ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှ ပုဒ်မ ၅ဝဝ၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသူ အမျိုးသမီးမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှ ပုဒ်မ ၅ဝဝ၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသူ အမျိုးသမီးမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
December 30, 2016 Asian Fame

1:57 pm
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှ ပုဒ်မ ၅ဝဝ၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသူ အမျိုးသမီးမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ဖြိုးထက်အောင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပုဒ်မနှစ်ခုဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ တရားစွဲဆိုခြင်း ခံထားရသူ အမျိုးသမီးက ၄င်းတရားစွဲခံရ မှုနှင့် ပတ်သက်၍ ပြန် လည်ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁နာရီက ရန်ကုန်မြို့ရှိ City Star  ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

တရားစွဲဆိုခံရသည့် မမြတ်သက်မွန်၏ အိမ်ဖော် မိန်းကလေးမှာ စက်တင်ဘာလ ၁၇ ရက်နေ့က ၄င်း ထံမှပိုက်ဆံခိုး၍ ဖုန်းဝယ် ခဲ့ကြောင်း၊ ထို့ကြောင့် သိ သောအခါ ခြောက်လှန့်သည့်အနေဖြင့် ရဲစခန်းပို့မည် ဟု ပြောလိုက်သောအခါ အိမ်မှထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ရန်ကင်းရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့် ခဲ့ကြောင်းတို့ကို မမြတ်သက်မွန်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲပြုတွင် ပြောသည်။

”ရပ်ကွက်ထဲက လူတစ်ယောက်က အိမ်ဖော် ကောင်မလေးကိုNLDရုံးကိုခေါ်သွားတယ်။ အဲဒီ တော့ သူ့ကို NLD ရုံးကခေါ်ထားပြီး ကျွန်မကို စာ ထုတ်ပြီး လာရှင်းပါဆိုပြီး ဖိတ်လို့သွားတယ်။ ကျွန်မ ကိုခေါ်ပြီး ကောင်မလေးကိုပြန်အပ်မယ်လို့ ထင်ခဲ့တာ။

ကျွန်မကို မေးမြန်းစစ်ဆေးပြီး  ကောင်မလေးကို နှိပ် စက်ထားတယ်။ ဘာညာမျိုးစုံပြောတော့ အံ့သြမိတယ်။ မဟုတ်ဘူးဆိုတာ ရှင်းပြတ ယ်။ မရဘူး။ ကောင်မ လေးကလည်း ကြောက်ပြီး ပေါက်ကရတွေ ဖြေထား တာကိုး” ဟု ၄င်းက ပြောသည်။

ထိုအခါ မမြတ်သက်မွန်က ရဲစခန်းကိုဖုန်းဆက် ခဲ့ပြီး ရဲစခန်းရောက်သောအခါအိမ်ဖော်မလေးက ၄င်း ခိုးယူမိသည်ဟုဝန်ခံခဲ့ကြောင်း၊ NLD လူကြီးများ၏ရှေ့တွင် လိမ်ညာပြောခဲ့မိသည်ဟု ရှင်းပြခဲ့ပြီး မိန်းက လေးကို ပြန်ခေါ်လာခဲ့ကြောင်း မမြတ်သက်မွန်က ဆက်ပြော သည်။

”ပြဿနာက အဲဒီမှာ ပြီးမယ်ထင်ခဲ့တာ။ အိမ်ရှင် နဲ့ အိမ်အကူတောင် ဘာပြဿနာမှ မရှိဘဲနဲ့ မပြီးဘဲ အမတ်တွေက သူတို့ရုံးမှာလာပြီးတော့ အသရေဖျက်ပါ တယ်ဆိုပြီး တရားစွဲတယ်။ ပြီးတော့ ကျွန်မကမခံနိုင်လို့ ဖေ့စ်ဘွတ်ခ်ပေါ် အကြံပေးစာအနေနဲ့ အမတ်တွေနဲ့ ပြည် သူကြားဖြစ်ပျက်နေတာလေးတွေကို ရေးတင် လိုက်တာကို  ၆၆ (ဃ) မြောက်ပါတယ် ဆိုပြီး တရားစွဲ တယ်။ အဲဒီတော့ ရဲကခေါ်စစ်တယ်။ ပြီးတော့ဖုန်း တွေ သိမ်းသွားတယ်” ဟု၎င်းက ဆိုသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၄င်းအနေ  ဖြင့် တရားလမ်းကြောင်းအရ ဖြေရှင်းရန် ရှေ့နေဖြင့် တိုင်ပင်နေသည်ဟုဆိုပြီး ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆို ခဲ့သူ တရားလိုဖြစ်သည့် ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးသိန်းဇော်က

”အဲဒါနဲ့ ပတ်သက်ပြီး ဘာမှဖြေစရာမလိုပါဘူး။ တရားစွဲထား တယ်ဆိုတာ ဟုတ်ပါတယ်။ တရားရုံးအဖြေပဲ စောင့် ကြည့်ပေါ့။ ဘယ်သူ ကမှားတယ် မှန်တယ်ဆိုတာကို ဖြေရှင်းချက်မပေးနိုင်ပါဘူး။ သူ့ကိုဘာမှ စိတ်မဝင် စားပါဘူး” ဟု ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ဆက် သွယ် မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။

မမြတ်သက်မွန်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန် ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ် စားလှယ် ဒေါ်သီတာမောင်က ရန်ကင်းမြို့နယ်ရဲစခန်း တွင် (ပ)၃၃၈/၂ဝ၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်လည်းကောင်း၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် က ရန်ကင်းမြို့နယ်တရားရုံးတွင် (ပ)၁၉၁/၂ဝ၁၆၊ ပြစ်မှုဥပဒေ ပုဒ်မ (၅ဝဝ) ဖြင့် လည်းကောင်း အသီး သီး တရားစွဲဆိုထားကြကြောင်း သိရသည်။

မမြတ်သက်မွန်သည် လူသိများသော ‘Myat Thet Mon Animals Shelter’  ပရဟိတ ခွေးဂေဟာ ကို ၂ဝ၁၃ ခုနှစ်က စတင်တည်ေ ထာင်ခဲ့သူဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*