တောင်ဒဂုံတွင် မြေလွတ်အချို့ ကို မြေချ ပါမစ် စာရွက်တုများလုပ်ပြီး ရောင်းချနေသူ ရှိနေ

တောင်ဒဂုံတွင် မြေလွတ်အချို့ ကို မြေချ ပါမစ် စာရွက်တုများလုပ်ပြီး ရောင်းချနေသူ ရှိနေ
June 23, 2017 Asian Fame

1:12 pm
တောင်ဒဂုံတွင် မြေလွတ်အချို့ ကို မြေချ ပါမစ် စာရွက်တုများလုပ်ပြီး ရောင်းချနေသူ ရှိနေ

သက်ဆိုင်ရာက အမည်ပေါက်မြေချ ပါမစ်ချထားပေးခြင်းမရှိသည့် တောင်ဒဂုံက မြေလွတ်အချို့ကိုမြေချပါမစ်ဖြစ်ကြောင်းယုံကြည်စွာ ပြောပြီး လိမ်လည်ရောင်းချနေမှုများ ရှိနေသည်။

လက်ရှိတွင် ယင်းကိစ္စနှင့် ပတ်သတ်ပြီး ယမန်နေ့က တောင်ဒဂုံရဲစခန်းတွင် အမှုဖွင့် တိုင်တန်းသူလည်း ရှိလာပြီ ဖြစ်သည်။ရဲစခန်းသို့ လာရောက်တိုင်တန်းသူက ၎င်းသည် ဒဂုံတောင်(၅၃)ရပ်ကွက် အတွင်းရှိ ———–လမ်း က အမည်ပေါက်မြေချ ပါမစ်မူရင်းများပါသည့်
ပေ ၂၀-၆၀ မြေကွက် ၂ကွက်အား ငွေကျပ် ၃၄၅သိန်း ဖြင့် ၀ယ်ယူပြီး နောက် သက်ဆိုင်ရာ မြို့ရွာ အိုးအိမ်ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ သွားရောက်စုံစမ်းရာယင်းမြေကွက် ၂ကွက်မှာ အမည်ပေါက်မြေချ ပါမစ်ချထာပေးခြင်းမရှိဘဲ မြေလွတ်များသာဖြစ်သည်ဟု စုံစမ်းသိရှိရသည့်အတွက် လိမ်လည်ရောင်းချသူကို အရေးယူပေးရန်ပြောဆိုတိုင်တန်းခဲ့သည်။ရဲစခန်းကလည်း ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အရေးယူ အမှုဖွင့်ထားသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*