ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်းနှင့် ပေါင်းစပ်အင်းဆက် သိပ္ပံဒီပလိုမာသင်တန်းတို့ကို ရန်ကုန်တက္ကသိုလ်တွင် လျှောက်ထားနိုင်

0
63

ရန်ကုန်တက္ကသိုလ်တွင် ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်းနှင့် ပေါင်းစပ်အင်းဆက်သိပ္ပံဒီပလိုမာသင် တန်းတို့ကို ယခုမေလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

​ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာသင်တန်းကို လာမည့်ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး မေလ (၈) ရက်မှ (၂၄) ရက်အထိ သက်ဆိုင်ရာဌာန အသီးသီးတွင် လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်သည်။

အဆိုပါ ဒီပလိုမာ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပြီး သင်တန်းကာလ (၉) လနှင့် Project Papaer စာတမ်းပြုစုရမည်ဖြစ်ကာ သင်တန်းပြီးမြောက်အောင်မြင်ပါက ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာဘွဲ့ကို ရရှိမည်ဖြစ်သည်။

ယင်းသင်တန်းအတွက် သင်တန်းကြေးမှာ (၄) သိန်းကျပ်ဖြစ်ပြီး (Semester တစ်ခုလျှင် (၂) သိန်းကျပ်) သင်တန်းစတင်ဖွင့်မည့်ရက်မှာ ဇွန်လ (၁) ရက်နေ့ဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်သင်တန်းသား လူဦးရေ (၅၀) သာ လက်ခံမည်ဖြစ်ပြီး ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်စားသူများအနေဖြင့် မေလ (၈) ရက်မှ (၂၄) ရက်အတွင်း အမှတ် (၃၀၇)၊ ငါးလုပ်ငန်းပညာရုံးခန်း၊ University of Yangon Center for Research and Innovation၊ ဘွဲ့နှင်းသဘင်ခန်းမအနီး၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

အလားတူ ပေါင်းစပ်အင်းဆက်သိပ္ပံ ဒီပလိုမာသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနတွင် ဖွင့်လှစ်မည်ဖြစ်ပြီးအဆိုပါ သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကာလ (၉) လနှင့် Project Papaer စာတမ်းပြုစုရမည်ဖြစ်ကာ သင်တန်းပြီးမြောက်အောင်မြင်ပါက ပေါင်းစပ်အင်းဆက်သိပ္ပံ ဒီပလိုမာဘွဲ့ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းအတွက် သင်တန်းကြေးမှာ (၄) သိန်းကျပ်ဖြစ်ကာ (Semester တစ်ခုလျှင် (၂) သိန်းကျပ်) သင်တန်းစတင်ဖွင့်မည့်ရက်မှာ ဇွန်လ (၁) ရက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားရမည်ဖြစ်သည်။

သင်တန်းသား လူဦးရေ (၃၀) သာ လက်ခံမည်ဖြစ်ပြီး အင်းစက်ပိုးမွှားဖြစ်စဉ်များကို လေ့လာချင်သူများအနေဖြင့် မေလ (၈) ရက်မှ (၂၄) ရက်အတွင်း သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here