မိုင်ထောင်ချီ ခရီးအတွက် ပထမဆုံး ခြေလှမ်း

မိုင်ထောင်ချီ ခရီးအတွက် ပထမဆုံး ခြေလှမ်း
November 9, 2016 Asian Fame

9:28 am
မိုင်ထောင်ချီ ခရီးအတွက် ပထမဆုံး ခြေလှမ်း
In Articles

edu6

NLD အစိုးရအဖွဲ့က အကောင်အထည်ဖော်နေသည့် ကယားပြည်နယ်လုံးကျွတ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုသည် စတင်ပြီး ၁ဝ ရက်အကြာ အ ရောက်၌ အတိုင်းအတာတစ်ခုအထိအောင် မြင်မှုရလိမ့်မည်ဟု ဆို၍ရလောက်သည့် အခြေအနေ ဖြစ်လာသည်။

မူလအစပထမပိုင်းက ခက်ခဲလိမ့်မည် ဟု အချို့က သုံးသပ်နေကြသည့် ထိုစီမံချက်သည် ယခုနောက်ပိုင်း၌ စိတ်ပါဝင် စားစွာ စာလာသင်ကြသည့် ဒေသခံများ နှင့် ဌာနေတိုင်းရင်းသားများ၊ စာသင်ပေး ကြသည့် ဆရာ၊ ဆရာမများနှင့် လုပ်အား ပေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ပူးပေါင်းပါဝင် ကူညီပေးကြသည့် ဌာနဆိုင်ရာများနှင့် ပြည်သူတို့ကြောင့် မျှော်မှန်းထားသည်ထက်ပင် အောင်မြင်နေသည်ဟု ကယားပြည်နယ် ပညာရေးမှူးရုံးမှ အကြီးတန်း အမျိုးသမီးအရာရှိ တစ်ဦးက ပြောသည်။

စီမံချက် စတင်သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်က ကယား ပြည်နယ်အတွင်းက လွိုင်ကော်၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ ဘော်လခဲစသည့် မြို့နယ် ၇ ခုလုံးရှိ စာသင်သားများ အား လုံးပေါင်းမှ ၅ဝဝဝ စွန်းစွန်းသာ ရှိခဲ့ ကြောင်း၊ သို့သော်လည်း တစ်ရက်ပြီး တစ် ရက် စာသင်သားတိုးလာ၍ ၁၃ ရက် အကြာ နိုဝင်ဘာလ ၂ ရက်နေ့အရောက်၌ စာသင်သားအရေအတွက်သည် ၅၃၄၂ ဦး ရှိသွားသည်ဟု သူမက Popular News သို့ ပြောပြသည်။ ”နောက်ရက်တွေလည်း ထပ်တိုးဦးမယ်လို့ ကြားနေရတယ်”ဟု အဆိုပါ အကြီးတန်းအမျိုးသမီးအရာရှိက ဆက်ပြောသော်လည်း တိုးလာဖွယ်ရှိနေသည့် အရေအတွက်ကိုမူ သူမက ခန့်မှန်းပြောကြား ခြင်းမရှိခဲ့ချေ။ မည်သို့ပင် ဖြစ်စေကာမူ စာမတတ်သူအရေအတွက် လျှော့ကျပ ပျောက်ဖို့အရေးသည် စာသင်သားအရေ အတွက် တိုးလာမှသာ၊ တစ်ဖက်ကလည်း စာသင်ပေးကြသူရှိမှ ရလိမ့်မည် ဖြစ်သည်။ စာလာသင်သူ အရေအတွက် တိုးလာ ရန် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း အားလုံး ပူးပေါင်းပါဝင်ကြရန် အစဉ်တစိုက်တိုက်တွန်းနေမှု ပြုနေသည်ကို တွေ့ရသည်။အလားတူ ပညာရေးဝန်ကြီးဌာနမှ ညွှန်ချုပ်များကလည်း စာသင်ဝိုင်းများဆီ အရောက်ဆင်းပြီး စာသင်သားများ အား တက်လာစေရန် အားပေးမှုနှင့် စာလာသင် သူများက စာလာမသင်သေးသူကို ခေါ် လာကြရန် ပြောကြားနေမှုများ ပြုလုပ်နေ သည်ဟု သိရသည်။ ပညာရေးဝန်ကြီးဌာနပြောခွင့်ရ အရာ ရှိတစ်ဦးက ”အောင်မြင်အောင် ကြိုးစား လုပ်ကြရမယ်”ဟု ထိုစီမံချက်၏ ဦးတည် ချက်ကို ပြောသည်။

ကယားပြည်နယ်တွင်းမှာ လုပ်နေတဲ့ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဘယ်အခြေအနေ ရောက်နေပြီလဲ

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် စက်တင် ဘာလ ၈ရက်နေ့က ပညာရေးဝန်ကြီးအ သစ် ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတကာစာ တတ်မြောက်ရေးနေ့တွင် ကယားပြည် နယ်အတွင်းမှ စာမတတ်သူ အားလုံးကို ၂ဝ၁၆ -၂ဝ၁၇ ပညာသင်နှစ်အတွင်း အ ခြေခံစာတတ်မြောက်အောင် အစိုးရအဖွဲ့ က ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြော ကြားခဲ့သည်။ သူက ထိုသို့ဆောင်ရွက်နိုင်ရန် ပညာ ရေးဝန်ကြီးဌာနလက်အောက်တွင် ကျောင်း ပြင်ပပညာရေးဦးစီးဌာနတစ်ခုကို ကြိုတင် ဖွဲ့စည်းထားကြောင်းနှင့် အဆိုပါ ဦးစီးဌာနက သက်ကြီးစာတတ်မြောက်ရေး လုပ်ငန်း စဉ်ကို စနစ်တကျစီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်နှင့် ဆောင်ရွက်ပေးသွား မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

edu3

ထိုရက်အပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကယားပြည်နယ် ကွန်ပျူတာ တက္ကသိုလ် (လွိုင်ကော်)တွင် အခြေခံစာ တတ်မြောက်ရေး လှုပ်ရှားမှု နည်းပြသင် တန်းကို ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ်ကို အောက်တိုဘာလ ၂ဝ ရက်နေ့တွင် စတင်ခဲ့သည်။ စတင်ချိန်မှ နိုဝင်ဘာလ ၂ ရက်နေ့ အထိ ကယားတစ်ပြည်နယ်လုံး စာသင်ဝိုင်း ၄၅၅ ဝိုင်းနှင့် နိုဝင်ဘာလ ၃ဝ ရက်နေ့အ ထိ တစ်ရက်လျှင် ၃ နာရီ ရက်ပေါင်း ၄ဝ သင်ယူချိန် နာရီပေါင်း ၁၂ဝ အချိန်ယူကာ အခြေခံစာတတ်မြောက်အောင် သင်ကြား ပို့ချပေးနေသည်ဟု စာရင်းဇယားများအရ သိရသည်။ စာသင်ချိန် ၃ နာရီသည် ဒေသခံများ၊ ဌာနေတိုင်းရင်းသားများ အလုပ်အားရာ အချိန်ကို ယူခြင်းဖြစ်ပြီး အချို့စာသင်ဝိုင်းတို့သည် ညအချိန်ကျမှ ဖွင့်ရသည်ကို တွေ့နေရသည်။

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လွီးဇာက ကယားပြည်နယ်တွင်း ယခု ဆောင်ရွက်ချက်ကို ကြိုဆိုလိုက်ကာ၊ တိုင်း ရင်းသား မျိုးနွယ်စုတို့၏ ဘဝများကို မြှင့် တင်ပေးသည့်လုပ်ရပ်ဟု မှတ်ယူထား ကြောင်း ဆိုသည်။ ကျောင်းပြင်ပ ပညာရေးလေ့လာနေ သူတစ်ဦးက ”တိုင်းရင်းသားဒေသတွေမှာ ဒီလောက်ပမာဏ လာတက်ကြတယ်ဆိုကတည်းကိုက တော်တော်လေးကို စာမတတ်သူပပျောက်ရေးလုပ်ငန်းက အလား အလာတော်တော် ကောင်းနေပြီ”ဟု မှတ် ချက်ပြုသည်။ အားလုံးခြုံငုံသုံးသပ်ရလျှင် ကယား ပြည်နယ်တွင်း ယခုလုပ်နေသည့် အခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် ကောင်းမွန်သည့် လမ်းကြောင်းပေါ် ရောက်နေ သည်ဟု ဆို၍ရနေသည်။

စာမတတ်သူတွေ အကုန်လာအောင် စည်းရုံးဖို့ လိုနေပြီ

ယခု စီမံချက်တွင် စာမတတ်သူနှင့် အခြေခံစာတတ်ပြီးသည့် အသက် ၁၅ နှစ် နှင့်အထက် အားလုံးကို လက်ခံထားသည် ဟု စီမံချက် ဆောင်ရွက်နေသူတို့၏ ပြောကြားမှုအရ သိထားရသည်။ အခြေခံ စာတတ်ပြီးသူ ထည့်ရသည်မှာ စာဖတ်ရှိန်တက်စေရန်အတွက်ဟုဆိုပြီး တာဝန်ရှိသူတို့က အကြောင်းပြချက်ပေး ကြသည်။ တစ်ဖက်က ကြည့်လျှင် အခြေခံစာတတ်နေသူက စာမတတ်သူတို့ကို အချင်းချင်းဆွဲဆောင်ကြရင်း စီမံချက်ကာလ ရက် ၄ဝ ကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်လိမ့် မည်ဟု တွေးကြသည်။ မည်သို့ပင် ဖြစ်စေကာမူ အခြေခံစာ တတ်နေသူတို့ကို ထည့်ထားသဖြင့် ယခု သင်တန်းတက်နေသည့် ၅၃၄၂ ဦး တို့ကို လုံးဝစာမတတ်သူများဟု ဆို၍မရ ဖြစ်သွားသည်။

လက်ရှိတက်နေသည့် အခြေခံစာတတ် ပြီးသူနှင့် စာမတတ်သူစာရင်းကို ပညာ ရေးဌာနက လက်တလောတွင် သီးသန့်ခွဲ ခြားမထားသေး၍ ယခုတက်သည့် ပမာဏမှာ စာမတတ်သည့် တစ်ပြည်နယ်လုံး စာရင်း၏ မည်သည့်ရာခိုင်နှုန်းရှိ နေသည်ဟု Popular News က တိကျစွာ ပြောရန် ခက်ခဲနေသည်။ ထို့ကြောင့် ၅၃၄၂ ဦးကို လုံးဝစာမတတ်သူဟုဆိုလိုက်ပါက ထိုပမာဏသည် ကယားပြည်နယ်အတွင်း ကောက်ယူထားသော ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းပါ တစ်ပြည်နယ်လုံး စာမတတ်သူ စာရင်းအရ တစ်ပြည်နယ်လုံး စာမတတ်သူအရေအတွက်၏ ၆ ပုံ ပုံ ၁ပုံ သာ ရှိသေးသည်။သန်းခေါင်စာရင်းတွင် ကယားပြည် နယ်၌ အသက် ၁၅ နှစ်နှင့်အထက် စာမ တတ်သူအရေအတွက် ၃၁၄၈၅ ဦးရှိသည် ဟု ဖော်ပြထား၍ ဖြစ်သည်။စာမတတ်သူ အားလုံးပေါင်း၏ ထက် ဝက်ကျော်ပင် လာမတက်၍ ပြည်နယ်လုံး ကျွတ်စာတတ်ရန် အစိုးရအနေဖြင့် ထပ်မံ ကြိုးစားရပေဦးမည်ဟု ပညာရှင်အချို့က သုံးသပ်ကြသည်။ ”စည်းရုံးရမှာပေါ့၊ နှစ်စဉ် နွေရာသီ ရောက်တိုင်းလည်း စာတတ်မြောက်ရေး လုပ်ငန်းကို ဆောင်ရွက်နေတော့ အဲ့ဒီကျ ရင် ထပ်လုပ်ပေါ့”ဟု ပညာရှင်တစ်ဦးက သူ့အမြင်ကို ပြောပြသည်။ ကယားပြည်နယ် ပညာရေးမှူးရုံးက တော့ ပြီးခဲ့သည့်နှစ်က ကယားပြည်နယ် ထဲမှ မြို့နယ် ၃ ခုတွင် သက်ကြီးများကို စာသင်ပေးခဲ့သေးသည်ဟု ပြောသည်။

ဘယ်နေရာတွေကို အဓိကထား စည်းရုံးသင့်သလဲ

စာသင်ဝိုင်းများဖွင့်ထားသည့် မြို့နယ် ၇ ခုထဲတွင် ဒီမောဆိုမြို့နယ်က လက်ရှိတွင် အတက်ြ<ွကဆုံးဟု ဆိုရပေလိမ့်မည်။ စာသင်သား အရေအတွက်က ၂ဝဝဝ ကျော်ရှိနေ၍ဖြစ်သည်။ ထိုမြို့နယ်သည် စာမတတ်သူ ၉၈၅၉ ဦးရှိသည့် မြို့ဖြစ်သည်။ ဒုတိယအားအကောင်းဆုံးမြို့က လွိုင် ကော်မြို့ဖြစ်ပြီး စာမတတ်သူ ၁၁၆၆၆ ဦးရှိသည့်အထဲ ၉၈၁ ဦး စာလာသင်ကြသည်ကို တွေ့ရသည်။ အားအနည်းဆုံးမြို့တို့သည် ကျန်မြို့များ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။မြို့တစ်မြို့ နှစ်မြို့တွင်သာ အ ယောက် ၅ဝဝ စွန်းစွန်းကျော်ပြီး ကျန်သည်တို့က ၄ဝဝကျော်၊ ၂ဝဝ ကျော် လေးတို့နှင့်သာ စာသင်ဝိုင်း များထံ ရောက်လာကြသည်။ စာမတတ်သူ အရေအတွက် က စာတတ်သူအရေအတွက်ထက် များနေသည့် ရှားတောမြို့နယ်ဆို လျှင် စာသင်သား ၅၈၇ ဦးအထိ ပင်ရှိနေသည်။

ထိုမြို့နယ်သည် စာမတတ်သူ ၂၂၇၈ ဦး၊ စာတတ်သူ ၁၇၂ဝ ဦး ရှိ၍ ပြည်နယ်ထဲ စာမတတ်သူ အများဆုံး နေရာဟု ဆို၍ ရသည့် နေရာဖြစ်သည်။”လွှတ်တော်ကိုယ်စားလှယ် တွေ၊ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလူငယ်တွေ စည်းရုံး ရေးလုပ်ဖို့လိုပြီ”ဟု ကယားပြည် နယ် အခြေစိုက် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်က ပြောသည်။ ”အကြောင်းအရာတွေက အများကြီးပဲ။ တိုင်းရင်းသားတွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ တောင်မှ ကယားက လူမျိုးစု ၉ ခု ရှိတယ်။မြန်မာလို မတတ်ကြဘူး”ဟု သူက ပြောသည်။ တိုင်းရင်းသားစာ၊ မြန်မာစာ ထိုနှစ်မျိုးလုံးသင်ပေးပါက ပိုကောင်းမည်ဟု သူကအကြံပြုသည်။ လက်ရှိတွင်မြန်မာစာသာသင် နေ၍ဖြစ်သည်။

စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဖြတ်သန်းရမည့် ရှေ့အနာဂတ်

နိုင်ငံ၏ ရုံးသုံးစာကို နိုင်ငံ သားတို့သည် အခြေခံတတ်မြောက် ရန် လိုအပ်ပြီး၊ အကောင်းအဆိုး ဆုံးဖြတ်နိုင်ရန် စာတတ်၊ စာဖတ် ရန်လိုသည်က ရှည်ရှည်ဝေးဝေး ပြောစရာ မလိုတော့ပြီ။ အစိုးရသစ်၏ ပထမခြေလှမ်း သည် စာမတတ်သည့် ပြည်နယ် များထဲ ပမာဏ အနည်းဆုံးရှိသည့် ပြည်နယ်တစ်ခုတွင် စတင်ခဲ့သော် လည်း ရင်ဆိုင်ရသည့် အနေအ ထားက စာမတတ်သူ ၆ ပုံပုံ ၁ ပုံသာ လာတက်သည့် အခြေအနေနှင့် ဘာသာစကားအခက်အခဲ၊ တခြား ဖြေရှင်းရမည့်အချက်တို့နှင့်အများ အပြားရင်ဆိုင်နေရသည်။ ”မိုင်ထောင်ချီ ဝေးသည့် ခရီး တစ်ခုအတွက် ခြေလှမ်းတစ်လှမ်း ကို ပထမဦးဆုံး မလှမ်းဘဲနှင့် ခရီး စ၍မရ”ဟူသည့် စကားအတိုင်း ဆိုရလျှင်မူ ယခုစီမံချက်သည် ကျန်ပြည်နယ်များ၏ အနာဂတ် အရေးအတွက် ခြေလှမ်းအစ ဖြစ်နေလေတော့သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*