မြန်မာ့မိသားစုပိုင်လုပ်ငန်း ၈၃ ရာခိုင်နှုန်းကျော်တွင် စီမံခန့်ခွဲမှုနှင့် မျိုးဆက်လွှဲပြောင်းမှု ပြဿနာများရှိနေ

မြန်မာ့မိသားစုပိုင်လုပ်ငန်း ၈၃ ရာခိုင်နှုန်းကျော်တွင် စီမံခန့်ခွဲမှုနှင့် မျိုးဆက်လွှဲပြောင်းမှု ပြဿနာများရှိနေ
November 17, 2016 Asian Fame

7:06 am
မြန်မာ့မိသားစုပိုင်လုပ်ငန်း ၈၃ ရာခိုင်နှုန်းကျော်တွင် စီမံခန့်ခွဲမှုနှင့် မျိုးဆက်လွှဲပြောင်းမှု ပြဿနာများရှိနေ
In Bussiness

HEZ
ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြန်မာ့စီးပွားရေး လုပ်ငန်းများ ၏ ၈၃ ရာခိုင်နှုန်းကျော်မှာ မိသားစု ပိုင်လုပ်ငန်းများဖြစ်ကြပြီး စီမံခန့် ခွဲမှုနှင့် မျိုးဆက်လွှဲပြောင်းမှု ပြဿနာ များ ရင်ဆိုင်နေရကြောင်း International Finance Corporation (IFC)  ၏ စစ်တမ်းက ဖော်ပြသည်။

ထိုကဲ့သို့ စီမံခန့်ခွဲမှု စနစ်မကျ ခြင်းများကြောင့်  မိသားစုလုပ်ငန်းများ ၏ မျိုးဆက်တစ်ခုနှင့် တစ်ခုကြား ပိုမိုလျော့နည်း ပျောက်ကွယ်သွားနေ ပြီး ဒုတိယမျိုးဆက် အတွင်းလုပ်ငန်း ၃ဝ ရာခိုင်နှုန်းခန့် လျော့နည်းသွား ပြီး တတိယမျိုးဆက်အရောက်တွင် လုပ်ငန်း ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင် နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း IFC  ၏ စစ်တမ်းက ဖော်ပြသည်။

ထို့အပြင် မိသားစုလုပ်ငန်း အများစု ကျဆုံးနေသော အကြောင်း အရာများထဲတွင် တူညီသော အချက် သည်  စီမံခန့် ခွဲမှုအားနည်းခြင်းအပြင် ငွေကြေး မလုံလောက်သောကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်အောင် လည်း မစွမ်းဆောင်နိုင်ကြကြောင်း ဖော်ပြထားသည်။

မြန်မာကုမ္ပဏီများ လုပ်ငန်းစီမံ အုပ်ချုပ်မှုအခြေအနေသည် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက် အကျိုး သက်ရောက်စေပြီး နိုင်ငံ တကာ ကုမ္ပဏီများ အနေဖြင့် လာ ရောက် ရင်းနှီးမြှုပ်နှံရန် ဖြစ်စေ၊ နှစ် ဖက် အကျိုးတူ ပူးပေါင်းရန်ဖြစ်စေ၊ Franchise အတွက် ဖြစ်စေ မြန်မာ့ ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ် ချုပ်မှု (Corporate Governance)၊ ပွင့်လင်းမြင်သာမှု စသည်တို့ အပေါ် အမြဲလေ့လာသုံးသပ်ကြောင်း နိုဝင် ဘာလ ၁၂ ရက်နေ့တွင်  ထုတ်ပြန် သော International Finance Corporation (IFC) ၏ မိသားစု စီး ပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု လက် စွဲစာအုပ်တွင် ဖော်ပြထားသည်။

မိသားစု စီးပွားရေးလုပ်ငန်း အ ထောက်အကူပြု ယင်းစာအုပ်မှာ စီမံ ခန့်ခွဲမှုပုံစံများ၊ လုပ်ငန်းရှင်သန်ကြီး ထွားရေး သတိပြုစရာများနှင့် ဆောင်ရန်   ရှောင်ရန် အချက်များကို  နိုင်ငံတကာမိသားစုလုပ်ငန်းပုံစံများနှင့် နှိုင်းယှဉ်ဖော်ပြထားကြောင်း သိ ရသည်။

     စက်မှုဝန်ကြီးဌာန စာရင်းများ အရ နိုင်ငံအတွင်း မိသားစုလုပ်ငန်း အသေးစားလုပ်ငန်းများသည် တစ် သိန်း နှစ်သောင်းကျော် အထိ ရှိ ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*