ခရိုအီကာဒစ်ရှန် နဲ့ သမီးငယ်လေးတို့ 2018 ခရစ်စမတ်ကာလကိုအတူ ဖြတ်သန်းကြဖို့ပြင်ဆင်နေ

ခရိုအီကာဒစ်ရှန် နဲ့ သမီးငယ်လေးတို့ 2018 ခရစ်စမတ်ကာလကိုအတူ ဖြတ်သန်းကြဖို့ပြင်ဆင်နေ
December 10, 2018 Asian Fame
ခရိုအီကာဒစ်ရှန် နဲ့ သမီးငယ်လေးတို့ 2018 ခရစ်စမတ်ကာလကိုအတူ ဖြတ်သန်းကြဖို့ပြင်ဆင်နေ

 

အမေရိကန်ရုပ်သံအစီအစဉ်တင်ဆက်သူ၊မော်ဒယ်လ် အစရှိတဲ့ အလုပ် တွေလုပ်ကိုင်နေတဲ့ ခရိုအီကာဒစ်ရှန်ကတော့ သူ့ရဲ့ ရှစ်လအရွယ်သမီးငယ်လေးနဲ့အတူတူ ပထမဆုံးခရစ်စမတ်ကာလကိုဖြတ်သန်းဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ပလက်တီနမ်ရောင်ဆံပင်နဲ့ အမြင်ဆန်းနေတဲ့ ခရိုအီက သမီးလေးထရူးထွန်မဆင်အတွက် ရည်ရွယ်ပြီးသေသေချာချာအချိန်ယူပြင်ဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်ကို တော့ ကလဲဗားလန့်က အိမ်မှာထားထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ရက်နေ့က အင်စတာဂရမ်မှာ တင်လိုက်တဲ့ သူတို့သားအမိရဲ့ ခရစ်စမတ်သစ်ပင်က အစိမ်းရောင်သစ်ရွက်တွေကြားမှာ ငွေရောင်နှင်းတွေရယ် အခြားပွဲတော်နဲ့ ဆိုင်တဲ့ အထိမ်းအမှတ် ပစ္စည်းတွေစုံစုံလင်လင် ချိတ်ဆွဲထားတာတွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ခရိုအီက ရုပ်သံတင်ဆက်သူ၊မော်ဒယ်အပြင် စွန့်ဦးတီထွင်သူ အမျိုးသမီး စီးပွားရေးပညာရှင်အဖြစ်ရပ်တည်နေပြီး အသက် ကတော့ ၃၄ နှစ်အရွယ်ရှိနေပါပြီင်္။အတူနေချစ်သူ ထရိုင်စတန် ထွန်မဆင်နဲ့ ၂၀၁၆ ခုနှစ်ကစပြီးလက်တွဲခဲ့ ကြတာဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*