နိုင်ငံတော် အကြီးအကဲများကို စော်ကားပြောဆိုနေမှုများအား ဆက်သွယ်ရေးဥပဒေဖြင့်သာ အရေးယူသင့်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ (၁ )ပြော

နိုင်ငံတော် အကြီးအကဲများကို စော်ကားပြောဆိုနေမှုများအား ဆက်သွယ်ရေးဥပဒေဖြင့်သာ အရေးယူသင့်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ (၁ )ပြော
December 14, 2016 Asian Fame

5:19 am
နိုင်ငံတော် အကြီးအကဲများကို စော်ကားပြောဆိုနေမှုများအား ဆက်သွယ်ရေးဥပဒေဖြင့်သာ အရေးယူသင့်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ (၁ )ပြော

doctor-ag-khin-copy

စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၃

နိုင်ငံ့အကြီးအကဲများကို စော်ကား ပြောဆိုနေမှုများအား ဆက်သွယ်ရေးဥပဒေ ဖြင့်သာ အရေးယူသင့်သည်ဟု ပြည်ထောင် စုလွှတ်ေ တာ် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဒုဥက္ကဋ္ဌ(၁) ဒေါက်တာအောင်ခင် က ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အား ပြင်ဆင်နိုင်ရေးအတွက် ပြည်သူ့ အကျိုးကိုကြည့်ကာ စဉ်းစားနေကြောင်း၊ ပြည်သူများ ဘက်မှ အဓိကရပ်တည်ပြီး စဉ်းစားရမည်ဖြစ်ကြောင်း ၄င်းက ဒီဇင် ဘာ ၁၃ ရက်တွင် ပြောသည်။

”နိုင်ငံတော်အကြီးအကဲကို စော်ကား ပြောဆိုနေတာမျိုးကိုတော့ ဒီဥပဒေပုဒ်မ နဲ့ငြိမယ်။ သို့သော်လည်း တစ်ယောက်နဲ့ တစ်ယောက် ဒီဥပဒေကြီးနဲ့ လုပ်နေတယ် ဆိုရင်တော့ မဟုတ်သေးဘူးပေါ့။ ဒါမျိုး လေးတွေ စဉ်းစားနေရတာပေါ့။ အာမခံချက်မရဘူးဆိုတာလည်း စဉ်းစားနေတယ်။ လုပ်တဲ့ ဥပဒေတိုင်းကတော့ ပြည်သူတွေ အကျိုးအတွက်ပဲ စဉ်းစားရမှာပေါ့။ ပြည်သူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေအတိုင်းသွားရမှာပေါ့။ လိုရင်လိုသလို၊ မလိုရင် မလိုသလို ဥပဒေမျိုးတော့ မလုပ် သင့်ဘူး”ဟု ဒေါက်တာအောင်ခင်က ပြောသည်။

    ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရေးလှုပ်ရှားမှုဦးဆောင် ကော် မတီအဖွဲ့ဝင် မောင်ဆောင်းခက ယခုကဲ့သို့ ဥပေ ဒပြင်ဆင်ရေးသည် ကောင်းမွန်သော် လည်း အဆိုပါဥပဒေပြင်ဆင်ရေးအတွက် လှုပ်ရှားနေသော ကော်မတီများနှင့် ပြင်ပပညာရှင်များ၏ အကြံဥာဏ်ကို ယူသင့် ကြောင်း ပြောသည်။

”ဒီဆက်သွယ်ရေးဥပဒေပုဒ်မပြင်ဆင် ရေးအတွက် လုပ်ဆောင်နေတဲ့အဖွဲ့တွေရှိ တယ်။ သူတို့တွေကိုရော တရားဝင်ဖိတ်ခေါ် တာတွေ မလုပ်ဘူးလားလို့ မေးခွန်းထုတ် ချင်တယ်။ ဘာလို့လဲဆိုတော့ လွှတ်တော် က လူတွေချည်းပဲလုပ်သွားလို့ ကောင်းမွန် တဲ့ဥပဒေတစ်ခု   ဖြစ်မလာနိုင်ဘူး။ ကျွန် တော်တို့အနေနဲ့ တိကျတဲ့အဖြေတစ်ခုလို ချင်တယ်။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ရလဒ်တွေရှိတယ်။ အဲ့ဒီရလဒ်တွေက ဇန် နဝါရီမှာ ထွက်ဖို့ရှိတယ်။ အဲ့ဒီဟာကိုရော သူတို့အနေနဲ့ ဘယ်လိုသဘောထားလဲ ပေါ့။ အဲ့ဒီဟာတွေကိုလည်း   မေးခွန်းထုတ် ချင်တယ်”ဟု ၄င်းကဆက်ပြောသည်။

ထို့အပြင် အဆိုပါဥပဒေပုဒ်မဖြင့် အရေးယူခံရသူများကိုလည်း ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖြေရှင်းခွင့်ပေးသင့် ကြောင်း ၄င်းက   ပြောသည်။

”ဒီမိုကရေစီစံနှုန်းနဲ့အညီ လူ့အခွင့် အရေးပြည့်ဝတဲ့ပုံစံမျိုးဖြစ်အောင် ကျွန် တော်တို့က ဒီဥပဒေကို ပြင်ချင်တာဖြစ် တယ်။ လူတိုင်း တန်းတူအခွင့်အရေးရဖို့ လိုတယ်။ နောက်ပြီးတော့ ဒီဥပဒေက အွန် လိုင်းမှာ တစ်ခုခုပြောလိုက်တာနဲ့ချက်ချင်း ဖမ်းဆီးတာတွေကတော့ မဖြစ်သင့်ဘူး။ သူ့ကိုခေါ်ယူတွေ့ဆုံပြီးတော့ တရားရုံး တင်လို့ရတယ်။ အာမခံပေးရမယ်။ တရား ရုံးက အပြစ်ရှိတယ် အမိန့်ချရင်တော့   ထောင်ထဲသွားရမှာပေါ့။ သို့သော် အမိန့် ချတယ်ဆိုတာလည်း ဃှီုက ထွက်ဆိုချက် တွေပေါ်မှာပဲ မူတည်တာကတော့ မဖြစ် သင့်ဘူး။ စီရင်ချက်ချတာကအစ နည်း ဥပဒေထဲမှာ ထည့်သွင်းပြီးတော့ ဘယ်လို စီရင်ချက်ချရမယ်၊ အပြင်က ပညာရှင် တွေရဲ့အကြံတွေပါ ထည့်သွင်းစဉ်းစားသင့် တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အသံတွေကိုလည်းနားထောင်သင့်တယ်လို့ ထင်တယ်”ဟု ၄င်းက ထပ်မံဆိုသည်။

လက်ရှိအချိန်အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဖွင့်ထားသောအမှု ၄၁ မှုရှိပြီး တရားရင်ဆိုင်ကာ အချုပ်ကျ နေသူ ၁၄ ဦးရှိကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ အမြန်ဆုံးပြင်ဆင်ရေးလှုပ်ရှား မှုဦးဆောင်ကော်မတီထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*