မြန်မာကင်းထောက် ရာပြည့်ပွဲ

မြန်မာကင်းထောက် ရာပြည့်ပွဲ
November 30, 2016 Asian Fame

5:23 am
မြန်မာကင်းထောက် ရာပြည့်ပွဲ

king

ဦးဖူးညိုဆိုသော အသက် ၈ဝ ကျော် လူပျိုကြီးက တဲကလေးတစ်လုံးတွင် တစ်ယောက်တည်း နေသည်။ သူ့ရေသူခပ်၊ သူ့ထမင်း သူချက်စားသည်။ ကျွန်တော်တို့ အုပ်စုက သူ့တဲရှေ့ရောက်သွားကြ ကာ၊ သူခုတ်ထားသော ပိတောက် ကိုင်း၊ ကုက္ကိုကိုင်းများကို အသင့်သုံးထင်းတွေဖြစ်ရန် အလောတော်အရွယ်တွေ ခုတ်ပေး၏။ အိမ် နောက်ဖေး ရေတွင်းထဲမှ ရေကိုငင်ကာ၊ ချိုးရေသုံးရေ စဥ့်အိုးတွေထဲ ဖြည့်ပေး၏။ ကျွန်တော်တို့ ကလေးတစ်စုအားကြိုးမာန်တက် လုပ်ကိုင်နေ တာကို ဦးဖူးညိုကြီးက သဘောကျ ပြီး ခေါင်းတဆတ်ဆတ်ညိတ် ပြုံး ပြုံးကြီးကြည့်နေ၏။ ပြီးတော့ ငွေတစ်ကျပ်ထုတ်ပေး၏။

မုဆိုးမ ဒေါ်မြဘူးကျတော့ မိတဆိုး မြေးမလေးတစ်ဦးကိုသာ အဖော်ပြုနေရ၏။ ပေ ၅ဝ ပတ် လည် သူ့ခြံထဲမှာက ဆူးချုံတွေ၊ မြက်တွေ ထူပြောနေ၏။ အိမ် နောက်ဖေး ရေနုတ်မြောင်းကလည်း ရေစီးရေလာ မကောင်းသဖြင့် ရေ တွေသိုးပုပ်နေကာ ခြင်တွေ တရုန်းရုန်းဖြစ်နေ၏။ ကျွန်တော်တို့ အင် အားငါးဆယ်လောက်က ချုံနွယ် ပိတ်ပေါင်းတွေ ရှင်း၊ ရေမြောင်းကို ပြန်ဖော်ပေးကြသည်။ ဒေါ်မြဘူးက သာဓုအကြိမ်ကြိမ်ခေါ်ပြီး ငွေ နှစ်ကျပ်ထုတ်ပေး၏။စနေ၊ တနင်္ဂနွေဆိုလျှင် ကျွန်တော်တို့ ကင်းထောက်မောင်မယ်များသည် ရပ်ကွက်တွင်း လှည့်လည်သွားလာကာ ‘လုပ်ငန်းတစ် ရပ်ငွေတစ်ကျပ်’ အစီအစဉ်ဖြင့် ရပ်ရေးရွာရေးများတွင် ဝိုင်းဝန်းကူ ညီလုပ်ဆောင်ပေးကြသည်။ စေတ နာရှင်များကလှူဒါန်းသော ငွေများ ကို ကင်းထောက်ရန်ပုံငွေထဲသို့ ထည့်သွင်းရ၏။

‘ကူညီရန်အသင့်’ ဆိုသော ဆောင်ပုဒ်ကို နေ့စဉ်ရွတ်ဖတ်နေရုံ မျှမက လက်တွေ့ပါကျင့်သုံးကြ၏။ လူသွားလမ်းတစ်လျှောက် ခလုတ် ကန်သင်းတွေ၊ ပုလင်းကွဲတွေ ရှင်း ပေးကောက်ပေးသည်။ ကားလမ်း ဖြတ်ကူးဖို့ အခက်အခဲ ကြုံနေသော အဘိုးအဘွားများကို တွဲယူဖေးမ လမ်းကူးပေးသည်။ စောင်တွေ၊ အိပ်ရာခင်းတွေ လျှော်ပေးသူလျှော် ပေး၊ ပန်းကန်ခွက်ယောက် ဆေးသူဆေး။ ပြည်သူလူထုကို ကူညီလုပ် ဆောင်ပေးသော အချိန်မှလွဲ၍ ကျန်သောအချိန်များတွင် မီးဖို နည်း၊ ကြိုးချည်နည်း၊ ယာယီရွက် ဖျင်တဲထိုးနည်း၊ လှေလှော်နည်း၊ တောစခန်းထွက်နည်း၊ ရှေးဦးသူ နာပြုနည်း စသည်တို့ကို သင်ကြား ကြရ၏။

ကျွန်တော်နေသော ကျောင်း က ယခု ဓမ္မစေတီလမ်း (ယခင် ဘောင်ဒရီလမ်း)မှ ဒေါ်ခင်ခင်အေး အလွတ်ပညာသင်ကျောင်း ဖြစ်၏။ ကျွန်တော်တို့ကျောင်းတွင် ‘ကင်း ထောက်အဖွဲ့’ ဖွဲ့စည်းထားသည်။ ကျွန်တော့်အဘိုးဖြစ်သူက ဦးစိန် တင်(သိပ္ပံမောင်ဝ)နှင့်အတူ ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်၏။ သူ နယ်ပိုင်ဝန်ထောက်၊ အရေးပိုင်အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့ တွင် ကင်းထောက်အဖွဲ့အစည်းများ ကို ဦးဆောင်ဖွဲ့စည်း လှုပ်ရှားခဲ့ သည်။ အဘိုးက ကင်းထောက်ဖြစ် တော့ အဖေလည်း ကင်းထောက် ပေါ့။ ကင်းထောက်အဖွဲ့၏ ရည်ရွယ် ချက်နှင့်အကျိုးကျေးဇူးကို ကောင်း စွာသိသော အဖေက ကျွန်တော့်ကို ကင်းထောက်အဖွဲ့ထဲ ဝင်စေခဲ့၏။ ထို့ကြောင့်ကျွန်တော်က အဘိုး ကင်းထောက်၊ အဖေကင်းထောက်၊ ကျွန်တော်ကင်းထောက် ဖြစ်လာ သည်။ ပို၍ ကံကောင်းသည်မှာ ကျွန်တော်နှင့် ခြံချင်းကပ်နေသူမှာ ‘မစ္စတာပါးရှပ်’ ဆိုသူဖြစ်၏။ သူက ကင်းထောက်မင်းကြီးအဖြစ် တာ ဝန်ယူနေရာ၊ သူ့ထံမှ ကင်းထောက် အလေ့အကျင့်ကောင်းများ ကျွန် တော့်ကို ရိုက်ခတ်ကူးစက်ခဲ့သည်။ ကျွန်တော်၏ ကင်းထောက်ဆရာ က ကိုဘိုနီဟု ကျွန်တော်တို့ ချစ် စနိုးခေါ်ကြသော ဦးကျော်မင်းဖြစ် ၏။ (နောင်အခါ New Light of Myanmar အင်္ဂလိပ်သတင်းစာအယ် ဒီတာချုပ် ဆရာမင်းကျော်မင်း)။ သူက ကင်းထောက်တို့ တတ်သိ တတ်အပ်သောပညာမှန်သမျှ ကျွန် တော်တို့ကို သင်ပေး၏။

မြန်မာနိုင်ငံတွင် ကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့၏။ နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမောင်တို့သည် ကင်းထောက် အသင်း၏နာယကကြီးများ ဖြစ်ခဲ့ ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုလည်း ကင်းထောက်ကြီးပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကလည်း အမျိုးသမီးကင်းထောက်ချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်သည်လည်း အမျိုးသမီး ကင်းထောက်အဖွဲ့တွင် တက်ြ<ွကစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်၏။

‘ကင်းထောက်’ (Scout) အဖွဲ့ ကို ၁၉ဝ၇ ခုနှစ်က ‘ရောဘတ်ဗေ ဒင် ပါဝဲလ်’က စတင်ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်က အလွန်ကောင်း၏။
လူငယ်များ၏ ဥပဒေကိုလိုက် နာကျင့်သုံးတတ်သော တန်ဖိုးရှိ သည့်စနစ်ကို ထူထောင်လေ့ကျင့်ကာ ပိုမိုကောင်းမွန်သည့် ကမ္ဘာကို ကူညီတည်ဆောက်ရန်၊ လူမှုဘဝအတွင်းတွင် တစ်ဦးချင်းအနေနှင့် အပြုသဘောကဏ္ဍမှနေ၍ မိမိကိုယ် မိမိပြည့်ဝအောင် လေ့ကျင့်ထားရန်။ ကင်းထောက်သည် သဘာဝ နှင့် ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရာတွင် ကူညီပြီး၊ နိုင် ငံတည်ဆောက်ရေး၊ အဆုံးအဖြတ် ချမှတ်ရေး၊ ပြည်တွင်းနှင့် နိုင်ငံတ ကာဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင် မှုတို့တွင် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လည်း ရည်ရွယ်ချက်ထား၏။ ရည်ရွယ်ချက် မှန်ကန်ပြီး အစဉ်အလာကောင်းများဖြင့် တည် ဆောက်ထားသော မြန်မာနိုင်ငံကင်း ထောက်အသင်းကို တော်လှန်ရေး ကောင်စီလက်ထက် (၁-၃-၁၉၆၄) နေ့ရက်တွင် အကြောင်း မည်မည်ရရ ပြခြင်းမရှိဘဲ ဖျက်သိမ်းခဲ့သည် မှာကား ဝမ်းနည်းဖွယ်ကောင်းလှ၏။

(၂)

မြန်မာနိုင်ငံ ကင်းထောက်အသင်းကြီးကို ဖျက်သိမ်းပြီး ၄၈ နှစ် အကြာ ၂ဝ၁၂ ခုနှစ်ကုန်ခါနီးတွင် အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခွင့် ရခဲ့၏။ စတင် ဖွဲ့စည်းခွင့်ပြုချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် ကင်း ထောက်အသင်း၏ စည်းရုံးလှုပ်ရှား မှုများကို အားမာန်တက်ြ<ွကစွာ ဆောင်ရွက်ခဲ့ကြ၏။ အာရှပစိဖိတ် ဒေသမှ ကင်းထောက်အဖွဲ့များ၊ ကမ္ဘာ့ကင်းထောက်အဖွဲ့များက မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစ၍ ကင်းထောက်သင်တန်းများ လာ ရောက်ပေးခဲ့ခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းများကို ဆောင် ရွက်ပေးကြ၏။ ‘ကမ္ဘာ့ကင်းထောက် လုပ်ငန်းအဖွဲ့အစည်းကြီး (The World Organizaiton of the Scout Movement) (WOSM) ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရုံးစိုက်ထား၏။ ကမ္ဘာ့ဒေသဆိုင်ရာ ရုံးချုပ်များကို ဒေသကြီး ၆ ခုတွင် ထားရှိ၏။

(၁) အာဖရိကဒေသ (ကင်ညာနိုင် ငံ-နိုင်ရိုဘီမြို့)
(၂) အာရပ်ဒေသ (အီဂျစ်နိုင်ငံ- ကိုင်ရိုမြို့)
(၃) အာရှပစိဖိတ်ဒေသ (ဖိလစ်ပိုင် နိုင်ငံ-မနီလာမြို့)
(၄) ယူရေးရှားဒေသ (ယူကရိန်း နိုင်ငံ – ဟောလ်တာမြို့နှင့် ရုရှားနိုင်ငံ-မော်စကိုမြို့)
(၅) အင်တာအမေရိကန်ဒေသ (ပနားမားနိုင်ငံ- ကလူဒက် ဒယ်လ်စတားမြို့)
(၆) ဥရောပဒေသ (ဆွစ်ဇာလန် နိုင်ငံ-ဂျီနီဗာမြို့နှင့် ဘယ်လ် ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့)

ကင်းထောက်အသင်းသား ဦး ရေသည် ဗြိတိန်တွင် တစ်သန်းကျော်၊ အမေရိကတွင် ငါးသန်း၊ အိန္ဒိယတွင်လေးသန်း၊ အင်ဒိုနီး ရှားတွင် နှစ်သန်း၊ ထိုင်းနိုင်ငံတွင် တစ်သန်းသုံးသိန်း၊ ကိုရီးယားတွင် သုံးသိန်း၊ ဟောင်ကောင်တွင် နှစ် သိန်းမျှရှိ၏။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ကောလိပ် ရှစ်ခုနှင့် အခြေခံပညာကျောင်းပေါင်း ၇၆၄ ခုတို့တွင် ကင်းထောက်အဖွဲ့ဝင် ခြောက်သောင်းကျော်ရှိသည်။ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံရှိ၏။ (၁၁-၈-၂ဝ၁၆)နေ့က ကမ္ဘာ့ကင်းထောက် အဖွဲ့ကြီးက မြန်မာနိုင်ငံအမျိုးသား ကင်းထောက်အဖွဲ့ကို အဖွဲ့ဝင်အ ဖြစ် အသိအမှတ်ပြုခဲ့ရာ မြန်မာနိုင်ငံသည် ၁၆၄ နိုင်ငံမြောက် ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့သည်မှာလည်း ဂုဏ်ယူစရာ ကောင်းလှ၏။ အထူးသဖြင့် ယခု နှစ်သည် မြန်မာကင်းထောက်အဖွဲ့ ၏ နှစ်(၁ဝဝ)ပြည့်နှစ်ဖြစ်ခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ကင်း ထောက်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသဖြင့် ကင်းထောက်အဖွဲ့ဝင်များအားလုံးရော၊ နိုင်ငံနှင့် ပြည်သူများပါ အထူးဝမ်းမြောက်နေကြရ၏။

ကမ္ဘာ့ကင်းထောက်အဖွဲ့၏ြေ<ွကးကြော်သံက ‘ကင်းထောက်များ သည် ပိုမိုကောင်းမွန်သောကမ္ဘာ ကို ဖန်တီးနေကြသည်’ (Scouts Creating a Better World) ဖြစ်ရာ ကျွန်တော်တို့ မြန်မာကင်းထောက် များသည်လည်း ပိုမိုကောင်းမွန်သော ကမ္ဘာ၊ ပိုမိုကောင်းမွန်သော လူ သားများ ဖြစ်ထွန်းရေးအတွက် ခွန် စိုက်အားစိုက် ကြိုးပမ်းသွားကြမည် ဟု မြန်မာကင်းထောက် နှစ်တစ်ရာ ပြည့် အခါသမယတွင် ကတိသစ္စာ ပြုလိုက်ရပါသည်။

ဟိန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*