ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလေးရှားတွင် မငြိမ်မသက်ဖြစ်နေသော်လည်း အလုပ်သမားပို့ဆောင်မှုပုံမှန်ရှိ

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလေးရှားတွင် မငြိမ်မသက်ဖြစ်နေသော်လည်း အလုပ်သမားပို့ဆောင်မှုပုံမှန်ရှိ
December 7, 2016 Asian Fame

7:48 am
ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မလေးရှားတွင် မငြိမ်မသက်ဖြစ်နေသော်လည်း အလုပ်သမားပို့ဆောင်မှုပုံမှန်ရှိ

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီ အရေးနှင့်ပတ်သက်၍ မလေးရှား နိုင်ငံတွင် မငြိမ်မသက်ဖြစ်နေ သော်လည်း မလေးရှားသို့ မြန်မာ လုပ်သားပို့ဆောင်မှု ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အားကစားရုံကြီး တစ်ခုအတွင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာ ဇာတ်နှင့် အတိုက်အခံ Pan Malaysian Islamic Party (PAS)  ပါတီခေါင်းဆောင် အက်ဗ်ဒူဟာဒီ အာဝမ်တို့နှစ်ဦး ယှဉ်တွဲလျက် မြန် မာပြည် တွင်းရှိ ဘင်္ဂါလီများကို အ ကာအကွယ်ပေးရေး ဆန္ဒထုတ် ဖော်ပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စ နှင့်ပတ်သက်၍ မလေးရှားနိုင်ငံရှိ သံရုံး၊   မြန်မာပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အဖွဲ့ချုပ်MOEAF တို့က မလေးရှားနိုင်ငံ သို့ရောက်ရှိနေသော မြန်မာများအ နေဖြင့် သတိပြုနေထိုင်ကြရန် ထုတ်ပြန်ထားကြသည်။

သို့သော် လက်ရှိ မလေးရှားသို့ မြန်မာအလုပ်သမား ပို့ဆောင်မှုမှာ ယခင်အတိုင်း ပုံမှန်ရှိနေဆဲဖြစ် ကြောင်း အလုပ်သမား ဝန်ကြီး ဌာန ရွှေ့ပြောင်း လုပ်သားရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောသည်။

”အလုပ်သမား တွေကတော့ ခေါ်စာကျပြီးသားတွေ အားလုံး ပုံ မှန်အတိုင်း သွားနေပါတယ်။ ဟို ဘက်မှာလည်း သံရုံးကနေ သတိ   ပေးတာတွေတော့ ပြုလုပ်ထားပါ တယ်။ လာမယ့် ၇ ရက်နေ့ နောက် ပိုင်းဆိုရင်တော့ ဘယ်လောက်သွား တယ်ဆိုတာ လအလိုက် စာရင်းရ တော့မှာပါ” ဟု ၄င်းကဆိုသည်။

ယင်းနှင့် ပတ်သက်၍ မလေး ရှားနိုင်ငံရှိ မြန်မာပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီအဖွဲ့ ချုပ် MOEAF   ရုံးခွဲမှလည်း မလေး ရှားရောက် မြန်မာလုပ်သားများ အနေဖြင့် သတိထားနေထိုင်ကြရန် အကြောင်းကြားစာ ထုတ်ပြန်ထား ကြောင်း၊ ဆက်လက်ဖြစ်ပေါ် လာမည့်အခြေအနေများကို စောင့် ကြည့်နေကြောင်း MOEAF  မှ တွဲ ဖက်အတွင်းရေးမှူး ဦးမြတ်သူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

   ”မလေးရှားဝန်ကြီးချုပ်က သူ့ နိုင်ငံရေးလှည့်ကွက်အရ အသုံးပြု နေတော့ ကျွန်တော်တို့ အနေနဲ့ လည်း သတိထားပြီးတော့ စောင့် ကြည့်နေပါတယ်။ သိပ်တော့မထူး သေးပါဘူး။ ဒါပေမယ့် အလုပ် သမား သွားနှုန်းကတော့ ပုံမှန် အတိုင်းပါပဲ” ဟု ၄င်းကဆိုသည်။

 ဒီဇင်ဘာလ ၉ ရက်နေ့တွင် လည်း မလေးရှားနိုင်ငံရှိ ကုမ္ပဏီ ကြီးတစ်ခုက မြန်မာနိုင်ငံမှ အလုပ် သမား ၁ဝဝ ကို အခမဲ့စနစ်ဖြင့် ခေါ် မည့်  အစီအစဉ်တစ်ခုရှိနေပြီး ဒီဇင်ဘာလ ၉ ရက်နေ့တွင် အလုပ်သမားများကို  အင်တာဗျူး လုပ်မည်ဖြစ်ကြောင်း သိရသည်။

 ယင်းအလုပ်သမား ၁ဝဝ မှာ နိုင်ငံကူးလက်မှတ်မှအစ မလေး ရှား နိုင်ငံသို့ရောက်ရှိ အလုပ်လုပ် နိုင်သည်အထိ တစ်ကျပ်မှ ပေးရ မည် မဟုတ်ဘဲ အားလုံးစရိတ်    ငြိမ်းစနစ်ဖြင့် သွားရောက်ရမည်ဖြစ် သည်။

လက်ရှိ MOEAF လက် အောက်တွင်ရှိသော အလုပ်အကိုင် အေဂျင်စီများထဲတွင် ၁၅ဝ ခန့်မှာ မလေးရှားသို့ အလုပ်သမားပို့သည့် ကုမ္ပဏီများဖြစ်သည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား တစ်ခါပို့လျှင် ရာကျော်ပို့သော် လည်း မလေးရှားသို့မူ ၂ ဦး၊ ၃ ဦး၊ ၁ဝ ဦး စသည်ဖြင့်သာ ပို့ဆောင် လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*