ပရဟိတခရီးသည်ကြီးဦးကျော်သူကို မျှော်နေတဲ့ မောင်/မအိနိုးနိုးဖြူ

ပရဟိတခရီးသည်ကြီးဦးကျော်သူကို မျှော်နေတဲ့ မောင်/မအိနိုးနိုးဖြူ
July 11, 2016 Asian Fame

4:07 am
ပရဟိတခရီးသည်ကြီးဦးကျော်သူကို မျှော်နေတဲ့ မောင်/မအိနိုးနိုးဖြူ

mym

ဇူလိုင်လ ၆ ရက်နေ့မနက်မှာပဲ ရှမ်းပြည်တောင်ပိုင်းဒေသ ရပ်စောက်မြို့ဆီမှဆယ့် တစ်မိုင်ဆရာတော် ဘုရားကဖုန်းဆက်မေးလာပါတယ်။

” ဦးကျော်သူမန္တလေးရောက် နေပြီလို့ကြားတယ်ဟုတ်လား ဒကာလေး “

ဆရာတော်အနေနဲ့လည်း လူထု အားကိုးအားထားပြုနေတဲ့ပရဟိတ ရှေ့ဆောင်ဦးကျော်သူတစ်ယောက် ဒီတစ်ခေါက်ဒီလအတွင်း ခရီးစဉ်တွေ မဖြစ်မနေရွှေ့မယ်ယူဆခဲ့ပုံရပါ တယ်။ဦးကျော်သူရဲ့ယောက္ခမ နာမကျန်းသတင်း၊စိုးရိမ်ရတဲ့သတင်းတွေသာမကမနေ့ကဆုံးပါးတဲ့ သတင်းတွေအထိပါကြားပြီး ဦးကျော် သူပရဟိတခရီးစဉ်တွေဖျက်လိုက်လေမလား၊ အများနည်းတူဆရာတော် တွေးထားခဲ့ပုံနဲ့အခုလိုဦးကျော်သူ ခရီးထွက်လာတဲ့သတင်းကိုအံ့သြပြီး မေးပုံရသလိုရှမ်းပြည်တောင်ပိုင်းကိုဦးကျော်သူရောက်တဲ့အခါအကူအညီ တစ်ရပ်တင်ပြတောင်းခံသင့်မသင့် တိုင်ပင်ချင်ပုံနဲ့ ဆက်လာတာပါ။

ဒီနေရာမှာပြည်သူလူထုဒုက္ခတွေကို စာနာပြီးပရဟိတဇနီးမောင်နှံမနားကြပါနဲ့ဦးလို့မစာမနာစကားနဲ့ တစ်မျိုး၊ ပရဟိတတောင်ပံနှစ်ဖက် အခတ်မရပ်လိုက်ကြပါနဲ့ဦးလို့ စာကဗျာရေးလို့တစ်ဖုံဆိုခဲ့ သူကျွန် တော့်အနေနဲ့တောင်ဦးကျော်သူ ဒီလအတွင်းမှာတော့ ပရဟိတခရီးစဉ်တွေဖျက်သိမ်းပြီး အိမ်မှာပဲ မိသားစု အရေးနဲ့ ဇနီးဖြစ်သူအစ်မဒေါ်ရွှေဇီး ကွက်အနားမှာသူ့မိခင်ကြီးနာရေးကာလမှာဖေးမအားပေးနေစေလိုမိ ခဲ့သလို ဦးကျော်သူလာမယ်ဆိုလို့ မျှော်နေကြသူ ပြည်သူလူထုအနေနဲ့ လည်း ဦးကျော်သူတို့ဇနီးမောင်နှံနဲ့မိသားစုအတွက်ထပ်တူစိတ်မကောင်း ဖြစ်ကာခရီးစဉ်တွေဖျက်တောင် နားလည်ပေးကြမယ်ယုံကြည်မိခဲ့ပါတယ်။

ဒါပေမဲ့ဦးကျော်သူ အခုလို ပရဟိတခရီးမပျက်မကွက် ထွက်လာတယ်ဆိုပြန်တော့လည်း ဝမ်းသာအားရကြိုဆိုကြတာတွေ့မိရတယ်။ ဒါလည်း အပြစ်ဆိုစရာတော့မဟုတ်။အခုလိုဦးကျော်သူနဲ့ သူ့ရဲ့ ကွန်ရက် အဖွဲ့တွေတိုင်းအနှံ့နယ်အစုံပရဟိ တအရေးခွန်အား လိုက်လံပေးဝေ နေတာ ကိုကလူမှုဒုက္ခတွေနဲ့ ကူ ကယ်ရာမဲ့ကျောမွဲ လူထုအတွက်အားတက်နေကြတာ မဟုတ်ပါလား။ ဒါကြောင့်မို့ အစ်မဒေါ်ရွှေဇီးကွက်က လည်းမိဘနှစ်ပါးမှာ နောက်ဆုံး တစ်ဦးသာကျန်တော့တဲ့ မိခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့နာရေးရှိနေတဲ့တိုင်အများပြည်သူလူထုအကျိုးအတွက် ရည်ရွယ်ပြီးခင်ပွန်းဖြစ်သူ ဦးကျော် သူရဲ့ ပရဟိတခရီးစဉ်မဖျက်လိုက် စေလိုတာလို့ တွေးမိသလို ယောက္ခမ နာရေးကာလ၊ မိသားစုအရေးအရာ ဦးစားပေးရမယ့်အချိန်အခါ ဖြစ်ပေမယ့် အများကိုအလေးထားတဲ့မြင့် မြတ်သော ပေးဆပ်မှုနှလုံးသားကို အလေးထားလေးစားမိတယ်။ ရှာမှ ရှားအံ့မခမ်းမြင့်မြတ်နှလုံးသားနဲ့ ပရဟိတမောင်နှံပါပဲမို့ ပိုမိုလေးစားမိပါတယ်အစ်ကိုနဲ့အစ်မခင်ဗျာ။

g (1)

ဒါနဲ့စောစောကဆရာတော် ဘုရား၊ ရပ်စောက်ကနေ တကူးတကန့်ဖုန်းဆက်မေးတာတိုင်ပင် လာတာကဆရာတော် ထံအကူအညီ တောင်းခံနေတဲ့ ထူးထူးခြားခြားလိင် အင်္ဂါနှစ်ခုနဲ့အခက်ကြုံနေရရှာသူ လေးနှစ်အရွယ်ကလေးကိစ္စအရေး ကို ဦးကျော်သူထံတင်ပြသင့်မသင့် တိုင်ပင်ခြင်းဖြစ်ပါတယ်။ဆရာတော်တို့ဒေသအခေါင် အဖျားဝေးလံတဲ့ ဒေသရှမ်းပြည် တောင်ပိုင်းရပ်စောက်မြို့မှဆယ့် တစ်မိုင်အလွန်ဆီက အင်တောကျေး လက်ရွာလေးမှာ နွမ်းပါးမိသားစုထဲမှာအခုလိုထူးထူးခြားခြားလိင်အင်္ဂါ နှစ်ခုပါလူမမည်ကလေးအတွက် ဆရာတော်လည်း သောကမကင်းရှိ နေရပါလိမ့်မယ်။အသက်သုံးဆယ်ဝန်းကျင်ဇနီးမောင်နှံကိုစိုးသက်ပိုင်၊ မသီသီအောင်တို့ရဲ့ရင်သွေး မောင်/မ အိနိုးနိုးဖြူ လေး(၁)နှစ်အရွယ်မှာ မြို့တက်ပြီး ဆရာဝန်နဲ့ပြခဲ့ဖူးကြောင်း၊သုံးနှစ် ပြည့်ချိန်ခွဲစိတ်ပေးမယ့် အကြောင်း၊ခွဲ စိတ်ခ ငွေကျပ်သိန်း၂ဝကုန်ကျမယ် လို့ ပြောလိုက်ကြောင်း၊အခုအခါမှာ ငွေမရှိလို့မခွဲစိတ်ရသေးလေတော့ ကလေးခမျာ(၄)နှစ်အရွယ်အထိသား သားမှန်းမီးမီးမှန်းမသိဖြစ်နေရှာရပုံကို စာနာသနားဖွယ်သိရပါတယ်။

ဟိုအရင်ကမောင်သန်းစိန်အ ရေးကိုတောင်ပြန်ပြီး အမှတ်ရမိ တယ်။ ဒီလိုထူးခြားတဲ့ကလေး၊ အ ရွယ်ကြီးခါမှ ဟိုးလေးတကျော်ကျော် အဖြစ်တွေနဲ့မကြုံရစေရေးဆန္ဒဖြစ် မိရပါတယ်။ အခုလေးနှစ်အရွယ်ကလေးက မအင်္ဂါမှဆီးသွားပေမယ့် ကျားကျား လျားလျားဆော့ကစားလို ဟန်ရှိတာ မို့ ကလေးရဲ့စရိုက်လက္ခဏာဗီဇအ ပေါ်လိုက်ပြီး ကျားဖြစ်သင့်လေမလား မဖြစ်သင့်လေမလားကွဲပြားစေရေး မျှော်တွေးခွဲစိတ်ပေးလိုက်ဖို့ဦးကျော်သူနဲ့လည်း တိုင်ပင်ပြီး အကြံတောင်း ခံလိုတယ်လို့လည်း ဆရာတော်က မိန့်တဲ့အတွက် အစ်ကိုဦးကျော်သူနဲ့ အစ်မဒေါ်ရွှေဇီးကွက်တို့ကမကထ ပြုကူညီပေးဖို့ကျွန်တော်လည်း ဆန္ဒ ဖြစ်မိသလို တိုက်တွန်းအကူအညီတောင်းလိုပါတယ်။

အဲ့ဒီလိုပါပဲ ကျွန်တော့်မိတ်ဆွေ မီဒီယာသမားများလည်းစိတ်ဝင် တစားသတင်းဖေါ်ပြလိုကြပါရင် ဦးကျော်သူရဲ့ ပရဟိတခရီးနောက် ခြေရာခံခြေရာကောက်ပြီးရပ်စောက် မြို့မှ လိင်အင်္ဂါနှစ်ခုပါကလေးရဲ့ဘဝရှေ့ရေးအနာဂတ်ကောင်းစေ ကြောင်းနဲ့ကုသိုလ်ရောသတင်းပါရ ရာရကြောင်းရေးသားပေးနိုင် ကောင်းစေကြဖို့ လက်တို့လိုက်ပါရစေ လားဗျာ။

ပရဟိတနှလုံးသားများကိုဦးညွှတ်ကာ
ကိုမျိုး(မြန်မာစာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*