ငလျင်အလွန်မြန်မာပြည်

ငလျင်အလွန်မြန်မာပြည်
September 2, 2016 Asian Fame

11:25 am
ငလျင်အလွန်မြန်မာပြည်

၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ် ငလျင်လှုပ်ချိန်မှာ ကျွန်မက အင်းဝ ဗားက ရာကျောင်းရှေ့မှာ ဧည့်သည်တွေကို ရှင်း ပြနေစဉ် ပေါ့။ ပထမတော့ ကိုယ့်ဘာသာမူး သွားတယ် ထင်တာလေ။ ခဏကြာမှ ငလျင် မှန်းသိပါတယ်။ ဘာလို့ဆို ခြေအောက်က မြေကြီးရွေ့နေတာခံစားရလို့ပါ။ တစ်သက် နဲ့ တစ်ကိုယ်မြေကြီးပေါ်ရပ်နေတုန်း ငလျင်လှုပ်တာ ဒါ ပထမဆုံးပါပဲ။ မြေကြီးအက်ကွဲ မလားတောင် တွေးမိပါတယ်။ ကျွန်မ ငလျင်လှုပ်နေပြီ အော်လိုက်တော့မှ ဘေး က ဘုန်းကြီးကျောင်းအသစ်ထဲက ဦးဇင်း တွေ၊ ကို ရင်တွေ ထွက်ပြေးလာကြပါတယ်။ တော်တော်ပြင်းမှန်းတော့ သိလိုက်ပေမယ့် အဲဒီအချိန်က မန္တလေးတစ်ဝိုက်ပဲ လှုပ်တယ်ထင်မိတယ်။ ဧည့်သည်တွေလည်း ကြောက်လန့်ပြီး ဗားက ရာကျောင်းပေါ် တောင် မတက်တော့ဘူးဆိုလို့ မနည်းကို တက်ပါ၊ ဘာမှမဖြစ်တော့ပါဘူးဆိုပြီး တက်ခိုင်းတာတောင် နှစ်ယောက်ပဲ တက် တော့တယ်။ သူတို့ကတော့ ကျွန်မ တို့လို ငလျင်ကို ရိုးနေသူတွေမှ မဟုတ် ဘဲလေ။

အပြန်မှာ ငလျင်သတင်း သိချင်လို့ ဖေ့စ်ဘွတ်ခ်ဖွင့်ကြည့်တော့မှ မြန်မာတစ် နိုင်ငံလုံး လှုပ်သွားကြောင်း ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိကြောင်းတွေ တက်လာ တယ် ။ မြတ်စွာ ဘုရား၊ ကျွန်မထင်တာ ၅ လောက်ထင်မိတာ။ ဒါနဲ့ အိမ်ကို ဖုန်းဆက် တော့ အိမ်ကတော့ မသိလိုက်ဘူးဆိုလို့ စိတ်အေးသွားတယ်။ နောက်တစ်ခါ ထပ် ဖွင့်ကြည့်တော့မှ ပုဂံ ဘုရားတွေ ပြိုကုန်ပြီဆို လို့ စိတ်တွေ တော်တော်ဆင်းရဲသွားတယ်။ ဧည့်သည်တွေလည်း စိတ်မကောင်းကြဘူး ပေါ့။ ဟိုတယ်ပြန်ရောက်တော့ ဆက်တိုက် ဖွင့်ကြည့်တော့မှ ပိုမို စိတ်မကောင်းစရာ တွေဖြစ်ပါရောလား။ ဘုရားတွေ အဆူပေါင်း တော်တော်များတယ်။ အပျက်အစီး အခြေ အနေသိပ်မသိရသေးဘူးဆိုတော့ နေလို့ ကို မရတော့ဘူး။ ဖုန်း ဆက်တော့လည်း မကိုင်ကြဘူး။ ဆုပဲတောင်း နေရပါတယ်။

ည ၉ နာရီလောက်ကျတော့ ရှေး ဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ စာရင်းထွက်လာပါတယ်။ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၁၇၁ ဆူ၊ စလေ ဒေသ ၉ ဆူ၊ မြောက်ဦးဒေသ ၃ ဆူ၊ စစ်ကိုင်းဒေသ ၇ ဆူ အနည်းနဲ့ အများ ပျက်စီးသွားတယ်ဆိုပါတယ်။ ကျွန်မလည်း ယိုင်လဲမတတ်ပါပဲ။ ၁၉၇၅ ခုနှစ်တုန်းက တောင် ၆ ဒသမ ၇ ပဲ ရှိတာ။ အခုတော့ ပိုဆိုးကုန်ပြီ ထင်ပါရဲ့ဆိုပြီး ဝမ်းနည်းလိုက် တာလေ။ကျွန်မလည်း ခရီးစဉ် မပြီးသေးလို့သာ နေနေရတယ် စိတ်ကို မပါတော့ပါဘူး။ ဧည့်သည်တွေလည်း သူတို့ ပုဂံကရိုက်လာ တဲ့ ဓာတ်ပုံလေးတွေ ထုတ်ထုတ်ပြပြီး ဒါပါလား၊ ဒီတစ်ဆူကော စသဖြင့် မေးမေးနေပြီး သူတို့ပါ ဝမ်းနည်းကြပါတယ်။ နောက်အီတလီမှာလည်း ၂၄ ရက်နေ့ က ပဲ မြန် မာပြည် အချိန် မနက်ကြီးပိုင်းလောက်မှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူတွေ တော် တော်သေတယ်ဆိုတော့ တုန်လှုပ်မိပါ တယ်။ လူကြီးတွေ ပြောတဲ့ ကပ်ေ ဆးတယ် ဆိုတာများလားလို့လည်း တွေးမိပါရဲ့။

၂၅ ရက်နေ့မှာ ခရီးစဉ်ပြီးသွားတော့ သတင်းတွေအရ ယူနက်စကို လာမယ်၊ နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ် ဆိုတာ သိရတယ်။ စိတ်တစ်ပိုင်းက ဝမ်း သာမိပေမယ့် စိတ်တစ်ပိုင်းကတော့ တော် တော်ပူသွားပါတယ်။ ပုဂံဆိုတာ အသက်ရှိ နေတဲ့နေရာလေ။ ပီဇာမျှော်စင်တို့၊ အန် ကောဝပ်တို့၊ ပွန်ပီတို့လို ပြတိုက်ဖြစ်သွားတဲ့ ရှေးဟောင်း အဆောက်အအုံတွေပဲ ရှိတဲ့ နေရာ မဟုတ်ဘူးဆိုတော့ အခုထိ ကိုး ကွယ်ပူဇော်မှုတွေ၊ ဘုရားပွဲတွေရှိသေး တယ်ဆိုတော့ ပုဂံကလူတွေအနေနဲ့ အနာ ဂတ်အတွက် ပြင်ဆင်မှု ဘယ်လိုလုပ်နိုင်ပါ့ မလဲ။ ဘာလုပ်ရမယ်ဆိုတာ သေချာ သိ ကောသိပါ့မလား စသဖြင့် အတွေးတွေနဲ့ နေမထိ ထိုင်မသာ ဖြစ်လာမိပါတယ်။ ဒါ ကြောင့် ရှေးဟောင်း သုတေ သနပညာရပ် ကို တတ်ကျွမ်းနားလည်တဲ့ သူတွေကို လိုက်မေးမိပါတယ်။ ပုံမှန်အတိုင်းဆို ယူ နက်စကိုဝင်ဖို့ဆိုတာ ၁ဝ နှစ်၊ ၁၅ နှစ် ကြာဦးမှာပါ။ ငလျင်ထလှုပ်လိုက်တော့ ရုတ်တရက် လာဖို့ အခွင့်သာသွားတယ် ဆိုရမယ်။ ဒီမှာက ယူနက်စကိုစံနဲ့ ကိုက် ညီဖို့ စည်းမျဉ်းစည်းကမ်းတွေ ဘာမှအဆင် သင့်မဖြစ်သေးဘူး ဆိုနိုင်ပါတယ်။

DJI_0019
အမှန်အတိုင်း ပြောရရင်တော့ ပုဂံ ဘုရားအားလုံးနီးပါးဟာUNESCO Cri-teria နဲ့ မကိုက်ညီတဲ့ နည်းလမ်းတွေနဲ့ ပြု ပြင်ပြီးသွားတာ ခုမှမဟုတ်ပါဘူး။ ကျွန်မ အမှတ်မမှား ဘူးဆိုရင် ဥပမာတစ်ခု ပြောရ မယ်ဆိုရင် ၁၉၇၅ ခုနှစ် ပုဂံငလျင်မှာ အာ နန္ဒာ ဘုရားကွမ်းထောင်ပြိုတဲ့ အထဲက ကြေးအုတ် တစ်လုံးရတာမှာ အဲဒီကြေး အုတ်မှာ ဘုရားငလျင် ဒဏ်ခံရတဲ့ နှစ်တွေ နဲ့ ပြန်ပြင်ထားတဲ့ စာရင်းတွေ မှတ်ထားတာ ၁၁ ရာစုကစပြီး ၁၉၇၅ ခုနှစ်ထိ (၇) ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ ၁၉၇၅ ခုနှစ် ငလျင် အကြောင်းကိုလည်း ထပ်မံဖြည့်စွက်ရေး ထိုးလိုက်တယ် ထင်ပါတယ်။အဲဒီတော့ ပုဂံဘုရား တစ်ခုချင်းစီကိုHistorical Monument List ထဲထည့်မရပါ ဘူး။ ထည့်မရတဲ့အတွက် ဇုန်ကြီးတစ်ခုလုံး ကို ထည့်ဖို့စဉ်းစားတဲ့အခါ ပုဂံဇုန်တစ်ခုလုံး က လူတွေနဲ့ ယူနက်စကို စည်းမျဉ်းစံတွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ကြပါတော့ မယ်။ အဲဒီ အတွက် ဒီဒေသနဲ့ ကိုက်ညီမယ့် စည်းမျဉ်စည်းကမ်းအသစ်တွေကို မလွဲ မသွေထုတ်ပြန်ရပါလိမ့်မယ်။ ညောင်ဦး ဒေသ အုပ်ချုပ်ရေးယန္တရားကိုလည်း မြို့ပြ ဇုန်ထဲထည့်ရပါလိမ့်မယ်။ ညောင်ဦးက မြို့ ဖြစ်နေ ပြီးသားကိုး။

ထိကိုင်လို့ရတဲ့ ယဉ်ကျေးမှု အနုပညာ(Tangible Culture) နဲ့ ထိကိုင်လို့မရတဲ့ ခေတ်ကာလအလိုက် ထွန်းကားတဲ့ ယဉ် ကျေးမှု (Intangible Culture)တို့ကို အ ချိုးညီညီ ထိန်းသိမ်းနိုင်ရမှာ ဖြစ်ပါတယ်။ ပြတိုက်ဖြစ်သွားတဲ့ ရှေးဟောင်း အ ဆောက်အအုံတွေကို ကိုယ့်စံနှုန်းအတိုင်း ပြင်ဆင်ပြီး သိမ်းပိုက်ထားလို့ ရပေမယ့် အ သက်ဝင်နေဆဲဖြစ်တဲ့ ယဉ်ကျေးမှု(Living Culture)ကို ထိန်းသိမ်းတဲ့အခါမှာတော့ ပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ သီ ချင်းတွေ၊ ဘာသာစကား၊ ဘုရားပွဲ၊ ရိုးရာ ဓလေ့ထုံးစံများ၊ နတ်ပွဲ အစရှိ သည် တို့ဟာ အသက်ဝင်နေတဲ့ ခေတ်ကာလအလိုက် ထွန်းကားတဲ့ ယဉ်ကျေးမှုတွေပါ။ Living Monument ဖြစ်နေခဲ့ရင်လည်း ခေတ်ရေ စီးကြောင်း နဲ့အညီ ဖြစ်ပေါ်နေ တာတွေကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ် စေ လက်ခံရမှာပါပဲ။ ကျွန်မတို့ တိုင်းသူ ပြည်သားများရဲ့ ထက်သန်တဲ့ ကိုးကွယ်ယုံ ကြည်မှုတွေဟာ စိတ်ပညာ အရ တွေး ကြည့်ရင်တော့ ကိုယ့်ကိုယ်ကိုယ် အားအင်ပေး ယုံကြည်မှု ဖြစ်ထွန်းစေတဲ့ အရာလို့လည်း ပြောနိုင်ပါတယ်။ အနော်ရထာလို ပထမ မြန်မာနိုင်ငံတော်ကြီး တည်ေ ထာင်ခဲ့ သူ တောင် သူ့တိုင်းသူပြည်သားတွေရဲ့ အသံ ကို နားထောင်ခဲ့တာပဲလေ။

ရွှေတိဂုံ၊ ရွှေဆံတော် အစရှိသဖြင့် ဘုရားတွေ ရွှေမချနဲ့ ထီးတော်မတင်နဲ့ဆိုပြီး ယူနက်စကိုစံအတိုင်း စည်းမျဉ်းဆွဲရင် ဘယ် လို ဖြစ်သွားမယ်ထင်ပါသလဲရှင်။၂၁ ရာစုလူတွေရဲ့ ယဉ်ကျေးမှုဟာ တစ်ချိန်မှာအတိတ်ဖြစ်သွားမှာပါ။ ဥပမာ စူဠာမဏိဂူတော်ကြီးမှာ ပုဂံခေတ်က ရေး ဆွဲခဲ့ခြင်း မဟုတ်သော်လည်း ကုန်းဘောင် ခေတ်က ရေးဆွဲထားတဲ့ ဗုဒ္ဓရုပ် ပွားတော် ပန်းချီပုံတွေဟာ ယခုအချိန်မှာ သမိုင်းဝင် သွားပါပြီ။ထိကိုင်လို့ရတဲ့အနုပညာရော၊ ထိကိုင် လို့ မရတဲ့ယဉ်ကျေးမှုရော ထိန်းသိမ်းတဲ့ အခါ ဒေသခံများရဲ့ အကျိုး စီးပွားကိုပါ ကာကွယ်ရပါမယ်။ စည်းကမ်းတွေကတော့ များလာမှာ အမှန်ပါပဲ။ယူနက်စကို မလာမီမှာ ဒေသခံများနဲ့ ကိုက်ညီတဲ့ စည်းမျဉ်း စည်းကမ်း များကို ရှေးဟောင်းဌာနက ဘက်မလိုက်ဘဲ ထုတ် ပြန်ရပါလိမ့်မယ်။ ဒေသခံများကို ငဲ့ညှာရ ပါလိမ့်မယ်။ သေသေချာချာစိစစ်ပြီး နှစ် ဖက်စလုံး အဆင်ပြေစေမယ့် စည်းကမ်း များ ထုတ်ရပါမယ်။

ယူနက်စကိုအနေနဲ့ ဒီက ထုတ်သမျှ စည်းကမ်းကို လက်ခံပါလိမ့်မယ် ထင်ပါ တယ်။ ထုတ်ပြီးပြီဆိုရင်တော့ တစ်သက် လုံးအတွက် အတည်ဖြစ်တော့မှာပါ။ ယူ နက်စကို ဝင်ပြီး နှစ်တွေကြာရင် ရှေးဟောင်း ဌာနနဲ့ ဒေသခံများကို ဘေးဖယ်လိုက်မှာ လည်း စိုးရိမ်ရပါတယ်။ အရေးအကြီးဆုံး အချက်ကို ပြောရမယ်ဆိုရင်တော့ ယူနက် စကိုက ထုတ်ပြန်ထားတဲ့ဥပဒေများကို နား လည်တဲ့Conservation, Preservation, Protecting Monument ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှေ့နေတွေရဲ့ တိုင် ပင်ပြီး ပြည် သူ့ဘက်က ရပ်တည်ပေးမယ့် ဒီဒေသ ခံတွေရဲ့ အနာဂတ်ကို ကာကွယ်ပေးမယ့် စည်းမျဉ်းစည်းကမ်းများကိုသာ ထုတ်နိုင် ပါစေလို့ ယုံကြည်ပါရစေ။ သမ္မတကြီးနဲ့ ဝန်ကြီးများ လွှတ်တော် အမတ်များအနေ နဲ့ ဒီအရေးကို ယူနက်စကို လက်ထဲပဲ ပုံ အပ်မထားဘဲ ကိုယ်တိုင် ယူနက်စကို ဘာ တွေလုပ်လေ့ လုပ်ထရှိ သလဲဆိုတာကိုပါ တီးမိခေါက်မိ ရှိစေချင် ပါတယ်ရှင်။

ကျွန်မအနေနဲ့ တတ်ကျွမ်းသူ မဟုတ် ပါဘူး။ မိကျောင်းမင်း ရေကင်းပြတာလည်း မဟုတ်ပါဘူးရှင်။ ပညာရှိ သတိဖြစ်ခဲဖြစ်မှာ စိုးလို့ပါ။ နိုင်ငံတစ်ခုကစံဟာ တခြားနိုင်ငံ ရဲ့ ရေမြေရာသီဥတုအနေအထား လူတွေ ရဲ့ခံစားမှုနဲ့ အမြဲကိုက်ညီနေမှာမဟုတ်ပါ။ဒီဒေသထဲမှာ လုပ်ငန်းကောင်းများနဲ့ အမြတ်ထုတ်သွားတဲ့ အမြတ်ထုတ်ဆဲဖြစ် တဲ့ ခရိုနီ ကြီးလတ်ငယ်တို့ကလည်း ဒီ ဒေသအတွက် ဘယ်လိုခွဲဝေသုံးစွဲ ပေးပြီး ဘယ်လို စောင့်ရှောက်နိုင်မယ်ဆိုတာ ဒီ တစ်ခါကြည့်ပါရစေ။ အချုပ်အားဖြင့် ပုဂံ ဆိုတာ ဘယ်သူ မှ ရောက်မလာခင်ကတည်း က ကမ္ဘာကျော်ပြီးသားပါဆိုတဲ့အချက်ကို မမေ့ကြဖို့ လိုပါလိမ့်မယ်။

အမရာ(ရူပ)