ငါးပိဆိုးဆေးများ လုပ်ငန်းဖျက်သိမ်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့အား တင်ပြထား

ငါးပိဆိုးဆေးများ လုပ်ငန်းဖျက်သိမ်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့အား တင်ပြထား
November 16, 2016 Asian Fame

4:45 am
ငါးပိဆိုးဆေးများ လုပ်ငန်းဖျက်သိမ်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့အား တင်ပြထား
In Health
ဓာတ်ပုံ - Myanmar Now

ဓာတ်ပုံ – Myanmar Now

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၅

ငါးပိများတွင် ဆိုးဆေးအသုံးမပြုရေး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့အား တင်ပြ ထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ငါးပိဆိုးဆေးများ လုပ်ငန်းဖျက်သိမ်း နိုင်ရန် ယခင်ကတည်းက လုပ်ဆောင် နေသော်လည်း ပိုမိုထိရောက်လိုသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တင်ပြထားခြင်းဖြစ်ကြောင်းFDA ညွှန် ချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။

”ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ကျွန် တော်တို့ဌာန FDA တိုင်းဦးစီးမှူးရှိတယ်။ သူကနေတင်ပြထားပါတယ်၊  ငါးပိတို့၊ ဆိုး ဆေးတို့ သူ့စီမံချက်ရှိတယ်။ ဒီအတိုင်း သွားနေပါတယ်။ သိပ်ကိုကောင်းပါတယ်။ နှစ်ဖက်စလုံးအတွက်အကျိုးရှိပါတယ်။ စားသုံးသူဘက်ကရော၊ ထုတ်လုပ်သူ ဘက်ကရော အဆင်ပြေအောင် စီမံချက် ရှိတယ်” ဟု ၄င်းကပြောသည်။

”ဆိုးဆေးက ဆိုးဆေးပဲ မြန်မြန်ဖျက် ပစ်ချင်တာပါ။ ဖျက်နေပါတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ကျွန်တော်တို့က လုပ် ချင်တာပါ။ စက်ရုံကြီးတွေ ငါးပိ စက်ရုံကြီး တွေ ငါးပိထုတ်တဲ့ နေရာတွေကို ဝင်ပြီး တော့ ဖမ်းမယ် ဆီးမယ် ထိန်းသိမ်းမယ်ပေါ့။ အဲဒီအတွက် အစိုးရအဖွဲ့ကို တင်ပြထား ပါတယ်။ အစိုးရအဖွဲ့ လည်း မြန်မြန်လုပ်မှာ ပါ။ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ၄င်းကပြောသည်။

ဧရာဝတီတိုင်းသည် ငါးပိအများဆုံး ထုတ်လုပ်ရာ ဒေသတစ်ခုဖြစ်ပြီး နေရာအ တော်များများတွင် ဆိုးဆေးများ အသုံးပြု ထုတ်လုပ်နေသောကြောင့် ထိုသို့ လုပ် ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*