နျူကလီးယားတပ်ဖွဲ့များ အမြဲနိုးကြားနေ​ကြောင်း ပူတင် သတိပေး

0
54

မော်စကို၊မေ ၉

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်း၏နျူကလီးယားတပ်ဖွဲ့များအနေဖြင့် အမြဲနိုးကြားေနခဲ့ကြောင်း၊ မော်စကိုအနေဖြင့် အနောက်အုပ်စု၏ မည်သည့် ခြိမ်းခြောက်မှုမဆိုကို သည်းခံမည်မဟုတ်ကြောင်း ကြာသပတေးနေ့ကပြုလုပ်ခဲ့သည့် အောင်ပွဲနေ့ စစ်ရေးပြပွဲ၌ပြောကြားခဲ့သည်ဟုသိရသည်။

ယင်းနောက် ၎င်းက ယူကရိန်း၌တိုက်ပွဲဝင်နေသည့် စစ်သားများအား ချီးမွန်းဂုဏ်ပြုခဲ့ကာ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်းအခြေအနေများပိုမိုဆိုးရွားလာရခြင်းသည် အနောက်အုပ်စုများ၏ သွေးထိုးမှုများကြောင့်ဖြစ်ကြောင်းလည်းစွပ်စွဲပြောဆိုခဲ့သည်။

“ရုရှားအနေနဲ့ ကမ္ဘာတစ်ဝန်းထိပ်တိုက်ရင်ဆိုင်မှုတွေကို ဖြေရှင်းသွားဖို့ ဘာမဆိုလုပ်မယ်ဆိုပေမယ့် ဘယ်သူကမှလာခြိမ်းခြောက်တာကိုလည်း သည်းခံနေမှာမဟုတ်ပါဘူး၊ဒီ့အတွက်ကြောင့်လည်း ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်တပ်ဖွဲ့တွေကို အမြဲအသင့်ပြင်ထားခဲ့ ပါတယ်” ဟုလည်းအဆိုပါစစ်ရေးပြအခမ်းအနား၌သမ္မတပူတင်ကဆိုသည်။

ကြာသပတေးနေ့ကကျင်းပခဲ့သည့်အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင်ကိုးဦးတက်ရောက်ခဲ့ပြီး ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများဖြစ်သည့် ဘီလာရုဇ်၊ကာဇက်စတန်၊ ကာဂျစ္စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စတန်၊ဥဇဘက်ကစ္စတန်၊ကျူးဘား၊လာအိုနှင့် ဂီနီဘစ်ဆောနိုင်ငံများမှခေါင်းဆောင်များလည်းတက်ရောက်ခဲ့သည်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် သမ္မတပူတင်သည် ရုရှားနိုင်ငံ၏ ငါးကြိမ်မြောက်သမ္မတအဖြစ် မကြာသေးမီကကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ယူကရိန်းနှင့်အရေး၌လည်း အဆုံးသတ်တွင်ရုရှားသာအနိုင်ရမည်ဟုလည်းပြောကြားကာ ရုရှားတပ်မတော်အားစိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here