အဂတိ လိုက်စားမှု တိုင်ကြားသူ များအား ပုံမှန် မဟုတ်သော ခေါ်ယူစစ်ဆေးမှု ပြုလုပ် လာသဖြင့် ထိတ်လန့်လျက်ရှိ ဟုဆို

အဂတိ လိုက်စားမှု တိုင်ကြားသူ များအား ပုံမှန် မဟုတ်သော ခေါ်ယူစစ်ဆေးမှု ပြုလုပ် လာသဖြင့် ထိတ်လန့်လျက်ရှိ ဟုဆို
November 2, 2016 Asian Fame

11:12 am
အဂတိ လိုက်စားမှု တိုင်ကြားသူ များအား ပုံမှန် မဟုတ်သော ခေါ်ယူစစ်ဆေးမှု ပြုလုပ် လာသဖြင့် ထိတ်လန့်လျက်ရှိ ဟုဆို
In Local

အဂတိ လိုက်စားမှု တိုင်ကြားသူ များအား ပုံမှန် မဟုတ်သော ခေါ်ယူစစ်ဆေးမှု ပြုလုပ် လာသဖြင့် ထိတ်လန့်လျက်ရှိ ဟုဆို

(မန္တလေး၊ နိုဝင်ဘာ ၁)

ပြင်ဦးလွင် မြို့နယ် အတွင်း လတ်တလော ဖြစ်ပွား လျက်ရှိသည့် အဂတိ လိုက်စားမှု တွင် တိုင်ကြား သူများ အား ပုံမှန် မဟုတ်သော ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ် လာ သဖြင့် ထိတ်လန့်လျက် ရှိကြောင်း  တိုင်ကြားသူ အချို့က ပြောသည်။

အဂတိ လိုက်စားမှု အတွက် တိုင်ကြားသူ မန်ကျည်း အင်းကျေးရွာရာ အိမ်မှူး ဦးခင်မောင်ဝင်း က ”ဘာလို့ သမားရိုးကျ မဟုတ်တဲ့ စစ်ဆေးမှုလို့ ပြောရတာလည်း ဆိုတော့ စနေ၊ တနင်္ဂနွေရုံး ပိတ်ဖြစ်နေတာရယ်၊ ညအ ချိန်အထိ အလုပ်ပျက် အစား ပျက် ခေါ်စစ်နေတာတွေ ကြောင့် ပြောရတာပါ။ မေးပြီး သားတွေပဲ ပြန်မေးနေ တယ်။ သွားရလာရတဲ့ ခရီးက ဝေးလွန်းရတဲ့ အထဲ ည အချိန်မတော်အထိ စစ်ဆေးနေတာ ဆိုတော့ သူတို့ ဘက်က ဘာများ လုပ်လာမလဲ ဆိုပြီး ကြောက်နေကြ တယ်” ဟု ပေါ်ပြူလာ နယူးစ် သို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် ပြင်ဦးလွင် မြို့နယ် အမှတ်(၃) နယ်မြေ လွန်ကောင်းကျေးရွာ အုပ်စု၊ မန်ကျည်းအင်း ကျေးရွာ တိုးချဲ့ရွာမြေ ဖြစ် မြောက်ရေး အတွက် ပြည်ထဲရေး စာရင်းပေါက်စေရန် ဒေသခံတောင်သူ ၁၅၁ ဦးတို့သည် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ အဆင့် ဆင့်သို့ တင်ပြပေးရန် လျှောက်ထား တောင်းဆိုခဲ့ရာ အမြန် ဆုံး ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ ရွာမြေ (ဂရန်) ပြည်ထဲရေး အမည်ပေါက် အမြန်ပြုလုပ်ပေးရန် အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ် ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင် တို့ တောင်းခံ သည့် ငွေကျပ် ၃၉၅ သိန်း ပေးခဲ့ရကြောင်း၊ သို့ရာတွင် ယခုအချိန်အထိ တိုးတက် မှု ဖြစ် မလာဘဲ ကျေးရွာနေအိမ် များအား ဖျက်ဆီးခိုင်းခြင်း ကျေးရွာ ဆိုင်းဘုတ်အား ဖျက် ဆီးခြင်း များ ပြုလုပ် လာသဖြင့် မခံ မရပ်နိုင်သည့် အဆုံး ဒေသခံများဘက်က ၄င်း တို့ နှစ်ဦး အား စစ်ဆေး အရေးယူပေးပါရန် တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်ကြားမှုနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာ အဂတိ လိုက်စားကြောင်း တွေ့ရှိရသဖြင့် ၄င်းတို့နှစ်ဦး အား မန္တလေး မြို့သို့ ခေါ်ယူ ထိန်းသိမ်းထားပြီး အမှုတွင် ပါဝင် ပတ်သက်သူ နောက် ထပ် နှစ် ဦး ကိုလည်း စစ်ဆေးမှု များ ပြုလုပ်လျက် ရှိသည်။

”ဒီကိစ္စ စဖြစ်ကတည်းက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှာလည်း စစ်ပြီးပြီ။ တခြား အာဏာ ပိုင်တွေနဲ့ NLD တာဝန်ရှိသူတွေရဲ့ ခေါ်စစ်တာလည်း ခံခဲ့ရပြီးပြီ။ ဒါကို မှ အခုလို ထပ်စစ်နေတာ ဘာသဘောလဲ မေးချင်ပါ တယ်” ဟု အောက်တိုဘာ ၂၂ ရက် (စနေနေ့) ည က ခေါ်ယူ စစ်ဆေးခံခဲ့ရသူ ဦးထွန်းနိုင် (ကမ္ဘာမြေအောင် ကုမ္ပဏီ လီမိတက်) က ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ခရိုင် အုပ်ချုပ်ရေးမှူး ရုံးအတွင်း မွန်းလွဲ ၂ နာရီမှ ည ၉ နာရီ ခန့် အထိ ခေါ် ယူစစ်ဆေး ခံခဲ့ရခြင်း ဖြစ်ပြီး အမှုတွဲပါ ဝန်ထမ်းတစ်ဦး အား ခေါ်ယူ စစ်ဆေးရင်း တိုင်ကြားသူများ ကိုပါ တစ် ပါတည်း ခေါ်ယူ စစ်ဆေး ရခြင်း ဖြစ်ကြောင်း ရုံးတာဝန် ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အဂတိ လိုက်စားမှုတွင် မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး အား မမစ (လွင်)(ပ) ၂၂ဝ/၂ဝ၁၆၊ ၂ဝ၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ ဒုဦး စီးမှူး ဦးကျော်ကျော်နိုင် အား မမစ(လွင်)(ပ) ၂၂၁/၂ ဝ၁၆၊ ၂ဝ၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ အကြီးတန်း စာရေး ဦးအောင်စိုးမိုး အား မမစ (လွင်)(ပ) ၂၂၄/၂ဝ၁၆၊ ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ ဖြင့် လည်းကောင်း အမှုဖွင့်ထားပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့် က စစ်ဆေး တရားစွဲတင် ဆောင် ရွက်နေကြောင်း ၊ စာရေး ဒေါ်ကြူကြူအေး (ခ)မကြူ အား ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*