”စောင့်ကြည့်ရမယ့် အကောင့်တွေကို စောင့်ကြည့်ပါတယ်။ အမှုဖွင့်လို့ရမယ့် အကောင့်တွေကို စုံစမ်းပြီး အမှုဖွင့်သွားမယ်။ ရန်ကုန်ရှေ့နေများ ကွန်ရက် အဖွဲ့ကလည်း ကူညီပေးကြတယ်”

”စောင့်ကြည့်ရမယ့် အကောင့်တွေကို စောင့်ကြည့်ပါတယ်။ အမှုဖွင့်လို့ရမယ့် အကောင့်တွေကို စုံစမ်းပြီး အမှုဖွင့်သွားမယ်။ ရန်ကုန်ရှေ့နေများ ကွန်ရက် အဖွဲ့ကလည်း ကူညီပေးကြတယ်”
December 7, 2016 Asian Fame

5:07 am
”စောင့်ကြည့်ရမယ့် အကောင့်တွေကို စောင့်ကြည့်ပါတယ်။ အမှုဖွင့်လို့ရမယ့် အကောင့်တွေကို စုံစမ်းပြီး အမှုဖွင့်သွားမယ်။ ရန်ကုန်ရှေ့နေများ ကွန်ရက် အဖွဲ့ကလည်း ကူညီပေးကြတယ်”

mta-interview-1

နိုင်ငံ့အကျိုး ပြည်သူ့အကျိုးဆောင်ရွက်နေကြသော လက်ရှိနိုင်ငံတော်အကြီးအကဲများကို အွန်လိုင်းပေါ်ဝယ် ရိုင်းစိုင်းစွာအပုပ်ချမှုများ၊ အသရေဖျက်မှုများ၊ စော်ကားမှုများရှိလာပါက ထိုသို့ပြုလုပ်သူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုနိုင်ရန် စေတနာ့ဝန်ထမ်းတရားလိုလုပ် အမှုဖွင့်ပေးနေသည့် ကွန်ရက်တစ်ခုရှိသည်။ ထိုကွန်ရက်မှာ ‘တရားဥပဒေစိုးမိုးရေးကူညီတည်ဆောက်ကြသူများ’ ဟူသည့် ကွန်ရက်ပင်ဖြစ်လေ၏။ သူတို့ကွန်ရက်မှ အမှုဖွင့်တရားစွဲ ဆိုထားသူတို့ကို သက်ဆိုင်ရာ တရားရုံးများဝယ်အမှုများ စစ်ဆေးကြားနာနေဆဲလည်းဖြစ်သည်။ ထို့ကြောင့် ယင်းကွန်ရက်၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့် လက်ရှိနှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ကွန်ရက်၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးဟိန်းအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ တရားဥပဒေစိုးမိုးရေး ကူညီတည်ဆောက်ကြသူများ ကွန်ရက်စဖွဲ့ ဖြစ်တဲ့အကြောင်း ရှင်းပြပေးပါခင်ဗျာ။

နိုင်ငံအတွက်၊ ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်နေတဲ့ လက်ရှိ နိုင်ငံတော်အကြီးအကဲတွေ ကို ရိုင်းစိုင်းတဲ့ ဝေဖန်အပုပ်ချမှုတွေ ဆက်တိုက်ဆိုသလို ရှိလာတဲ့ အတွက် မခံမရပ်နိုင်လို့ ခုလိုမျိုး ကွန်ရက်တည်ထောင်ဖြစ်ခဲ့တာပါ။ ဖွဲ့တာလည်း သိပ်မကြာသေးဘူးခင်ဗျ။ ပြီးခဲ့တဲ့ ၉ လပိုင်းလောက်ကမှ ကျွန်တော်တို့ အဖွဲ့ ဖွဲ့ခဲ့တာ။ စဖွဲ့တုန်းက ၁ဝ ဦးလောက်ပဲရှိတယ်။

ကွန်ရက်ဖွဲ့ပြီး ပထမဦးဆုံး စလှုပ်ရှားခဲ့တာက ဥဦးဖာဖေ့စ်ဘွတ်အ ကောင့်ပိုင်ရှင်ကို ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်တရား စွဲဆိုလိုက်တာလား။

ဟုတ်တယ်ဗျ။ သူဟာ နိုင်ငံ တော်သမ္မတကြီး ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆိုးဆိုးရွားရွား တိုက်ခိုက်ရေးသားမှုတွေ လုပ်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော် တို့ကွန်ရက်က အဖွဲ့ဝင်တစ်ဦးကနေ ပြီး သူ့ကို ရဲစခန်းမှာ အမှုဖွင့်သွား တိုင်လိုက်တယ်။ အခု သူ အဖမ်းခံလိုက်ရပြီး အမှုရင်ဆိုင်နေပါတယ်။

အဲဒီအမှုပြီးတော့ရော။

နေပြည်တော်က ကိုနေလင်းအောင်ဆိုတဲ့သူ။ သူ့ကိုလည်း ကျွန်တော်တို့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်။ ရှေ့လာမယ့်ရက်အနည်းငယ်ထဲမှာ သူ့ရုံးချိန်း ရှိတယ်။

သူကရော။

နိုင်ငံတော် အကြီးအကဲတွေ ကို စော်ကားတဲ့စာတွေကို သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်တယ်ဗျ။ ဒါ့ ကြောင့် ကျွန်တော်တို့ သူ့ကို ရဲတိုင်လိုက်တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်နေတဲ့သူကို စော်ကားရင် ဥပဒေအရ လက်တုံ့ပြန်မှာပဲ။

အဲဒီလိုလိုက်ပြီး ဆောင်ရွက်ရမယ်လို့ တိုက်တွန်း ညွှန်ကြားတဲ့သူရှိလို့ ကိုပြည့်ဖြိုးဟိန်းတို့ကွန်ရက်က ဆောင်ရွက်တာလားဗျ။

ဘယ်သူမှ မတိုက်တွန်းဘူး။ ဘယ်သူကမှလည်း မခိုင်းစေဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒအရ ကျွန်တော်တို့လုပ်တာ။ ကျွန်တော်တို့ကွန်ရက် အဖွဲ့ဝင်တွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တွေလည်း မဟုတ်ဘူး။

ကိုပြည့်ဖြိုးဟိန်းတို့ ကွန်ရက်အဖွဲ့ဝင်တွေက နေ့တိုင်း ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်နေတာလား။

အမြဲတမ်း စောင့်ကြည့်စရာတော့ သိပ်မလိုဘူးခင်ဗျ။ တာဝန်သိပြည်သူတွေက ကျူးလွန်သူတွေကို ဂရု(ပ်)ပေါ် ဒါမှမဟုတ် ချက်ဘောက်ကနေ ပို့ပေးကြပါတယ်။

အခုလို ရဲစခန်းမှာ အမှုတွေဖွင့်၊ တရားလိုလုပ်ပြီးတရားတွေစွဲ၊ ဒါတွေဟာတစ်ဖက်နဲ့တစ်ဖက်သင့်မြတ်ရေးအစား တစ်ဖက်နဲ့ တစ်ဖက်ဟာ အမုန်းပွားမှုတွေကို ဦးတည်သွားစေတယ်လို့ မထင်ဘူးလားဗျ။

ကျွန်တော်တော့ မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဝေဖန်တာ က ဝေဖန်လို့ရပါတယ်။ ထောက်ပြတာက ထောက်ပြလို့ရတယ်။ မကြိုက်တာက မကြိုက်လို့ရတယ်။ မထောက်ခံတာက မထောက်ခံလို့ ရတယ်။ ဒါပေမယ့် ကြမ်းတမ်းရိုင်း စိုင်းတဲ့ လုပ်ရပ်တွေ၊ တိုက်ခိုက်မှု တွေကို လုပ်ခွင့်မရှိဘူး။ အဲဒီလို လုပ်နေလို့၊ အဲဒီလိုမျိုး လုပ်နေတဲ့ သူတွေကို တားဆီးတဲ့သူမရှိလို့၊ အဲ ဒီလို လုပ်နေတဲ့ သူတွေကိုယ်တိုင် ခုထိမရပ်ကြသေးလို့ ကျွန်တော်တို့က တရားလိုလုပ်ပြီး အမှုဖွင့် တိုင်တန်းနေရတာ။ ဒါ့ကြောင့်သင့် မြတ်ရေးကို သူတို့ဘက်က မလုပ် ကြဘူး။ ကျွန်တော်ပြောတာက နိုင်ငံရေးပါတီတွေ မပါဘူးနော်။ လူပုဂ္ဂိုလ်တွေကို ပြောတာ။ အဲဒီ လူပုဂ္ဂိုလ်ဆိုတာကလည်း ကြမ်းတမ်းရိုင်းစိုင်းစွာ တိုက်ခိုက်နေတဲ့ သူတွေကို ပြောတာ။

ကိုပြည့်ဖြိုးဟိန်းတို့ ကွန်ရက်ကို အခုရက်ပိုင်း သတိထားစောင့်ကြည့်တဲ့အခါမှာ စခရင်ရှော့တွေရိုက်ပြီးတိုင်သူတွေ ရှိနေတာကို တွေ့နေ ရတယ်။ အဲဒီဖြစ်စဉ်တွေအပေါ်ကို ရော ဘယ်လိုဆက်လုပ်သွားဖို့ရှိနေ လဲ။

စောင့်ကြည့်ရမယ့် အကောင့်တွေကို စောင့်ကြည့်ပါတယ်။ အမှုဖွင့်လို့ရမယ့် အကောင့်တွေကို စုံစမ်းပြီး အမှုဖွင့်သွားမယ်။ ကွန်ရက်ကို ကူညီနေတဲ့သူတွေလည်း ရှိ တယ်ဗျ။ ဒါ့အပြင် ရန်ကုန်ရှေ့နေ များကွန်ရက်အဖွဲ့က ရှေ့နေတွေ ကလည်း ကူညီပေးကြတယ်။ ကျွန် တော်တို့ တိုင်တန်းတဲ့ဘက်ကနေ ပေါ့ဗျာ။ သူတို့ရဲ့ အကြံပြုချက်တွေ ကိုလည်း ကျွန်တော်တို့ရယူပါတယ်။ နောက်ပြီး ဥပဒေအကြံပေးတွေ လည်း ရှိတယ်ဗျ။ သူတို့ရဲ့ အကူအညီတွေကိုလည်း ကျွန်တော်တို့ရယူ ပါတယ်။

အွန်လိုင်းကနေ တစ်ဆင့် လက်ရှိ နိုင်ငံတော်အကြီးအကဲတွေကို တိုက်ခိုက်သူတွေကိုပဲ ကိုပြည့်ဖြိုးဟိန်းတို့ ကွန်ရက်က ဦးတည်တာလားခင်ဗျ။

အဓိက ကတော့ အဲဒီကိစ္စပေါ့ လေ။ နောက်ပြီး ကျွန်တော်တို့က မတရားခံရတဲ့ ကိစ္စတွေကိုလည်း လိုက်ပါကူညီနေပါတယ်။ ဥပမာသက်ငယ်မုဒိမ်းကိစ္စဗျာ။ သွား ရောက်နှစ်သိမ့်အားပေးတာ၊ ငွေ ရေးကြေးရေး အကူအညီပေးတာ၊ ရှေ့နေတွေ ငှားပေးတာ။ ဒါတွေလည်းလုပ်ပါတယ်။ ဒါ့အပြင် မတရားခံရတယ်လို့ တိုင်တန်းလာတဲ့သူ တွေရှိရင်လည်း ကျွန်တော်တို့ကူညီ နိုင်တဲ့ဘက်ကနေ ကျွန်တော်တို့ ကူညီပေးနေပါတယ်။

ပုဒ်မ ၆၆(ဃ)ကို ဘယ်လိုမြင်လဲဗျ။

ရှိသင့်တဲ့ ဥပဒေပုဒ်မပါ။ ဒါ့ ကြောင့်လည်း ဒီပုဒ်မကို ကိုင်စွဲပြီး ကျွန်တော်တို့က အမှုဖွင့်တာတို့၊ တိုင်တန်းတာတို့ လုပ်နေတာပေါ့။ ဒါပေမယ့်လည်းပဲ ပြင်သင့်တဲ့ အ ချက်အချို့တော့ ရှိနေပါတယ်။ ဥပ မာဗျာ။ ကျွန်တော့်ဓာတ်ပုံနဲ့ ကျွန် တော့်နာမည်သုံးပြီး အကောင့်ဖွင့် မယ်။ ပြီးတော့ အဲဒီအကောင့်ကနေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်စော်ကားတာ တွေ လုပ်မယ်။ ဒါနဲ့ပဲ ကျွန်တော့်ကို လာဖမ်းမယ်ဆိုရင်တော့ မဖြစ်သင့် ဘူး။ သေသေချာချာ စစ်ဆေးသင့် တယ်။ အဲဒီလို ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကွန်ရက်ဟာ လတ်တလောအချိန်မှာတော့ ပြည် ထဲရေးဝန်ကြီးဌာနကို သွားပြီးတော့ မှတ်ပုံတင်တွေ ဘာတွေလုပ်ပြီး တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု မဟုတ်သေးပါဘူး။ ဒီလိုပဲ ဝါသနာတူတဲ့လူတွေစုပြီး ဖွဲ့ထားတဲ့ကွန် ရက်ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တရားဝင် မှတ်ပုံတင်ပြီး ဆောင်ရွက်သွားမယ့်အဖွဲ့အထိ ဖြစ်အောင် စီစဉ်ထားပါတယ်။

ကွန်ရက်ရဲ့ နောက်ဆုံးရည်မှန်းချက်က ဘာလဲဗျ။

ကျွန်တော်တို့တွေ ကျွန်တော် တို့ တတ်စွမ်းသလောက် မတရားမှုတွေကို ဖော်ထုတ်မယ်။ တရားဥ ပဒေစိုးမိုးရေးအတွက် ဆက်လက်ကူညီသွားမယ်။

ဟုတ်ကဲ့။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*