တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းပြီး ၉ လ အကြာတွင် ဝန်ထမ်း ၁၄ဝ ကျော်ခန့်အပ်

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းပြီး ၉ လ အကြာတွင် ဝန်ထမ်း ၁၄ဝ ကျော်ခန့်အပ်
December 30, 2016 Asian Fame

11:14 am
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းပြီး ၉ လ အကြာတွင် ဝန်ထမ်း ၁၄ဝ ကျော်ခန့်အပ်

PNews
နေပြည်တော်၊ ဒီဇင်ဘာ၂၇

NLD အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့က  စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည်   ဖွဲ့စည်းပြီး ၉ လအကြာတွင် ရုံးလုပ် ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အမှုထမ်း ၁၄၁ ဦးကို  ခန့်အပ်လိုက် သည်ဟု သိရသည်။

ခန့်အပ်လိုက်သည့် အဆင့် သည် ရုံးအုပ်မှ ရုံးစာရေးအဆင့်ထိ ဖြစ်ပြီး အရာထမ်းဝန်ထမ်းတို့ကို လည်းခန့်အပ်သွားရန်စီစဉ်နေသည်။

ထိုသို့ မခန့်အပ်မီအချိန်က ယင်းဝန်ကြီးဌာနတွင် ပြည်ထောင် စုဝန်ကြီးတစ်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ၂ ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ၁ ဦးနှင့် အရာထမ်း၊ အမှုထမ်းအားလုံးပေါင်း ၂ဝ ဦးမရှိ ကြောင်း သိရသည်။ ဒုတိယ အမြဲ တမ်းအတွင်းဝန် ဦးမင်းအေးကိုက ”အခုခန့်လိုက်တဲ့ ဝန်ထမ်းတွေက ဌာနပြောင်းရွှေ့တွေပါ” ဟု ပြော သည်။

ဝန်ကြီးဌာနဆီသို့ ဌာနပြောင်း ရွှေ့မှုကို စက်မှုဝန်ကြီးဌာန၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနတို့မှ ဝန်ထမ်းတို့က အများဆုံးလုပ်ခဲ့ကြပြီး အခြားသော ဝန်ကြီးဌာနတို့က ဝန်ထမ်းအနည်း ငယ်လည်းပါသည်ဟု သိရသည်။

၉ လကြာမှ အမှုထမ်းများခန့် အပ်နိုင်သည့် ကိစ္စရပ်အပေါ် ဒုတိ ယ အမြဲတမ်းဝန်က လုပ်ထုံးလုပ်နည်း များအရ အဆင့်ဆင့် ဆောင် ရွက်ရ သည့်အတွက် ကြန့်ကြာခဲ့ရသည် ဟု ၄င်းကပြောသည်။

တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီးဌာနသည် ၂ဝ၁၅ ခုနှစ် က ပြဋ္ဌာန်းခဲ့သော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာ ကွယ် စောင့်ရှောက်သည့်ဥပဒေအရ လုပ် ဆောင်ရမည့် လုပ်ငန်းကိစ္စများစွာ တို့ကို အကောင်အထည် ဖော်နိုင် ရန် တိုင်းဒေသကြီးနှင့်   ပြည်နယ်အ သီးသီးတို့၌ ရုံးခွဲများကိုလည်း မဖွင့် လှစ်နိုင်သေးသည့်အခြေအနေ ရှိ နေသည်။

ဦးမင်းအေးကိုက ”စီစဉ်နေ ပါတယ်ခင်ဗျ။ အချို့ကလည်း ပူး ပေါင်းတယ်ပေါ့ဗျာ။ အချို့ကလည်း ပူးပေါင်းမှုအားနည်းတယ်။ ရုံးခွဲ   တွေဖွင့်ဖို့ ကိစ္စမှာ။ မြေနေရာရတဲ့ နေရာပေးတဲ့တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာတော့ ကျွန်တော်တို့ ရုံး ခွဲတွေ ဖွင့်လှစ်နိုင်မှာပါ။ လတ်တ လောမှာတော့ မွန်၊ ရခိုင်၊ ရှမ်း၊ ရန် ကုန်နဲ့ ကရင်တို့မှာ ယာယီရုံးတွေ ဖွင့်လှစ်သွားဖို့ လုပ်နေပါတယ်၊ ရုံး ခွဲတွေကိုတော့ လာမယ့် ၂ဝ၁၇ ခု နှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း ကနေစပြီး ဖွင့်နိုင်အောင် ကြိုးစား နေပါတယ်” ဟု ပြောသည်။

ယခုကာလသည် ဝန်ကြီးဌာန ဖွဲ့စည်းပြီးသွားသည်မှာ ၉ လကြာ မြင့်သွားပြီဖြစ်သည်။သို့သော်လည်း ဝန်ကြီးဌာန၏ လုပ်ဆောင်ချက် က အားရစရာမရှိဟု ထားဝယ် တိုင်း ရင်းသားများပါတီ အထွေထွေအ တွင်းရေးမှူး ဒေါ်နွယ်နီသိန်းက ဝေဖန်သည်။

အရှို ချင်းအမျိုးသားပါတီ အ ထွေထွေအတွင်းရေးမှူး ဆလိုင်း အောင်မင်းလှိုင်ကလည်း ပြည် ထောင်စုအဆင့်အထိ ဖွဲ့စည်းထား သည့်ဝန်ကြီးဌာန၏ လက်တွေ့လုပ် ရပ်က တိုင်းရင်းသားများကို အ လေးမထားပုံ ပေါက်နေသည်ဟု မှတ်ချက်ပြုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*