စားသုံးရန် မသင့် လက်ဖက်ခြောက်များကို ဈေးကွက်အတွင်းတွေ့ရှိပါက ထုတ်လုပ်သူများကို အရေးယူမည်

စားသုံးရန် မသင့် လက်ဖက်ခြောက်များကို ဈေးကွက်အတွင်းတွေ့ရှိပါက ထုတ်လုပ်သူများကို အရေးယူမည်
November 23, 2016 Asian Fame

5:49 am
စားသုံးရန် မသင့် လက်ဖက်ခြောက်များကို ဈေးကွက်အတွင်းတွေ့ရှိပါက ထုတ်လုပ်သူများကို အရေးယူမည်
In Health, Local

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၇

စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ထားသည့် လက်ဖက် ခြောက်များကို ဈေးကွက်အတွင်းတွေ့ရှိပါက ထုတ်လုပ်သူများကို စားသုံးသူ အကာအ ကွယ်ပေးရေး ဥပဒေဖြင့် အရေး ယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

”ဈေးကွက်အတွင်းမှာ စားသုံးဖို့မသင့်တဲ့ လက်ဖက်ခြောက်တွေ့ရင် စားသုံးသူကလည်း တိုင်ရင်ဥပဒေအရအရေးယူသွားမှာပါ” ဟု ၎င်းက ပြော သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် မန်တုံမဲဆန္ဒ နယ်မှ ဒေါ်နန်းမိုး၏ လက်ရှိ မြန်မာနိုင်ငံ ဈေးကွက်တွင် ရောင်းချနေသော ပြည်ပသွင်းကုန် Ready Made လက်ဖက် ခြောက်ထုတ် အမျိုးမျိုးအနက် မှတ်ပုံတင်ထားသည့် လက်ဖက် ခြောက်တံဆိပ် အမျိုးအစားပေါင်း အရေအတွက်နှင့် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ဈေးကွက်တွင် ရောင်းချနေသော လက်ဖက်ခြောက်ထုတ်များအား မည်ကဲ့သို့ ဆက်လက် အရေးယူမည်နည်းဆိုသည့် မေး ခွန်းကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေပုဒ်မ ၁၉ တွင် သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေး စေခြင်း၊ အငြင်းပွားလျက်ရှိသော ကုန်စည်ကို ရောင်းချဖြန့်ဖြူး ခြင်းအား ကာလအကန့်အသတ် ဖြင့် တားမြစ်ခြင်း၊ ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း၊ စားသုံးသူ တို့အား ဘေးဥပါဒ်အန္တရာယ် ဖြစ်စေသော ကုန်စည်များကို ဖျက်ဆီးစေခြင်း၊ လုပ်ငန်းလိုင် စင်ယာယီပိတ်သိမ်းခြင်း သို့မ ဟုတ် အမြဲတမ်း ပိတ်သိမ်းခြင်း တို့ကို ဆောင်ရွက်ရန် လိုအပ် ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည် ဖြင့် ပြဋ္ဌာန်းထားသည်။လက်ရှိတွင် လက်ဖက် ခြောက်များကို ပြည်ပနိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း၊ စင် ကာပူ၊ အင်ဒို နီးရှား၊ မလေးရှား၊ သြစတြေးလျ၊ သီရိလင်္ကာ၊ ဂျာ မဏီ၊ ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့မှ အများဆုံး တင်သွင်းလျက်ရှိပြီး ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၇၅ တန် တန်ဖိုး အမေရိကန် ဒေါ်လာ၂ ဒသမ ၆၅၃ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၁၂၉ တန် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ဝ၇၆ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဇူလိုင်လအထိ တန်ချိန် ၅၆၈ တန် အမေရိကန် ဒေါ်လာ ဝ ဒသမ ၉၈၂သန်း တင်သွင်းခွင့် ပြုထားကြောင်း ဝန်ကြီးက ပြော သည်။

ထို့အပြင် ပြည်ပမှတင်သွင်း လာသော လက်ဖက်ခြောက် များနှင့် ပတ်သက်၍ FDA သို့ ထောက်ခံချက် တစ်စုံတစ်ရာ လျှောက်ထားခြင်း မရှိပါက တင် သွင်းသူများကို အစားအ သောက်နှင့် ဆေးဝါးကြီးကြပ် ရေးကော်မတီမှ တည်ဆဲ ဥပဒေ နှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*