ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် ပြည်ပရောက်မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် ပြည်ပရောက်မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား
January 6, 2017 Asian Fame

4:51 pm
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် ပြည်ပရောက်မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား

စိုင်းလမင်း
ရန်ကုန်၊ ဇန်နဝါရီ  ၃

၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲကို ပြည်ပမှနေ၍  ကြိုတင်မဲပေးသွားကြမည့် အရေအတွက်သည် လက်ရှိ၌  ၃၅၇ ဦးရှိနေသည်ဟု   ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင် အတွင်းရေးမှူးက ပြောသည်။

ထိုသူတို့သည် ပြည်ပ အခြေစိုက်မြန်မာသံရုံးတို့မှ တစ်ဆင့်ပုံစံ ၁၅ဖြင့် လျှောက် ထားကြသူတို့ဖြစ်သည်ဟု ၄င်းထံမှသိရသည်။

၃၅၇ ဦးတွင် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသည့် မြန်မာ များက အများဆုံးပါဝင်နေပြီး၊ ယင်းနောက်တွင် မလေးရှား ရောက် မြန်မာ၊ စင်ကာပူ ရောက် မြန်မာ  စသည်ဖြင့် အဆင့်ဆင့် ရှိနေသည်ဟု ကော်မရှင်မှသိရသည်။

”ဥရောပနိုင်ငံအချို့မှာ ရောက်နေကြတဲ့ မြန်မာအချို့ လည်း လာလျှောက်ကြတာ ရှိပါတယ်” ဟု  ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင် အတွင်းရေးမှူးက ပြော သည်။

ကြားဖြတ် မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူ စာရင်းကို ကော်မရှင်က လက်ရှိတွင် ကောက်ယူ လျက်ရှိနေပြီး၊ ခန့်မှန်းခြေ အားဖြင့် မဲပေးနိုင်မည့် မဲ ဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်းခန့်ရှိနိုင်ကြောင်း ပြော ဆိုနေမှုများကို တွေ့နေရ သည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်သည့် ပြည်သူ့လွှတ်တော် ၉ နေရာ အတွက်တစ်သီးပုဂ္ဂလ လွှတ် တော်ကိုယ်စားလှယ်ေ လာင်း ခြောက်ဦးအပါအဝင် နိုင်ငံ ရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် သုံးနေရာအတွက် တစ်သီး ပုဂ္ဂလလွှတ်တော် ကိုယ်စား လှယ်လောင်းတစ်ဦး အပါ အဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၅ ဦး၊ ပြည်နယ် လွှတ်တော်လစ်လပ်မဲဆန္ဒ နယ် ၇ နေရာအတွက် နိုင်ငံရေးပါတီများမှ လွှတ် တော်ကိုယ်စားလှယ်လောင်း ၃၁ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကော်မရှင်က ကြေညာထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*