မှော်ယောကြီး ဆင်စခန်းသို့ လာရောက်သူနည်းပါး၍ ခရီးသွားများအောင် လုပ်ဆောင်မည်

မှော်ယောကြီး ဆင်စခန်းသို့ လာရောက်သူနည်းပါး၍ ခရီးသွားများအောင် လုပ်ဆောင်မည်
December 8, 2016 Asian Fame

4:40 am
မှော်ယောကြီး ဆင်စခန်းသို့ လာရောက်သူနည်းပါး၍ ခရီးသွားများအောင် လုပ်ဆောင်မည်
ဓာတ်ပုံ - တင်ကျော်မိုး

ဓာတ်ပုံ – တင်ကျော်မိုး

ဝေရှိုင်းကျော်
ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးရိုးမအတွင်းရှိ မှော်ယော ကြီး ဆင်စခန်းကို ခရီးသွားဧည့် သည်များ လာရောက်လေ့လာမှု နည်းနေသေး၍ လူသိများအောင်
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း  အဆိုပါ စခန်း လက်ထောက်မန် နေဂျာဦးတင်ကျော်မိုးကပြောသည်။

မှော်ယောကြီး ဆင်စခန်း သည် ရန်ကုန်- မန္တလေးအမြန်လမ်း ၁ဝ၅ မိုင် ၄ ဖာလုံမှ ပဲခူးရိုးမတော အတွင်းသို့ မိနစ် ၃ဝ ကြာ ခြေ ကျင် လျှောက်လျှင် ရောက်ရှိနိုင်ပြီး လက်ရှိတွင် အဆိုပါ ဆင်စခန်း၌ ဆင် ၂၁ ကောင်ရှိကြောင်း၊ ခရီး သွားများသည် ဆင်စီး၍ တော   တောင် သဘာဝအလှအပများ ကြည့်ရှုနိုင်မည့်အပြင် ဆင်စာ ကျွေးခြင်း၊ ရေချိုးပေးခြင်း၊ ဆင်နှာ မောင်းပေါ်လူတက်ကာ ပြသခြင်း၊ ဆင်၏ရှေ့ခြေ နောက်ခြေမြှောက် ခြင်းများနှင့် ဘောလုံးကန်ခြင်း စ သည့် ပြကွက်များကိုလည်း ကြည့် ရှုနိုင်မည် ဖြစ်ကြောင်းသိရသည်။

 အဆိုပါ ဆင်စခန်းကို အောက် တိုဘာလအတွင်း စတင်ဖွင့်လှစ်ခဲ့ ပြီး ပြည်တွင်း၊ ပြည်ပခရီးသွား များသည် ပိတ်ရက်များ၊ လပြည့် လကွယ်နေ့များ၌သာ လာရောက် ကြပြီး ကြားရက်များတွင် လာ ရောက်မှု မရှိသလောက် နည်းနေ သဖြင့် ဆင်စခန်းကို ပိုမို လူသိများ   စေရန် ၁၁၅ မိုင် ကားဂိတ်တွင် လက်ကမ်းစာစောင်များ ဝေငှပေး မည်ဖြစ်ကြောင်း သိရသည်။

”တိုးဂိတ်မှာ ခရီးသွားတဲ့ကား တွေက နားကြမှာပါ။ သူတို့ နားတဲ့ အချိန် ကျွန်တော်တို့က စာစောင် တွေဝေမှာပါ။ သူတို့တွေက ချက် ချင်းလိုက်ချင်တယ် ဆိုရင်လည်း အဆင်ပြေပါတယ်။ ကားလေး မောင်းသွားရင် အဆင်ပြေတယ်။ တချို့က မိသားစုလိုက်ဆိုတော့ ပို အဆင်ပြေပါတယ်။ ကားမောင်းဝင် သွားရုံပါ” ဟု ¤င်းက ဆက်ပြော သည်။

ဆင်စခန်းတွင် ခြေကျိုးနေ သောဆင်များ၊ မျက်လုံးမမြင်သော ဆင်များလည်း ရှိပြီး နောက်ပိုင်း တွင် အဆိုပါသက်ကြီးဆင်များ၏
ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း များ၊ ဆင်များကို ပြုစုစောင့်ရှောက် ပုံများကိုပါ ခရီးသွားများလေ့လာနိုင်မည်ဖြစ်ကြောင်း ဦးတင်ကျော် မိုးက ပြောသည်။

ထို့ပြင် ဆင်စခန်းသို့ လာ ရောက်သူများသည် ရွာသူရွာသား များ ထိန်သိမ်းထားသော ကျွန်း တောထဲတွင် သက်သက်သာသာ အပန်းဖြေခြင်း၊ အုပ်စုဖွဲ့ ပါဆယ် ဂိမ်းများ ဆော့ကစားခြင်းတို့ကိုပြုလုပ်နိုင်မည့်အပြင် တောင်ပေါ် ရှုခင်းများကြည့်ခြင်းနှင့် တောတွင်း လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင် မည်ဟု သိရသည်။

အဆိုပါ ဆင်စခန်းသို့သွား ရောက် လည်ပတ်လိုသူများသည် ဖုန်း ဝ၉၄၂၁၇၁၈ဝ၇၉၊ ဝ၉၄ဝ­­ ၂၆၄၉၉၄၄တို့သို့ ဆက်သွယ်စုံစမ်း   နိုင်ကြောင်း  သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*