ပင်လယ်ကမ်းရိုးတန်းဒေသများ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

0
49

မွန်ပြည်နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများ‌အနေဖြင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် ကမ်းပါးပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းစကားပြောကြားသည်။

ယမန်နေ့ ၊ မေလ(၉)ရက်က မွန်ပြည်နယ် ပင်လယ်ကမ်းရိုး တန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေး၌ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ပေါကြွယ်ဝသဖြင့် ယင်း သယံဇာတများအားစနစ် တကျ ထိန်းသိမ်းသွားကြရမည်ဖြစ်ပြီး၊ ကမ်းရိုးတန်း သယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပျက်စီးပြုန်းတီးမှုမရှိစေရေး ကော်မတီအ‌နေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

အလားတူ ကမ်းရိုးတန်း သယံဇာတ တစ်ခုဖြစ်သော ငါးသယံဇာတများ ရေရှည်တည်တံ့စေရန် ငါးမဖမ်းရရာသီများ ငါးမဖမ်းရနယ်မြေများသတ်မှတ်၍ စည်းကမ်းချက်များနှင့်အညီ ငါးဖမ်းခြင်းများဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here