လိုင်စင်လုပ်ငန်းများ လွယ်ကူစေရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ One Stop Service Centre များ ဈေးဝယ်စင်တာများတွင် ဖွင့်မည်

လိုင်စင်လုပ်ငန်းများ လွယ်ကူစေရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ One Stop Service Centre များ ဈေးဝယ်စင်တာများတွင် ဖွင့်မည်
December 14, 2016 Asian Fame

7:31 am
လိုင်စင်လုပ်ငန်းများ လွယ်ကူစေရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ One Stop Service Centre များ ဈေးဝယ်စင်တာများတွင် ဖွင့်မည်

PN-042
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

လိုင်စင်လုပ်ငန်းများ ဆောင်ရွက်မှုလွယ်ကူစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ One Stop Service  စင်တာများ ကို ဈေးဝယ် စင်တာများ၌ လာမည့်နှစ်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

စင်တာများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်သာမက ဈေးဝယ်စင်တာ လေးခုတွင် ဖွင့်လှစ်ရန် ရွေးချယ်ထားပြီးဖြစ်ေ ကြာင်း၊ ဈေးဝယ်စင်တာပိုင်ရှင်များနှင့် အစိုးရအဖွဲ့ ပြန်လည်ညှိနှိုင်း သွားမည်ဖြစ်ကြောင်း၊ လာမည့် နှစ် ဇန်နဝါရီလ နောက်ဆုံး ထား လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။

”အစိုးရအဖွဲ့နဲ့ ပြည်သူ ကြားမှာ ဝန်ဆောင်မှုပေးမယ့် အော်ပရေတာကုမ္ပဏီတစ်ခု ရှိပါမယ်။ ဒီအော်ပရေတာ ကုမ္ပဏီက ရှေးယခင် အစိုးရ ကနေ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီးတော့ ကျွန်မတို့ အစိုးရ သစ်နဲ့ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ Call Center  က ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဝန်ဆောင်မှု အားလုံးကို ဖြေကြားနိုင်မှာ ဖြစ်သလို ပြည်သူတွေအနေ နဲ့လည်းShopping Mall   တွေ ကိုသွားလာနေရင်းနဲ့ သူတို့ လုပ်ဆောင်စရာရှိတဲ့လုပ်ငန်း ကို တစ်ခါတည်းအပြီး လိုအပ် တဲ့ စာရွက်စာတမ်းအပြည့်အစုံ နဲ့ တစ်ခါတည်းအပြီး တင်နိုင် မှာဖြစ်ပါတယ်။ ဒီ သက်ဆိုင် ရာ ဝန်ကြီးတွေနဲ့ ဝန်ကြီးဌာန တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တော့ ပါမစ်ကျတဲ့အချိန် မှာ ဘယ်နေ့ဘယ်ရက်မှာ ဘယ် နံပါတ်နဲ့ ဘယ်လောက်ကျမလဲ ဆိုတာ အပြီးဆောင်ရွက်ပေး မှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

 ပြည်သူများအနေဖြင့် ဟို တယ်နှင့် တည်းခိုခန်းလိုင်စင် များရယူရာတွင် ခက်ခဲမှုများ ရှိနေကြောင်း ပြောကြားကြ သည့်အတွက် ထိုသို့ လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ တွင် ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းလိုင်စင်များကို စမ်းသပ် အစီအစဉ်အဖြစ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရ သည်။

”ဒီဟာလုပ်ရင်တော့ ကြန့်  ကြာတာတွေ မရှိတော့ဘဲနဲ့ နှစ် ပတ်ဆို နှစ်ပတ်၊ သုံးပတ်ဆို သုံးပတ်အချိန်အတိုင်းအတာ အတွင်းမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကိုပြည်ထောင် စုအဆင့်ကို တင်ပြပြီးပါပြီ” ဟု ၄င်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*