ထိုင်းနိုင်ငံတွင်လိုအပ်မည့် မြန်မာ စာရွက် စာတမ်းများ ထောက်ခံပေးမှုကို အွန်လိုင်းမှ ရက်ချိိန်းယူရန် ထိုင်းသံရုံး ထုတ်ပြန်

0
61

ထိုင်းနိုင်ငံအတွင်း နေထိုင်အသုံးပြုရာတွင် လိုအပ်မည့် မြန်မာအစိုးရ၊အာဏာပိုင်ထုတ်ပေးထားသည့် စာရွက်စာတမ်းများအား ထောက်ခံမှုပေးသည့် ဝန်ဆောင်မှုအား အွန်လိုင်းမှ တဆင့်သာ ရက်ချိန်းယူကာ ဆောင်ရွက်ရန် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။

အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ၊ နိုင်ငံကူးလက်မှတ်မိတ္တူ အပြင် မွေးစာရင်း၊ ဘွဲ့လက်မှတ်၊ လက်ထပ်စာချုပ်နှင့် ပိုင်ဆိုင်မှုစာချုပ် စသည့် စာရွက်စာ တမ်းများအပါအဝင် မြန်မာအစိုးရ (သို့မဟုတ်) အာဏာပိုင်များမှ ထုတ်ပေးထားသည့် စာရွက်စာတမ်းများအား ထော က်ခံပေးသည့် ဝန်ဆောင်မှုများကို မေလ (၁၃)ရက်ကစတင်ကာ အွန်လိုင်းမှ ရက်ချိန်း ယူပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

“အခုက ကျွန်တော်တို့လည်း ရှုပ်နေတယ်။ သူတို့ရဲ့မူဝါဒ က ဘာဖြစ်မလဲပေါ့။ အရင် ဒီစာရွက်စာတမ်းတွေက သံရုံးကို တခါတည်း သွားလုပ်လို့ရတယ်။ အခု လူများလို့ ထင်တယ်၊ တုံကင်စနစ်ဖြစ်တာ” ဟု ထိုင်းနိုင်ငံအတွက် ပညာရေးဝန် ဆောင်မှုပေးနေသည့် အေဂျင်စီလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ရက်ချိန်းနေရာ တစ်ခုလျင် လူတစ်ဦးအတွက်သာဖြစ်ပြီး မိမိရက်ချိန်းယူလိုသည့် ရက်ကို ကြိုတင်စဉ်းစားပြီးမှသာ ရက်ချိန်းယူရန်နှင့် ရက်ချိန်းယူပြီးပါက ပြန်လည်ပယ်ဖျက်ခြင်းကို ရှောင်ရှားကြရန်လည်းထိုင်းသံရုံးက အသိပေးထားသည်။

ထို့ပြင် ဖော်ပြပါ စာရွက်စာတမ်းများအား သံရုံးသို့ မတင်ပြမီ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားကြရန်နှင့် သံရုံးအနေဖြင့် တာဝန်ရှိသူများ၏ လက်မှတ်ကိုသာ ထောက်ခံချက်ပေးခြင်း ဖြစ်ပြီး ဘာသာပြန်ချက်များကို တာဝန်ခံမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ထိုင်းနိုင်ငံသို့ သွားရန် ဗီဇာလျှောက်လိုသည့် မြန်မာနိုင်ငံသားများအတွက်ကိုမူ ယခင် သံရုံးမှ ထုတ်ပြန်ထားသည့်အ တိုင်း တုံကင်စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here