ဆေးလိပ်သောက်နှုန်းထိန်းချုပ်ဖို့ မှောင်ခိုဆေးလိပ်တိုက်ဖျက်စို့ (လူငယ်စင်မြင့်)

ဆေးလိပ်သောက်နှုန်းထိန်းချုပ်ဖို့ မှောင်ခိုဆေးလိပ်တိုက်ဖျက်စို့ (လူငယ်စင်မြင့်)
August 25, 2016 Asian Fame

12:10 pm
ဆေးလိပ်သောက်နှုန်းထိန်းချုပ်ဖို့ မှောင်ခိုဆေးလိပ်တိုက်ဖျက်စို့ (လူငယ်စင်မြင့်)
In Articles, Crime

လက်ရှိ မြန်မာနိုင်ငံသည် ပထမဆုံးသော အရပ်သားစစ်စစ် အစိုးရသစ်နှင့် ခေတ်သစ်စနစ်သစ်ဆီသို့ ဦးတည်လျှောက်လှမ်းနေသောအချိန်ဖြစ်ပါ၏။ ထိုခရီးသည် အစိုးရ၏ တာဝန် တစ်ခုတည်း မဟုတ်။ ရွေးကောက်တင်မြှောက်ခွင့်ရှိသော ပြည်သူ၏ တာဝန်လည်းဖြစ်ပါသည်။ ဥပဒေပြုရေးနှင့် အစိုးရကိုထိန်းကျောင်း တည့်မတ်ရာ လွှတ်တော်၊ ထိုလွှ တ်တော်မှ ပြည်သူ့ ကိုယ်စားပြုသော ကိုယ်စားလှယ်များမှအစ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားအသီးသီးမှ ပြည်သူ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျန်း မာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသော နိုင်ငံ့အရေးကဏ္ဍအသီးသီး၌ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ ဦးဆောင်အားထုတ်နေကြပါ၏။ သို့သော် ထိုမျှနှင့် မလုံေ လာက်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟူသော မဏ္ဍိုင်သုံးရပ်လိုအပ်သကဲ့သို့ ထိုမဏ္ဍိုင်များကို စောင့်ကြည့်တည့်မတ်ထိန်းကျောင်းရန်လည်း မီဒီယာ ဟူေ သာမဏ္ဍိုင်လိုပါသည်။ မီဒီယာဟူသည် ရုပ်သံ၊ သတင်း ဂျာနယ်မျှသာမက မီဒီယာ၏ တရားကိုယ်သဘော သည် ပြည်သူ့ အသံဖြစ်သည်။ ပြည်သူ့ ဆန္ဒ ပြည်သူ့ အမြင်၊ ပြည် သူ ၏ ဝေဖန်စောကြောမှုသာဖြစ်၏။ ထိုအထဲတွင် လူငယ်တို့၏ ကိုယ်ပိုင် အသိအမြင်၊ လူငယ်တို့၏ ကိုယ်ပိုင် အတွေး အရေး၊ လူငယ်တို့၏ ကိုယ်ပိုင် အိပ်မက်အနာဂတ်၊ လူ ငယ်တို့၏ ပြောရေးဆိုခွင့်သည်လည်း အဓိကကျသောနေရာတွင် ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထိုယုံကြည် ချက်ကြောင့်ပင် ကျွန်ုပ်တို့ပေါ်ပြူလာ နယူးစ်ဂျာနယ်တွင် ‘လူငယ်စင်မြင့်’ ဟူသော ကဏ္ဍသစ်တစ်ခုဖွင့်လှစ်ကာ လူငယ်များ၏အသံကို စင်တင်သိကြား စေလိုခြင်းပင်ဖြစ်ပါသည်။

may phyo khin

 ပြီးခဲ့သည့်လများအတွင်းက သတင်း စာများတွင် အထူးကုန်စည်များအားကျ သင့် အခွန်ထမ်းဆောင်ထားခြင်းမရှိပါက ဇွန်လ ၁ ရက်မှ စတင်ကာ အရေးယူသွား မည်ဟူသော သ တင်းများစွာကို ဖတ်ရှုခဲ့ရ သည်။ တရားဝင်အခွန်တံဆိပ်မပါရှိသော အထူးကုန်စည်များ ဖြန့်ချိရောင်းချခြင်း နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအာဏာ ပိုင်များက သတိပေးသည့်ညွှ န်ကြားချက် ထုတ်ပြန်ခဲ့သည့်အပေါ် မီဒီယာများက သတင်းရေးသားခဲ့သည်။ သတင်းမီဒီယာများ၏ ဖော်ပြချက် အရ အထူးကုန်စည်များကို သတ်မှတ် ချက်အတိုင်း အခွန် ထမ်းဆောင် ရန်နှင့် အခွန်မဆောင် သူများအား ဖမ်းဆီးရရှိရန် သတင်းပေးပို့သူများကို ရရှိသည့် ဒဏ်ငွေ၏ ၁ဝရာခိုင်နှုန်းအား ဆုကြေးငွေ အဖြစ် ပေးသွား မည်ဖြ စ်ကြောင်းပါရှိသည်။ အထူး ကုန်စည်များတွင် စီးကရက်အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ပေါင်းတင် ပြီးဆေး ၊ ဆေးပေါ့လိပ် ၊ ဆေးပြင်း လိပ်၊ ဆေးတံသောက်ေ ဆး များ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုး မျိုး၊ ဝိုင်အမျိုးမျိုး စသည်တို့ပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင်သော နည်းလမ်း များဖြင့် ရောက် ရှိ၊ ရောင်း ဝယ် ဖောက်ကားနေကြသည့် စီးကရက်အမျိုး မျိုး၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး များ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက် အမျိုးမျိုး၊ ဘီယာ အမျိုးမျိုး၊ ဝိုင်အမျိုးမျိုး တို့သည် အဆိုပါသတိပေးကြေညာချက် အရ စိစစ်စစ်ဆေးခြင်း၊ အရေးယူခြင်းကို ခံရတော့မည်ဖြစ်သည်။

 မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်နှုန်း ကို လျှော့ချရန်အတွက် အခွန်အခများ တိုးမြှင့်ပြီး သုံးစွဲနိုင်အားကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိရာ ယခုသတင်း ထုတ် ပြန်ချက်သည် အဆိုပါကြိုးပမ်းမှုကို အရာထင်စေနိုင်မည့် (အထောက်အကူ ပြုနိုင်စေမည်) ဟုမျှော်လင့်ရသည်။  ဆေးလိပ်ဈေးကွက်  တွင် ပြည်တွင်း တရားဝင်ထုတ်လုပ် ရောင်းချသော ဆေး လိပ်၊ စီးကရက်များနှင့်အတူ မြန်မာနိုင်ငံ နှင့် နယ်နိမိတ်များ ဆက်စပ်လျက်ရှိသည့် နယ်စပ်များမှတစ်ဆင့်လည်းကောင်း၊ အခြားသော ဝင်ပေါက်များမှတစ်ဆင့် လည်းကောင်း၊ တရားမဝင် မှောင်ခိုဝင် ရောက်လာသည့် ဆေးလိပ်များအများ အပြား ရောနှောရောင်းချလျက်ရှိသည်ကို ပေါ်ပေါ်ထင်ထင် တွေ့နေရပါသည်။ သုံးစွဲသူများအနေဖြင့်လည်း လွယ် လွယ် ကူကူ ဝယ်ယူရရှိနေပါသည်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုနှုန်းကို လျှော့ချ ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် တရားမဝင် ကုန်သွယ်မှုကို တားဆီးရန် အလွန်အရေး ကြီးကြောင်း ဆေး ပညာရှင်များက သုံး သပ်ပြောကြားသည်။ ”တရားမဝင် ကုန် သွယ်မှုတွေကို တားမြစ်မယ်ဆိုရင် သောက် နှုန်းလျော့သွားမယ်၊ တရားမဝင်သွင်းလာ ရင် ဈေးလျှော့ရောင်း တယ်။ ပြည်သူတွေက ပိုသောက်တယ်။ ဒါကြောင့် တားမြစ် မယ်ဆိုရင် ဈေးနှုန်းမြင့်လာမယ်။ သုံးစွဲမှု နည်းသွားမယ်” ဟုလည်း ပြည်သူ့ကျန်း မာရေး တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ နေစိုးမောင် က၂ဝ၁၅ ခုနှစ် ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနား တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း သောက် သံုးေ နေ သာ ဆေးလိပ် ဆယ်လိပ်တွင် တစ်လိပ်သည် တရားမဝင် ရောင်းချမှုဖြစ် နေပြီး မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တရားမဝင်ဆေးလိပ် ၅ဝ ရာခိုင်နှုန်း ခန့်ရှိနို င်ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီး၏ စိစစ်ချက်အရ သိရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ကုန်ပစ္စည်းများ တရားမဝင် မှောင်ခိုကူး သန်းရောင်းဝယ်ရေး လုပ်ငန်းေ ကြာင့် ကမ္ဘာအနှံ့ အစိုးရအဖွဲ့ အစည်းများအနေဖြင့် ရသင့်ရထိုက်သည့် အခွန်များအပေါ် နှစ်စဉ် အမေရိကန် ဒေါ်လာဘီလျံ ၄ဝ မှ ၅ဝ ကြား ဆုံးရှုံးလျက်ရှိနေပါသည်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန် ပစ္စည်းများ တရားမဝင် မှောင်ခိုရောင်း ဝယ်ခြင်း၏ ထိခိုက်မှုသည် အခြားရာ ဇဝတ်မှုများကဲ့သို့ ချက်ချင်းလက်ငင်း တိုက်ရိုက် မသိ ရှိနိုင်သော်လည်း ယင်း၏ အကျိုးဆက်များကား အမှန်တကယ်ပင် ရှိနေပါသည်။ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားပြီးရာဇဝတ်မှု မကင်းသောလုပ် ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်း များသာမက  နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများအထိ ပါဝင်ပတ်သက်မှု ရှိသော ဆေးလိပ်တရားမဝင် ထုတ်လုပ် ပြီး နိုင်ငံဖြတ်ကျော် ကူးသန်းရောင်းဝယ် သယ်ဆောင်ဖြန့်ဖြူးမှုများကို တရားမဝင် သယ်ယူ ပို့ ဆောင်ရေး အထူး ကျွမ်းကျင်သူ  များနှင့်အတူ ငွေကြေးအင်အား တောင့်တင်း၍ အန္တရာယ်ကြီးမားပြီး အလုံးစုံ ထိန်းချုပ်နိုင် စွမ်းရှိသည့် မှောင်ခိုလုပ်ငန်း ရှင်ကြီးများက အထူးကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်လျက်ရှိကြပါသည်။ထို့အပြင် မြန်မာနိုင်ငံတွင်လည်း တရားမဝင် မှောင်ခို နည်းလမ်းများဖြ င့် ဈေးကွက်အတွင်းသို့ အခွန်မဆောင်ဘဲ ရောက်ရှိလာကြသော ဆေးလိပ်ဆေးရွက် ကြီးထွက်ပစ္စည်းများကြောင့်  နိုင်ငံတော် အစိုးရသည် ရသင့် သည့် အခွန် အရပ်ရပ် များစွာ ဆုံးရှုံးလျက်ရှိပါသည်။ ဆေးလိပ် ဈေးကွက် ကျွမ်းကျင်သူများ၏ အဆိုအရ မှောင်ခိုစီးကရက်ဈေးကွက်မှ အခွန်ဆုံးရှုံးရမှုသည် ကျပ် ၆ ဘီလျံအထက် ရှိနိုင် ကြောင်းမှတ် သား ရပါ သည်။

တည်ဆဲဥပဒေများအရ ကျန်းမာရေး သတိပေးချက် စာသားများ၊ ၁၈ နှစ် အောက် ဆေးလိပ်မရောင်းရ စာတန်း များကို စီးကရက်ဘူးတိုင်းတွင် အင်္ဂလိပ် ဘာသာ၊ မြန်မာ ဘာ သာများဖြင့် ထင် ထင် ရှားရှားဖော်ပြထားရမည်ဖြစ်သည်။ မှောင်ခိုတင်သွင်းလာသော စီးကရက်ဘူး များတွင် သတိပေးစာ သားများ အား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိ ပေ။ ထို့အပြင် မြန်မာနိုင်ငံ၏ အထူးကုန် စည်ခွန်များအပေါ် သတ်မှတ်ချက်ဖြစ် သော အခွန်တံဆိပ်ခေါင်းများအားလည်း ပြဋ္ဌာန်းချက်နှင့်အညီ ကပ်နှိပ်ခြင်းများ လည်းမရှိ တတ်သည်ကို တွေ့ရသည်။ ယခု လက်လီ လက်ကား အရောင်း ဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိ နိုင်သော နိုင်ငံခြားမှ တင်သွင်းလာ သည့် ဆေးလိပ်ဘူးများ သ ည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ မြန်မာဘာသာ စကားဖြင့် ဖော်ပြထားသော ကျန်းမာရေး သတိပေးချက်လည်း မရှိ၊ ၁၈ နှစ် မပြည့် သေးသူများကို မရောင်းရ စာ တန်းလည်း မပါ၊ အခွန်ဆောင် ထားသည့် တံဆိပ်ခေါင်း လည်း ကပ်မထားခြင်းတို့ကြောင့် တရား မဝင် မှောင်ခိုပစ္စည်းဖြစ်ကြောင်း ခွဲခြား သတ်မှတ်ရန် အလွန် ပင်လွယ် ကူလှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဈေးကွက်ထဲ တွင် တရားမဝင်မှောင်ခိုကူးသန်းရောင်း ဝယ်နေသည့် ဆေးလိပ်များစွာရှိနေပြီး စစ်တမ်း များကလည်း ဖော်ပြထား ပါသည်။

ပြည်သူလူထု အတွင်းတွင် ဤသို့ တရားမဝင်ကုန်သွယ်မှုကို သတိပြုမိစေ ရန် ပညာပေးလှုံ့ဆော်မှုများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ သတိပေးကြေညာထား သည့်အတိုင်း တရားမဝင်ကုန်စည်များ အား ရောင်းချမှုနှင့် ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်လျှောက်မှသည် လက် လီလက်ကားဆိုင်များအထိ သက်ဆိုင်ရာ အာ ဏာပိုင် အဖွဲ့အစည်း များက ပူးပေါင်း ပါဝင်လျက် နိုင်ငံတော်အဆင့်မှသည် ရပ်ကွက်၊ ကျေးရွာများအထိ အဖွဲ့အစည်း အဆင့်ဆင့် ဝိုင်းဝန်းတိုက်ဖျက်ကြမှသာ မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ လည်း ထိရောက်အောင်မြင်ပြီး နိုင်ငံ ဘဏ္ဍာဝင်ငွေ ထိခိုက်မှုကြီးတစ်ခုဖြစ် သည့် အထူးကုန်စည်များအား မှောင်ခို ရောင်းဝယ်ဖောက်ကားမှုကြီး ကျဆုံး ပပျောက်သွား မည်ဖြ စ် ပါသဖြင့် ”ဆေး လိပ်သောက်နှုန်းထိန်းချုပ်ဖို့ မှောင်ခို ဆေးလိပ်များအားတိုက်ဖျက်ကြပါစို့” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*