ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေဖြင့် နားလည်မှုရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေဖြင့် နားလည်မှုရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
December 7, 2016 Asian Fame

4:48 am
ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေဖြင့် နားလည်မှုရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

daw-su-say-to-int

စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ ၆

ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေဖြင့် နားလည်မှုရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အား ဒီဇင်ဘာ ၆ ရက်နံနက်က နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် တွေ့ဆုံခဲ့ရာတွင် ပြောကြား ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေဖြင့် ၂၉-၁၁-၂ဝ၁၆ ရက်နေ့မှ ၅-၁၂-၂ဝ၁၆ ရက်နေ့အထိ ခရီးစဉ်များအတွင်း လေ့လာ တွေ့ရှိချက်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရှင်းလင်းတင်ပြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အကြံပေးကော်မရှင်အနေဖြင့် လေ့လာတွေ့ရှိမှု များအပေါ် မူတည်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့လုပ်ငန်းများ ဆောင်ရွက်နေမှု၊ NV ကတ် စိစစ်ထုတ်ပေးမှုလုပ်ငန်းစဉ်၊ ဒေသအတွင်းတစ်နေရာမှ တစ်နေရာသို့ လွတ်လပ်စွာကူးသန်းသွားလာ မှုဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားသော ကိစ္စရပ်များတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပတ်သက်သည့် အကြံပြုချက်များအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာ မြင့်နေပြီဖြစ်သည့် ပြဿနာများကို ဖြေရှင်း ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအနေဖြင့် အချိန်ယူဆောင်ရွက် ခွင့်ပေးရန်နှင့် နားလည်မှုရှိရန်လိုအပ်ကြောင်း ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရခိုင် ပြည်နယ် ည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*