ်းမကြီးရှိတယ်။အဲဒီ လမ်းမကြီးက ဟိုင်းဝေးလမ်းမကြီးဖြစ်ပြီး ဟိုင်း ဝေးသွားရတဲ့ကားတွေက ဒီလမ်းမကြီးကို အား ထားနေရတယ်။ အဲဒီမှာ အပတ်တိုင်း အကြိမ် ရေတော်တော်များများ အက်ဆီးဒင့် ဖြစ်နေ တယ်။ ဖြစ်လိုက်တဲ့ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အက်ဆီးဒင့်မှန်သမျှ အသေတွေချည်းပဲ။ ဒီလို တွေဖြစ်နေတဲ့အတွက် စိုးရိမ်တယ်။ ဆိုင်ကယ် တွေကို စီးခွင့်လည်းပေးစေချင်သလို မပေး လည်း မပေးစေချင်ဘူး။ ဒွိဟဖြစ်နေတယ်။အခု လိုဝန်ကြီးချုပ်အနေနဲ အမိန့်တစ်ခုထုတ်ပြန်လိုက် တဲ့အပေါ်မှာ ကျွန်မအနေနဲ့ကတော့ ကြိုက် တယ်။ ဘာလို့လဲဆိုတော့ စည်းကမ်းတကျဖြစ် စေချင်တယ်။ ဒါပေမယ့် ဒီဘက်က လူတွေမှာက စည်းကမ်းပိုင်းမှာအားနည်းနေတယ်။ ဒီအတွက် လိုက်နာကြဖို့ လိုပါတယ်။ ဆိုင်ကယ်နဲ့အသက် မွေးဝမ်းကျောင်းပြုနေတဲ့ သူတွေအတွက်ကို တော့ တကယ်စိတ်မကောင်းပါဘူး။ ကျွန်မအ ထင်တော့ နောက်ပိုင်းကျရင်တော့ တစ်နည်း တစ်ဖုံလုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။

ဦးမြတ်မင်းသူ (လှိုင်သာယာမဲဆန္ဒနယ်-၂၊
တိုင်းလွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းလွှတ်တော်မှာလည်း အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ရွှေပြည်သာကိုယ်စား လှယ်တင်သေးတယ်။ အဲဒီတုန်းကတော့ ဝန် ကြီးဒေါ်နီလာကျော်က ပြည်ထောင်စုကို တင် ပြီးတော့ ပြန်လည်တင်ပြပေးပါမယ်လို့ဖြေသွား တယ်။ ကျွန်တော်ပြောချင်တာကတော့ အစိုးရ အဖွဲ့က မစီးရဘူးပြောနေပေမယ့်လည်း နယ် မြေတွေမှာတော့ လိုအပ်ချက်အရစီးနင်းမှုတွေ ရှိနေတာပဲ။ အခုလို စီးနင်းခွင့်ရုပ်သိမ်းမယ် ဖမ်း မယ်ဆီးမယ်ဆိုရင်လည်း တိတိကျကျတော့လုပ် မှရမယ်။ စီးနင်းခွင့်တွေရုပ်သိမ်းပြီး ဖမ်းလိုက် ဒဏ်ဆောင်ပြီး ပြန်လွှတ်ပေးလိုက်ဆိုရင်တော့ ဒါက ပပျောက်မှာမဟုတ်ဘူး။ လုပ်မယ်ဆိုရင် ထိထိရောက်ရောက်လုပ်မှ ဖြစ်မှာ။ မဟုတ်ရင် သံသရာလည်နေဦးမှာပဲ။ စီးနင်းခွင့် လုံးဝမပြု တော့ဘူးလို့ဆုံးဖြတ်ကြပြီးပြီဆိုရင်လည်း ထိထိ ရောက်ရောက်လုပ်ပေါ့။ ကျွန်တော်တို့ လှိုင်သာ ယာလိုနေရာမျိုးမှာတော့ လိုအပ်ချက်အရ ခရီး သွားလာရမှာ စီးနေကြရတာပဲ။ ကျွန်တော်တို့ လှိုင်သာယာမှာကျ မြို့တွင်းမှာ စက်ရုံအလုပ်ရုံ တွေရှိနေတော့ သွားရလာရအဆင်ပြေအောင် ဆိုင်ကယ်နဲ့ သွားကြရတယ်။ ဒီလူတွေတော့ ထိ ခိုက်မှုရှိလာနိုင်တယ်။ ကားနဲ့ကျတော့လည်း ကျွန် တော်တို့လှိုင်သာယာက ကားတိုင်းမရောက်ဘူး လေ။ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် တစ်နေရာနဲ့တစ်နေရာသွားတာပဲဖြစ်စေ၊ စက်ရုံသွားတဲ့ အခါ ဖယ်ရီမရှိတဲ့သူတွေပဲဖြစ်စေ ဆိုင်ကယ် လေးကို အားပြုသွားနေကြရတာပေါ့။ လှိုင်သာ ယာကအိမ်တိုင်းအိမ်တိုင်းမှာ မရှိဘူးဆို ဆိုင် ကယ်တစ်စီးတော့ ရှိကြတာပဲ။ အခုလို စီးနင်း ခွင့်မပေးတော့ဘူးဆိုရင်တော့လည်း သွားရေး လာရေးဘက်မှာ အနည်းနဲ့အများတော့ ထိခိုက် လာနိုင်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့ အမိန့်တစ်ခု ဥပဒေတစ်ခုအနေနဲ့ တကယ်လုပ် တော့မယ်ဆိုရင်တော့လည်း သေချာလေးတော့ လုပ်ပေါ့။ အမိန့်ကြီးထုတ်ထားပြီး တော်ကြာ ဖမ်းလိုက် တော်ကြာပြန်လွှတ်လိုက်နဲ့ ဆိုရင် တော့ သိပ်အဆင်ပြေမယ်မထင်ဘူး။အခက် အခဲကတော့ အများကြီးဖြစ်သွားနိုင်တယ်။

ဦးရန်အောင်မင်း (ရွှေပြည်သာ မဲဆန္ဒနယ်-၁၊
တိုင်းလွှတ်တော်ကိုယ်စားလှယ်)

သုံးသပ်ပြောရရင်တော့ အခြေခံမိဘပြည် သူတွေရဲ့လိုအပ်ချက်အနေနဲ့က ကျွန်တော်တို့ ပြည်သူတွေက ချမ်းသာတဲ့သူတွေမှမဟုတ်တာ။
ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် ဒီလိုပဲ ဆိုင် ကယ်နဲ့ နိုင်ငံ့ဝန်ထမ်းတွေရော ပြည်သူတွေသွား နေကြရတာ။ ဒါကြောင့် ဆင်ခြေဖုံးမြို့တွေကို ဆိုင်ကယ်စီးနင်းခွင့်ပေးဖို့ မြို့တွင်းတွေ မပါပါ ဘူး။ လွှတ်တော်မှာမေးခဲ့ပါတယ်။ ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်ကတော့ ဆိုင်ကယ်ကို မုန်းပါတယ်။ ကျွန်တော့်ကိုလာတိုက်လို့ ဆယ် သိန်းလောက် လျော်လိုက်ရသေးတယ်။ လိုင်စင် မရှိဘာမရှိနဲ့ လာတိုက်ပြီးတော့။ ဒါပေမဲ့လည်း ပြည်သူတွေက တင်ပြလာတဲ့အခါ ကျွန်တော် လွှတ်တော်မှာ မေးခဲ့ပါတယ်။ အဲဒီမှာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြည် ထောင်စုအစိုးရအဖွဲ့ ကိုတင်ပြပြီး ဥပဒေစနစ် တကျရေးဆွဲပြီး ခွင့်ပြုပါမယ်လို့ဒီလိုဖြေခဲ့တယ် ဗျ။ ဒါတိုင်းဒေသကြီးလွှတ်တော်မှာ သူ့ရဲ့ ဖြေ သွားတဲ့ ကတိကဝတ်တစ်ခုပါ။ ဒေသန္တရအမိန့် လိုမျိုး ပေါ်ထွက်လာရမယ့်ဟာမျိုးကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက ပြည်သူ့လွှတ် တော်မှာတင်တော့ ပြည်ထောင်စုလွှတ်တော်က ခွင့်မပြုဘူးဆိုပြီး ပြတ်ပြတ်သားသားပြောလိုက် ပါရော။ဒီတော့ ဒါက ပြည်ထောင်စုအဆင့်ကနေပြီးတော့ဖြေထားတာဖြစ်တဲ့အတွက် တိုင်းဒေ သကြီးအဆင့်က ခွင့်မပြုတာလားလို့ ကျွန်တော် မေးချင်ပါတယ်။ ဒေသန္တရအမိန့်ဆိုတာ နိုင်ငံ တိုင်းမှာရှိပါတယ်။

ဥပမာပြောရရင် အမေရိက မှာဆိုရင် လိင်တူချင်းလက်ထပ်လို့ရတဲ့ ပြည် နယ်ရှိသလို မရတဲ့ပြည်နယ်ရှိတယ်။ သူ့ဥပဒေနဲ့ သူသွားတာ။ အခုလည်း ရန်ကုန်တိုင်းဒေသကြီး မှာ ဒေသန္တရအမိန့်လိုမျိုး ပေါ်ထွက်လာဖို့ ကျွန် တော် လွှတ်တော်မှာ တင်ပြခဲ့ပြီးပါပြီ။ အောင် မြင်ခါနီးမှ အခုလိုမျိုးဖြစ်သွားတာ။ ပြည်သူတွေ ကတော့ သူတို့ရဲ့မျှော်လင့်ချက်လေး ကင်းမဲ့သွား တဲ့အခါကျတော့ အသံတော့ထွက်တာပေါ့။ အစ ကတော့ စီးရမလိုလိုနဲ့အခုကျ မစီးရတော့ပြန်ဘူး ဆိုပြီး ဝမ်းနည်းကြတာပေါ့။ ဒါပေမယ့် အုပ်ချုပ် ရေးပိုင်းက ထုတ်တာဆိုတော့လည်း မတတ်နိုင် ဘူးပေါ့။ ဒါပေမယ့် ဒီဟာက ဘာကိုမှီငြမ်းပြီး ဘာကိုကိုးကားပြီး အဓိကယူပြီး ထုတ်သလဲ။ တိုင်းဒေသကြီးအစိုးရရဲ့ သဘောထားလား၊ ပြည် ထောင်စုအစိုးရရဲ့သဘောထားလား။ အဲဒီနှစ်ခု မှာ ဒေသန္တရဥပဒေဆိုတာ တိုင်းဒေသကြီးအစိုးရ က ထုတ်လို့မရတော့ဘူးလား ဒါ မေးရတော့ မှာပါ။ ရန်ကုန်တိုင်းဒေသကြီးက ဒေသန္တရဥပဒေ ဆိုတာထုတ်ရင် ပြည်ထောင်စုက ပယ်လို့မရပါ ဘူး။ ဒါ ကိုယ့်ဒေသရဲ့ သီးခြားဥပဒေပါ။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*