ထိုင်း၌ အပူရှပ်၍ သေဆုံးသူ ၆၁ ဦး အထိရှိလာ

0
99

ဘန်ကောက်၊မေ ၁၀

ယခုနှစ်၌ ထိုင်းနိုင်ငံတွင် အပူရှပ်၍ လူပေါင်း ၆၁ ဦးသေဆုံးခဲ့သဖြင့် ၂၀၂၃ ခုနှစ်တစ်နှစ်လုံးထက် ပိုများကြောင်း ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ထိုင်းနိုင်ငံတွင် အထူးပူပြင်းသော ရာသီဥတုလှိုင်းကြီးကျရောက်ခဲ့ပြီး အာဏာပိုင်များက နေ့စဥ်ပူပြင်းလောင်မြိုက်သည့် ရာသီဥတုနှင့်ပတ်သက်၍ သတိပေးချက်များကို ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်အ စော ပိုင်းမှစတင်၍ အပူရှပ်၍  သေဆုံးသူ သည် ၆၁ ဦး အထိ ရှိခဲ့ရာ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးရှိ သေဆုံးသူ ၃၇ ဦးနှင့်နှိုင်းယှဉ်ပါက အလွန်ပိုများလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသောကြာနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအရှေ့မြောက်ဘက် စိုက်ပျိုးရေးအချက်အချာကျသောနေရာ၌ သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များကမူ လူသားများပ​ယောဂကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုများကပိုမိုပြင်းထန်သည့်အပူလှိုင်းများထပ်မံဖြစ်ပေါ်လာမည်ဖြစ်ဟုသတိပေးခဲ့သည်။

Source : အေအက်ဖ်ပီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here