အထည်ချုပ်အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံနေရဆဲဖြစ်ကြောင်း စစ်တမ်းထုတ်ပြန်

အထည်ချုပ်အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံနေရဆဲဖြစ်ကြောင်း စစ်တမ်းထုတ်ပြန်
December 7, 2016 Asian Fame

7:51 am
အထည်ချုပ်အလုပ်သမားများ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံနေရဆဲဖြစ်ကြောင်း စစ်တမ်းထုတ်ပြန်

industry-labour2-copy

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၎

အစိုးရသစ်သက်တမ်း တစ် နှစ်ခန့်ကြာပြီ ဖြစ်သော်လည်း အထည်ချုပ်စက်ရုံ အလုပ်သမား များအား တိကျသော ဥပဒေများ ဖြင့် အကာအကွယ်ပေးရန်လိုအပ် နေဆဲဖြစ်ကြောင်း အထည်ချုပ် လုပ်သားများနှင့် ပတ်သက်သည့် စစ်တမ်းအရ သိရသည်။

အဆိုပါစစ်တမ်းကို ‘အနိမ့် ဆုံးကို မြှင့်တင်ပေးခြင်း မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်း အခြေ အနေ အစီရင်ခံစာ’ ဟု အမည်ပေး ထားပြီး  အထည်ချုပ် လုပ်ငန်းများ တွင် ကြုံတွေ့နေရသော အထည် ချုပ်စက်ရုံ အလုပ်သမားများ၏ ဒုက္ခအဝဝကို ထုတ်ဖော်ကောက် ယူထားသည့် စစ်တမ်းတစ်ရပ်ဖြစ် သည်။

ယင်းစစ်တမ်းတွင် အထည် ချုပ်စက်ရုံ လုပ်သားကဏ္ဍ၌ အ လုပ်သမား များပြားသဖြင့် လုပ် သားများသည် မိမိအလုပ်မပြုတ် ရေးအ တွက်  အလုပ်ရှင်၏ ခေါင်း ပုံဖြတ် အနိုင်ကျင့်မှုကို သည်းခံ လုပ်ကိုင်နေကြကြောင်း ဖော်ပြ ထားသည်။

တွေ့ဆုံ မေးမြန်းမှုအရ အ ထည်ချုပ်လုပ်သားများ၏ ၉၅ ရာ ခိုင်နှုန်းသည် တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ကြရကြောင်း၊ အလုပ်သ မား ၈၈ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် ၁ဝ နာရီအထက် အလုပ်လုပ်ရကြောင်း၊ ထို့ပြင် အ နည်းဆုံး အခကြေးငွေကျပ် ၃၆ဝဝ ကို အများဆုံးအခကြေးငွေအဖြစ် အသုံးပြုလျက်ရှိသည်ကိုတွေ့ရှိရ ကြောင်း စစ်တမ်း ကောက်ယူခဲ့ သည့် အလုပ်သမား အဖွဲ့အစည်း များမှ တစ်ခုဖြစ်သည့် အလုပ်သ မားအချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့ ဒါရိုက်တာ ကိုပြည်သစ်က ဆိုသည်။

ယင်းအပြင် အမျိုးသမီးများ သာအများစု လုပ်ကိုင်ကြသည့် အ ထည်ချုပ်စက်ရုံ အလုပ်သမား ကဏ္ဍတွင် အမျိုးသမီး လုပ်သား ၂၇ ရာခိုင်နှုန်းမှာ မီးဖွားခွင့် ယူ၍ ရသည်ကိုမသိရှိကြောင်း၊ ၁၅ ရာ ခိုင်နှုန်းမှာ မသေချာသည့် အခြေ အနေတွင် ရှိသည်ဟု ဖြေကြားကြ   ကြောင်း  စစ်တမ်းတွင် ဖော်ပြထား သည်။

”မီးဖွားပြီးတဲ့ အလုပ်သမား အများစုက အလုပ်ပြန်မဝင်ကြ တော့ဘူး။ ပြန်ဝင်ကြတဲ့သူတွေက လည်း ပြန်ဝင်လို့ရှိရင် မူလ လုပ် သက်တွေ ဘာတွေနဲ့ ပြန်မဝင်ရ တော့ဘဲ အလုပ်သမား အသစ် တစ်ရက်လုပ်ခ ၁၈ဝဝ နဲ့ ပြန်လုပ်ရ တာကိုသွားတွေ့ရတယ်။ လူမှုဖူ လုံ ရေးကတ် မရှိတဲ့အတွက် နေ မကောင်းဖြစ်ရင် လစာဖြတ်ခံရ ပြီးခွင့်ယူရတယ်။ စက်ရုံတွေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ အိမ်သာလုံလောက် မှုမရှိဘူး။ ၇ဝ ရာခိုင်နှုန်းကတော့ အလုပ်သမားတစ်ဦး တစ်ရက်ကို အိမ်သာဘယ်နှကြိမ် သွားခွင့်ရှိ တယ်ဆိုပြီး သတ်မှတ်ထားတယ်။  သတ်မှတ်ထားတာထက် ပိုသွားလို့ မရဘူး။ ကျန်းမာရေးစောင့်ရှောက် မှု အားနည်းတာက စက်ရုံတွေရဲ့ ၇ဝ ရာခိုင်နှုန်းလောက် ဖြစ်နေ တယ်” ဟု အလုပ်သမားအခွင့်အ ရေး လှုပ်ရှားသူများအဖွဲ့မှ ဒါရိုက် တာ ကိုသူရိန်အောင်ကဆိုသည်။

ယင်းအပြင် အထူးခြားဆုံး ကိစ္စတစ်ရပ်အနေဖြင့် အလုပ်သ မားများကို လစာရှင်းပေးသည့် အခါ ရရှိသည့် လစာစလစ်သည် အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသည်များ ဖြစ်သည့်အတွက် အလုပ်သမားများ နားမလည် ကြောင်း၊ ယင်းအပြင် အချို့စက်ရုံ များတွင် အုပ်ချုပ် သူ နိုင်ငံခြား သားနှင့် အလုပ်သမားများကြား စကားပြန် ထားရှိခြင်းမရှိကြောင်း၊ ထို့ကြောင့် အလုပ်သမားများ နား မလည်သည့် ဘာသာစကားဖြင့် လစာစလစ်ထုတ်သည့်အခါ လစာ ငွေခိုးယူခြင်းကိစ္စ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ယင်းကြောင့် တိကျသေချာ သည့် ဥပဒေများ၊ ကြေညာချက် များဖြင့် အထည်ချုပ်စက်ရုံ အလုပ် သမားများကို ကာကွယ်ပေးရန် လိုအပ်နေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းစစ်တမ်းကို ယခုနှစ် နှစ် ဆန်းမှ စတင်ကောက်ယူခဲ့ခြင်း ဖြစ်ပြီး စစ်တမ်းအတွက် စက်မှုဇုန် ၁၄ ခု၊ အထည်ချုပ်စက်ရုံ ၆၂ ရုံမှ  အလုပ်သမားများကို မေးမြန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အ ထည်ချုပ်စက်ရုံ ၃၅ဝ ကျော်ရှိ ပြီး ယင်းကဏ္ဍမှ လုပ်သား နှစ်သိန်း လေးသောင်းကျော်အတွက် အလုပ် အကိုင် အခွင့်အလမ်း ပေးထား လျက်ရှိသည်။ သို့သော် ဆန္ဒပြ သပိတ်မှောက်မှုများနှင့် အလုပ် သမား ပြဿနာများကို  အများဆုံး ဖြစ်ပေါ်စေ လျက်ရှိသည့် ကဏ္ဍမှာလည်း အထည်ချုပ်စက်ရုံ အ လုပ်သမားကဏ္ဍပင် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*