ဂျပ်စ်တင်ဘီဘာ၏ဇနီး ပထမဆုံးရင်သွေးကိုယ်ဝန်လွယ်ထားရဟုဆို

0
81

ကမ္ဘာကျော်တေးသံရှင် ဂျပ်စ်တင်ဘီဘာနှင့်၎င်း၏ဇနီး ဟေလီဘီဘာတို့သည် ပထမဆုံးရင်သွေးငယ်ကိုရရှိပြီဖြစ်ကြောင်း ၎င်းတို့၏ အင်စတာဂရမ်အကောင့်များမှတစ်ဆင့် ပရိသတ်များကိုအသိပေးပြောကြားခဲ့ကြောင်းသိရသည်။

ဟေလီ၏ပြောရေးဆိုခွင့်ရှိသူကမူ အသက် ၂၇ နှစ်အရွယ်ရှိဟေလီ၌ ကိုယ်ဝန်မှာခြောက်လကျော်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပ်စ်တင်နှင့်ဟေလီတို့သည် ၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ ကောလာဟလ များထွက်ပေါ်လာသော ၂၀၁၈ ခုနှစ်တွင် လက်ထပ်မည့်သတင်းကို တရားဝင်ကြေငြာခဲ့ပြီး ဟေလီသည် ၎င်း၏မိသားစုနာမည် “Baldwin” အစား “ Bieber” သို့လည်းတရားဝင်ပြောင်းလဲခဲ့သည်။

ဂျက်စတင်ဘီဘာ၏ဇနီး ဟေလီဘီဘာသည် မော်ဒယ်လ်တစ်ဦးဖြစ်သည့်အပြင် Rhode အမည်ရှိ အလှကုန်ပစ္စည်းတံဆိပ်ကို ပိုင်ဆိုင်သူတစ်ဦးလည်းဖြစ်သည်။၎င်း၏ခင်ပွန်း ဂျပ်စ်တင်ဘီဘာကမူ ဆယ်ကျော်သက်အရွယ်ကတည်းက အောင်မြင်လာသည့်အဆိုေတာ်တစ်ဦးဖြစ်ကာ Sorry,Love Yourself နှင့် What Do You Mean အပါအဝင် ထိပ်တန်း သီချင်းရှစ်ပုဒ်ဖြင့် ဂရမ်မီဆုရထားသူတစ်ဦးလည်းဖြစ်သည်။

Source : အေပီ/အက်စ်အာ


LEAVE A REPLY

Please enter your comment!
Please enter your name here