ကူးလူးယှက်ဖြာ အချစ်များစွာ

ကူးလူးယှက်ဖြာ အချစ်များစွာ
December 7, 2016 Asian Fame

5:50 am
ကူးလူးယှက်ဖြာ အချစ်များစွာ
ပိတ်ပွဲနေ့ ပြည်သူ့ရင်ပြင်ထဲကနေတွေ့ရတဲ့ ရွှေတိဂုံစေတီတော် မြတ်ကြီးနဲ့ အရုပ်ကြီး ၂ ရုပ် မြင်ကွင်းပါ။

ပိတ်ပွဲနေ့ ပြည်သူ့ရင်ပြင်ထဲကနေတွေ့ရတဲ့ ရွှေတိဂုံစေတီတော် မြတ်ကြီးနဲ့ အရုပ်ကြီး ၂ ရုပ် မြင်ကွင်းပါ။

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုချင်း မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ခဲ့တာကတော့ ဒီနှစ်ဆိုရင်  ၅၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီလို (၅၅) နှစ်သက်တမ်း ပြည့်မြောက်တဲ့အနေနဲ့ ပွဲတော်တစ်ခုကို ရန်ကုန်မြို့မှာ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကတော့ အများစိတ်ဝင်တစား ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ”မင်္ဂလာပါ” ပွဲတော်ပဲ ဖြစ်ပါတယ်။ ပွဲတော်ကို ဒီဇင်ဘာလ ၂ ရက်နေ့ ကနေစပြီး သုံးရက်တိုင် ကျင်းပခဲ့ပါတယ်။ ပွဲတော်မှာ အဓိကပါဝင်တဲ့ ဇာတ်ကောင် ၂ ကောင်ရှိပါတယ်။ ဒါကတော့ ပြင်သစ်နိုင်ငံကနေလာတဲ့ ရုပ်သေးရုပ်အကြီးစားကြီး ၂ ရုပ်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းတင်ဆက်တဲ့ ဒီပွဲတော်မှာ ရုပ်သေးရုပ်ကြီးနှစ်ရုပ်ကို ဒီဇင် ဘာ၂ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ရန်ကုန်မြို့လယ်မှာ လှည့်လည်ကပြခဲ့သလို ညနေပိုင်းတွေမှာလည်း စက်ဘီးအလှစီး တင်ဆက်မှုတွေ၊ ရုပ်သေးရုပ်ကြီးနှစ်ရုပ်နဲ့ ဖျော်ဖြေတာတွေ၊ ပြင်သစ်ဂီတနဲ့ မြန်မာ့ဆိုင်းဝိုင်းတို့ ပူးတွဲဖျော်ဖြေတာတွေ၊  မြန်မာအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေအပြင် ရန်ကုန်မြို့တော်ခန်းမကို ပိတ်ကားလိုအသုံးပြုပြီး 3D ရုပ်ရှင်ပြသတာတွေပါ ပြုလုပ်ခဲ့ပါတယ်။ ပွဲကိုလာရောက်ကြည့်ရှုတဲ့လူတွေ ထောင်နဲ့ချီပြီးကိုရှိခဲ့ပါတယ်။

ဒီပွဲတော်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နေမဟုတ်တဲ့ အနယ်နယ်အရပ်ရပ်ပြည်သူတွေရော၊ ရန်ကုန်မြို့နေပြည်သူတွေရော တစ်ဖန်ပြန်လည် မြင်တွေ့ခံစားစေဖို့ ဒီတစ်ပတ် Photo Essay အဖြစ် Popular News Journal ကနေ ထပ်မံ တင်ဆက်ဖော်ပြလိုက် ရပါတယ်။ ရှုစားကြပါကုန်ပရိသတ်တို့ …

ဓာတ်ပုံ – Asian Fame Media Group

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*