အခြေခံပညာဦးစီးဌာနက ဆရာ/မများအပါအ၀င် အခြေခံပညာရေးဝန်ထမ်း ၁၄၇ဦးကို ရာထူးမှ ထုတ်ပယ်

အခြေခံပညာဦးစီးဌာနက ဆရာ/မများအပါအ၀င် အခြေခံပညာရေးဝန်ထမ်း ၁၄၇ဦးကို ရာထူးမှ ထုတ်ပယ်
December 26, 2017 Fame Asian

4:31 pm
အခြေခံပညာဦးစီးဌာနက ဆရာ/မများအပါအ၀င် အခြေခံပညာရေးဝန်ထမ်း ၁၄၇ဦးကို ရာထူးမှ ထုတ်ပယ်

25994766_1664999553562320_1720695235539864743_n

နေပြည်တော်၊ဒီဇင်ဘာ၂၆

အခြေခံပညာဦးစီးဌာနက ဆရာ/မများအပါအ၀င် အခြေခံပညာရေးဝန်ထမ်း ၁၄၇ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။

ထိုအရေအတွက် သည် အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၆ခုနှစ်ဧပြီလမှ ၂၀၁၇ခုနှစ်သြဂုတ်လအထိ အရေးယူခဲ့သော အရေအတွက်ဖြစ်သည်။ အရေးယူခဲ့မှုတွင် အခြေခံပညာရေး အရာထမ်းအဆင့် က ၁ဦးသာ ပါဝင်ပြီး၊အမှုထမ်းအဆင့်က ၁၄၆ဦး ဖြစ်
ကြောင်း သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရသည်။

အခြေခံပညာဦးစီးဌာန မှတာဝန်ရှိသူက ယင်းဝန်ထမ်းများကို ၀န်ထမ်းစည်းကမ်းနှင့်အညီ အရေးယူခဲ့ပါကြောင်းပြောပြီး၊အရေးယူခဲ့ရသည့် ကိစ္စရပ်ထဲတွင် ငွေကြေးကောက်ခံခြင်း၊ပြဌာန်းထားသော ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ပြုမူ မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာဦးစီးဌာနက ဆရာ/မများအပါအ၀င် အခြေခံပညာရေးဝန်ထမ်း ၁၄၇ဦး ကိုရာထူးမှ ထုတ်ပယ်လိုက်သလို ၊အခြားသော ဦးစီးဌာနများနှင့် ပညာရေးဆိုင်ရာ အဖွဲ့ စုစုပေါင်း ၁၁ခု တို့မှ ပညာရေးဝန်ထမ်း ၈၀၀ ကျော် ကို လည်း ၀န်ထမ်းစည်းကမ်းနှင့် အရေးယူခဲ့သည်။ထို ၈၀၀ကျော်ထဲတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသူစုစုပေါင်း ၈၅ဦး ပါဝင်နေသည်။

ပညာရေးဝန်ထမ်း ၈၀၀ ကျော် ကိုအရေးယူမှုတွင် စာဖြင့်သတိပေးခြင်း၊နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊ရာထူးတိုးရပ်ဆိုင်းခြင်း၊ရာထူးအဆင့်လျှော့ချခြင်း၊ရာထူးမှထုတ်ပယ်ခြင်း၊၀န်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း၊တာဝန်မှယာယီရပ်ဆိုင်းခြင်းတို့ အားလုံးပါဝင်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ၀န်ထမ်းများကိုအရေးယူ လိုက်ရခြင်းမှာ စည်းကမ်းဖောက်ဖျက်မှု၊၀န်ထမ်းကျင့်ဝတ်ပျက်ယွင်းမှုနှင့် တာဝန်ပျက်ကွက်မှု တို့ကြောင့် ဖြစ်သည်ဟု ပြောသည်။ပညာရေးဝန်ကြီးဌာနတွင် အရာထမ်း၊အမှုထမ်း ၄၉၇၈၇၂ ဦးရှိသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*