“စားဝတ်နေရေး အရ လူကြမ်းတွေ လည်း အခြောက်မ ဖြစ်ကုန်ပြီ စိုင်းအောင်တင့် နှင့် တွေ့ဆုံခြင်း”

“စားဝတ်နေရေး အရ လူကြမ်းတွေ လည်း အခြောက်မ ဖြစ်ကုန်ပြီ စိုင်းအောင်တင့် နှင့် တွေ့ဆုံခြင်း”
January 6, 2017 Asian Fame

12:16 pm
“စားဝတ်နေရေး အရ လူကြမ်းတွေ လည်း အခြောက်မ ဖြစ်ကုန်ပြီ စိုင်းအောင်တင့် နှင့် တွေ့ဆုံခြင်း”

sai-aung-tintပရိသတ် မုန်းသည့် လူကြမ်း ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ် ဆောင်နိုင်ပြီး အနုပညာလောက တွင်နှစ်ပေါင်း ၄ဝ ကျော်ရပ်တည် လာသည့် သရုပ်ဆောင် စိုင်းအောင် တင့်သည် လက်ရှိတွင် လူယုတ်မာ အသွင်အဖြစ် သာမက အခြားဇာတ် ရုပ်များပါ သရုပ်ဆောင် နေပြီဖြစ် သည်။ ထို့ကြောင့် ၄င်းနှင့်တွေ့ဆုံကာ လက်ရှိ အနုပညာ လှုပ်ရှားမှုများကို မေးမြန်း တင်ဆက်လိုက်ရပါသည်။

လတ်တလော ဦးစိုင်း ရိုက်နေကျ ကာရိုက်တာနဲ့ မတူဘဲ အခြား ဇာတ်ရုပ်တွေပါ သရုပ်ဆောင်တာ တွေ့ရတယ်နော်။

ဟုတ်တယ်။ တချို့ကတော့ နည်းနည်းလေး ကွဲသွားတယ်။ လာ အပ်တဲ့ ဇာတ်တွေလည်း စုံလာတယ်။ အခု ဇာတ်ကား တောက် လျှောက် ရိုက်ဖြစ်တယ်။ ကားကြီး ၂ ကားရိုက်တယ်။ ”နီကီအိမ်ကို ပါလာသည်”ဇာတ်ကားကို ပြေတီ ဦး၊ ညီထွဋ်ခေါင်၊ အိချောပို ပါတယ်။ ဝိညာဉ် ဇာတ်ကားလေးပါ။ ဦးစိုင်း ကာရိုက်တာ ကတော့ ဗေဒင်ဆရာ ပါ။ ဒီကားမှာတော့ ဦးစိုင်းက Daily  ပဲပါတယ်။ နောက် တစ်ကား က ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ခိုင်သင်းကြည် နဲ့ရိုက်တယ်။ ”ပန်း ရိုင်းမျက်ရည်” ဇာတ်ကားမှာ ဦးစိုင်း လုပ်နေကျ ကာရိုက်တာပဲ။ ဒါပေမယ့် အခြားကားတွေ နဲ့ ကွာ ခြားတဲ့ အပိုင်းတွေ ရှိတယ်။ ဦးစိုင်းတို့ ကာရိုက်တာကို ပရိသတ်က စေ့စေ့ ပေါက်ပေါက်တော့ သတိ ထားမိ ချင်မှ ထားမိမှာလေ။ ဦးတို့က မင်း သား မဟုတ်ဘူးလေ။

ဦးစိုင်းက မိန်းမလျာ ဇာတ်ရုပ်ကို ရိုက်တာနဲ့ ပတ်သက်ပြီး လူမှုကွန် ရက်တွေမှာ ဝေဖန်မှုတွေ အပေါ် ဘာ ပြောချင် ပါသလဲရှင့်။

ဟုတ်တယ်။ တချို့က စားဝတ် နေရေးအရ လူကြမ်းတွေလည်း အခြောက်မ ဖြစ်ကုန်ပြီ ပြောကြ တယ်။ ဦးစိုင်း ကတော့လေ ဆေး စက်ကျရာ အရုပ်ထင်တဲ့ လူမျိုးပါ။ လူဆိုးလည်း ဟုတ်ကဲ့၊ လူယုတ်မာ ကောင်လည်း ဟုတ်ကဲ့၊ သူဌေး နှာ ဘူးလည်း ဟုတ်ကဲ့၊ အခု အခြောက် ဆိုလည်းဟုတ်ကဲ့ ရိုက်နေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇာတ်ရုပ် ပီ ပြင်ဖို့က ပထမပဲ။ အဲဒီအခြောက် ကား က ကျော် ရဲအောင် နဲ့ ရိုက်တဲ့ ကားပါ။ အစကတော့ ဓားပြတွေ ပါ။ နောက်ဆုံးတော့ အခြောက်ဖြစ် ရတယ်။ ဦးတို့ရုပ်က မိန်းမလျာရုပ် မပေါက်ဘူး။ ဒါပေမယ့် အိုက်တင် မှာ ပီပြင်ဖို့တော့ ကြိုးစားရတယ်။ မထင်မှတ်တာတွေ လည်း သရုပ် ဆောင်ရတယ် ဆိုတော့ ရှက်ကြောက် နေပြီး မလုပ်ရဲ ဘူး လုံးဝမရှိဘူး။ တကယ် ဖြစ်ပျက်နေတာ မဟုတ် ဘူးလေ။ ဇာတ်ကိုပံ့ပိုးတာ ဖြစ်တဲ့ အတွက် သရုပ်ဆောင် ရဲတယ်။ ဦးခံ ယူချက် က အနုပညာမှာ ကျရာ ဇာတ်ရုပ် လုပ်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူများဆီက ပိုက်ဆံ ယူထားတယ်။ အဲဒီတော့ ကိုယ် ယူထား တဲ့ အတွက် ကိုယ့်နေရာကို ကိုယ်ကျေပွန်အောင် ဆောင် ရွက်ရမှာပဲ။ ဦးကျော်ဟိန်း သင်ပေး ခဲ့တာပေါ့။ ကိုယ်က တာဝန်မကျေ ရင် ထုတ်လုပ်သူ၊ ပရိသတ်၊ စက် အဖွဲ့သားတွေ မကြိုက်ရင် နောက် ကိုယ့်ကိုဘယ်သူက ခေါ်မှာလဲ။  တစ်ခါစား မလုပ်နဲ့ ရေရှည်လုပ်ဆို ပြီး သူပြောခဲ့တယ်။ ဦးစိုင်းအလုပ် တစ်ခုကို ဘယ်တော့မှ ပေါ့ပျက် ပျက် မလုပ်ဘူး။

အနုပညာကြေးရော ထိုက်ထိုက် တန်တန်ရရှိရဲ့လား။

ရတဲ့ ပိုက်ဆံမှာ Daily  နဲ့ စာ ချုပ် ကွာသလို ဗီဒီယို နဲ့ရုပ်ရှင် အဲဒါ လည်းကွာတယ်။ အဲဒီအပြင် ဦးတို့ ကမင်းသားတွေ မဟုတ်တော့ ကြေး ပေးတဲ့ နေရာမှာလည်း တအားကို နည်းပါတယ်။ နည်းလို့ မလုပ်ဘူး ဆိုရင်လည်း ဦးတို့ စားဝတ်နေရေး က ရှိသေးတယ်။ နောက်တစ်ခုက ဒီအလုပ်ကို ရူးသွပ်ခဲ့လို့ အခြား ဘာမှ မရွေးချယ်ဘဲ ဒါကို ရွေးချယ်ခဲ့ တာလေ။ သူဌေးဖြစ်ချင် လို့၊ အောင်မြင် ကျော်ကြားချင်လို့ အဲဒီ စိတ်နဲ့ ရွေးချယ်ခဲ့တာ မဟုတ်ဘူးဆို တော့ ရတဲ့နေရာမှာ သရုပ်ဆောင် တယ်။ ဒီအလုပ်ကို လုပ်နေရရင်ပဲ ပျော်တယ်။ စာချုပ် နဲ့ ရိုက်ရတဲ့ ရုပ်ရှင်ကားကြီးကို အနုပညာ ကြေး တိုးတောင်းပေမယ့် မပေးပါဘူး။ ငါးသိန်း၊ ခြောက် သိန်း အများဆုံး ပဲ။ ဦးကို အခွန်ဆောင်တဲ့ ကိစ္စနဲ့ အင်တာဗျူး တစ်ခုက မေးဖူးတယ်။ ဦးတို့ ဝင်ငွေက ရယ်ရတယ်လေ။ စိုင်းအောင်တင့် ဟိုကားမှာပါ၊ ဒီ ကားမှာပါ လို့မြင်နေကြပေမယ့် ပါသမျှကားတွေ စုပေါင်း လိုက်ရင် တောင် အခွန်ဆောင်ဖို့ မပြောနဲ့ ပြန်ပေးချင် စိတ်တောင် ပေါက် သွားမယ်။ ကားတွေ အများကြီးမှာ ပါပေမယ့် မင်းသား မဟုတ်ဘူး။ နောက်တစ်ခုက Daily များတယ် လေ။ တစ်ရက် မှာ ငါးထောင်၊ တစ်သောင်း ရတယ်။ တချို့ဆို တစ်ရက်လောက် ရိုက်ပြီး ပြီးပြီ လေ။ စာချုပ်နဲ့ ကျတော့ သုံးလေး လမှ တစ်ကားပဲ ရတယ်လေ။

ကုန်ဈေးနှုန်းတွေ အမြဲတက်နေတဲ့ ကာလမှာ ဦးစိုင်းတို့ အနုပညာ ကြေးကျတော့ ဘာဖြစ်လို့ လိုက် မတက်လာတာလဲရှင့်။

ကုန်ဈေးနှုန်းတွေ သာတက် သွားတာ။ ဦးတို့ အနုပညာကြေး ကတော့ မပြေလည်ပါဘူး။ တချို့ အောက်ခြေ အဖွဲ့သားတွေမှာလည်း အကြွေးတွေ နဲ့ အပူမီးပေါ်မှာ နေ ရတာရှိတယ်။ တစ်ခါတလေ မန်နေဂျာက ပွင့်လင်းမှု မရှိတာနဲ့ လည်းကြုံရတယ်။ ဦးတို့က ခင်မင် နေတော့ သြော်…ဆိုပြီး လက်ခံ လိုက်တယ်။ ဒါပေမယ့် ကိုယ့်အနု ပညာတွေ အသုံးချ ခံရတာတွေ ပြန်တွေးတော့ စိတ် မကောင်းဘူး။ ဦးတို့က ကားတစ်ကား ရိုက်တယ်။ ရတာနဲ့ ကုန်တာ မကာမိဘူး။ သွားရေး လာရေးမှာလည်း ကား မရှိတော့ တက္ကစီ စီး ရတယ်။ ဘတ်စ်ကားလည်း မရောက်တဲ့ နေရာ လည်း ရှိတယ်လေ။ ကားခ က အသွားအပြန် တစ်သောင်း လောက် ကုန် တဲ့ နေ ရာတွေ လည်း ရှိတယ်။ ဒါပေမယ့်ရတဲ့  Daily  ကြေးက ၅ ထောင်ဆို ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ အဝတ် အစားလည်း ဝယ်ရတယ်။ ဦးစိုင်း ကတော့ တင်ပြတယ် အသွားကို ကိုယ့်ဘာ ကိုယ်ခံမယ်၊ အပြန်ကား ခတော့ သူတို့စိုက်ပေး၊ ဦးစိုင်းတို့လို အောက်ခြေ အဖွဲ့ သားတွေ ရဲ့ အနု ပညာကြေး ဘာဖြစ်လို့ မတက်တာ လဲဆိုတော့ မပေးချင် လို့ မတက် တာပဲပေါ့။

အခုဆို မြန်မာ့ရုပ်ရှင် လောကမှာ နိုင်ငံခြားသားတွေ ဝင်လာပြီးတော့ ရိုက်တယ်။ အဲဒါကို တိုးတက်လာ တယ်လို့ ဦးစိုင်း လက်ခံလား။

လက်ခံပါတယ်။ အခု နိုင်ငံ တကာ ထိုးဖောက်မယ်။ ရင်ပေါင် တန်းမယ်။ လုပ်ဆောင်ကြတာ ဝမ်းသာတယ်။ အခွင့်အလမ်း တွေ များလာ မယ်။ ဒါပေမယ့် လူတစ်စု အတွက်၊ အထက်တန်းလွှာ အတွက် ပဲ အခွင့်အရေး ရမှာပဲ စိုးရိမ်တယ်။ နိုင်ငံခြား နဲ့တွဲလုပ်တာ သိပ်ကို ဝမ်း သာစရာကောင်းတယ်။ ဒါပေမယ့် ကိုယ့်ဆီက အောက်ခြေ လူတွေက တော့ ဒုံရင်းကနေ ဒုံရင်းပါပဲ။ ဘာပဲပြောပြော ကိုယ့်လူတွေကို လည်း အနုပညာကြေး ထိုက်ထိုက် တန်တန်ရစေချင်တယ်။

ဦးစိုင်းကို နောက်နှစ် အတွက် ကြို တင်ပြီး ချိတ်တဲ့ ဇာတ်ကားရှိလား။

၂ဝ၁၇ ခုနှစ် ၁ လပိုင်းဒါမှ မဟုတ် ၂ လပိုင်းထဲမှာ MRTV 4 က ဦးစိုင်းကို ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ ပြောထားတာရှိတယ်။ ရှား ရှားပါးပါး ပါ ပဲ။ ရိုက်ဖြစ် မဖြစ်တော့ ခုချိန်ထိ ဦးစိုင်းကို ပြန်မပြောသေး ဘူးပေါ့နော်။ ဦးတို့ကကြိုတင်ပြီး ချိတ်ဖို့ မပြောနဲ့ ဒီနေ့ရိုက်မယ် ဒီ မနက် ချိတ်၊ ဒါပဲများတယ်။ မအား လို့ ဒီဇာတ်လမ်းမကြိုက်လို့ ငြင်း လိုက်တယ်။ အဲဒီလိုရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဒီဇာတ်လမ်းမှာ ဒီအခန်းက စိုင်းအောင်တင့်ကို ရွေးထားတယ် ဆိုရင်တစ်ခန်းဖြစ်ဖြစ် နှစ်ခန်းဖြစ် ဖြစ် စိုင်းအောင်တင့်ရိုက်တယ်။

ဇာတ်လမ်း ဆင်တူရိုးမှား ပုံစံမျိုးနဲ့ ကြုံဖူးလား။

ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ မကောင်းတော့ဘူး။ ဇာတ်လမ်းတွေ တူတယ်။ ဝေဖန်တာ ဦးလက်ခံ တယ်။ ဦးတို့ ကိုယ်တိုင်လည်း ခံ စားရတာပဲ။ ဥပမာ ရွာသူကြီးဇာတ် ရုပ်ဆို တစ်ခါတလေ လွဲနေတာ လည်းရှိတယ်။ ဦးတို့သိတယ်။ ဘာ ပဲပြောပြော ဦးတို့ ကတော့ အတတ် နိုင်ဆုံးလုပ်တယ်။ တစ်ခါတလေ လာပြောတဲ့ ကာရိုက်တာနဲ့ လုပ်ရ တာနဲ့ လွဲနေတာလေးတွေလည်းရှိ တယ်။ လွဲနေပေမယ့် ဦးတို့ လုပ်ရ မှာပဲ။

ပရိသတ်တွေ အတွက် ဦးစိုင်းရဲ့ နှစ်သစ် လက်ဆောင် စကားက ဘာ ဖြစ်မလဲ။

စိုင်းအောင်တင့် မသေမချင်း အနုပညာ အလုပ်တွေ လုပ်သွား မယ်။ သေသွားရင်တော့ စိုင်း အောင်တင့် လုပ်ခဲ့တဲ့ အနုပညာအ လုပ်တွေ ကို တွေ့တိုင်း သတိရနေ မယ်လို့ ယုံတယ်။ စိုင်းအောင်တင့် လုပ်ဆောင်ခဲ့တဲ့ အနုပညာသမိုင်း က ပရိသတ်တွေ ချစ်ခင် အားပေး တဲ့ သမိုင်းတစ်ခု မဖြစ်လာနိုင်ဘူး ဆိုတာတော့ သိတယ်။ ဒါပေမယ့် စိုင်းအောင်တင့် အနုပညာနဲ့ အား ပေးတဲ့ ပရိသတ်တွေကို အမြဲလေး စားနေမှာပါ။ နှစ်သစ်မှာ ပရိသတ် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်း မြေ့ပါစေ။ ကိုယ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းတွေ နဲ့ ပြည့်ပါစေ လို့ ဆုတောင်းပေးပါတယ်။

ထူးထူးမေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*