မြန်မာနိုင်ငံမှာတစ်ခါမှမရှိဖူးတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard) တည်ထောင်ရန်စီစဉ်နေ

မြန်မာနိုင်ငံမှာတစ်ခါမှမရှိဖူးတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard) တည်ထောင်ရန်စီစဉ်နေ
September 6, 2018 Asian Fame

4:47 pm
မြန်မာနိုင်ငံမှာတစ်ခါမှမရှိဖူးတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard) တည်ထောင်ရန်စီစဉ်နေ

8

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာနိုင်ငံမှာ တစ်ခါမှ မရှိဖူးတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ Coast Guard တည်ထောင်ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

သုံးခွမြို့ ၇ မိုင်အကွာ မြန်မာ့ပင်လယ်ရေပိုင်နက်မှာ လာရောက်သောင်တင်နေတဲ့ နိုင်ငံခြားကုန်တင်သင်္ဘောကြီးကိစ္စ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေ မေးခွန်းထုတ်နေတဲ့ မြန်မာ့ပင်လယ်ပြင် လုံခြုံရေးလစ်ဟာမှုတွေနဲ့ပတ်သက်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကမ်းခြေစောင့်တပ်ဖွဲ့ Coast Guard ဖွဲ့စည်းနိုင်ရေး အတွက်နိုင်ငံတော်ကို တင်ပြထားပြီး နိုင်ငံတော်အစိုးရကလည်း ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းသင့်တယ်/ ဘယ်လိုဖွဲ့စည်းနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာတော့ Coast Guard ဆိုတာမရှိသေးဘူး။ ဒီဟာကိုကာကွယ်ဖို့အတွက် ကျွန်တော်တို့ဆီမှာလစ်လပ်နေတဲ့ဟာသည် Coast Guard (သို့မဟုတ်) Coast Guardလို အဖွဲ့အစည်းဖွဲ့စည်းပြီးတာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါအတွက်လည်း ကျွန်တော်တို့ Marine Departnment အနေနဲ့နိုင်ငံတော်ကိုတင်ပြထားပါတယ်။ ဒီအတိုင်းမှာ ကျွန်တော်တို့နိုင်ငံသည် လစ်ဟာနေသေးတယ်။ လစ်ဟာနေတဲ့ ဟာရှိနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဒီ Coast Guard ကိုဖွဲ့စည်းဆောင်ရွက်သင့်ပါတယ် ဆိုပြီးတော့ ကျွန်တော်တို့တင်ပြပါတယ်။ တင်ပြတဲ့အတွက် နိုင်ငံတော်ကနေနေပြီးတော့လည်း ဒီ Coast Guard မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ကို ဆောင်ရွက်ဖို့ ဘယ်လိုဆောင်ရွက်နိုင်သလဲ တစ်ခြားနိုင်ငံတွေမှာ ဘယ်လိုဆောင်ရွက်သလဲ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုဆောင်ရွက်နိုင်သလဲ ဒါတွေကိုကျွန်တော်တို့အနေနဲ့ လေ့လာသုံးသပ်တင်ပြဖို့ဆိုပြီး တာဝန်ပေးထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

နိုင်ငံတကာမှာတော့ Coast Guard ကို ပုံစံ ၄ မျိုးနဲ့ ဖွဲ့လေ့ရှိကြောင်း တစ်ချို့ Coast Guard တွေဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိပြီး အချို့ Coast Guardတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိကြောင်း၊ အချို့ Coast Guardတွေဟာ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရှိပြီး အချို့ Coast Guard တွေဟာ သမ္မတ(သို့မဟုတ်)၀န်ကြီးချုပ်စတဲ့ နိုင်ငံတော်အကြီးအကဲ၊ သမ္မတရုံး၊ ၀န်ကြီးချုပ်ရုံးတို့အောက်မှာ တိုက်ရိုက် ဖွဲ့စည်းတာရှိကြောင်း ဦးသောင်းကြိုင်က ရှင်းပြပါတယ်။

“သမ္မတရုံးတို့ ၀န်ကြီးချုပ်ရုံးတို့အောက်မှာ တိုက်ရိုက်ဖွဲ့စည်းတာဆိုရင် မလေးရှား Coast Guard ကအဲ့လိုဖွဲ့စည်းတာ၊ အိန္ဒိယ Coast Guardဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာဖွဲ့စည်းတာ။ ပတ်ပတ်လည် ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာံ စတာတွေမှာလည်း Coast Guardဖွဲ့စည်းပြီးတော့ စောစောကကျွန်တော်ပြောတဲ့ လစ်ဟာနေမှုကို ဖြည့်ဆည်းပြီးတော့ လုံခြုံရေးအပိုင်းလစ်ဟာနေမှုကိုဖြည့်ဆည်းဆောက်ရွက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရေကြောင်းနဲ့ဆိုင်တဲ့ Criminal Case တွေကို ဆောင်ရွက်ဖို့ဟာသည် NAVY တစ်ခုတည်းနဲ့ဘယ်လိုမှ မလုံလောက်ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ Coast Guard ဖွဲ့စည်းဖို့လိုအပ်ပါတယ်ဆိုတာကို ကျွန်တော်တို့က နိုင်ငံတော်ကို အကြံပြုတင်ပြထားပါတယ်။ နိုင်ငံတော်ကလည်း အခုအခါမှာ ဒါကိုဖွဲ့ဖို့ ဘယ်လိုပုံစံနဲ့နည်းလမ်းရှာပြီးဖွဲ့ဖို့ဆောင်ရွက်နေတယ်ဆိုတာကို ကျွန်တော်အသိပေးလိုပါတယ်။ Coast Guard ဖွဲ့စည်းဖို့ကို ကျွန်တော်တို့ သေချာရေးဆွဲပြီးတင်ပြထားပါတယ်” လို့ ၎င်းက ထပ်လောင်းဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်လုံခြုံရေးနဲ့ပတ်သက်လို့ ကီလိုမီတာ ၂၀၀၀ ကျော်ရှည်တဲ့ ကမ်းရိုးတန်းကို လွှမ်းခြုံနိုင်ဖို့ ရေဒီယိုစတေရှင်တွေများစွာလိုအပ်နေပြီး ဒါတွေတည်ဆောက်ဖို့ရာ နိုင်ငံ့စီးပွားရေးအခြေအနေ ရှိတာလေးနဲ့ လုံခြုံအောင်ကြိုးစားနေရတယ်လို့လည်း ၎င်းကဆိုပါတယ်။

“ဒီလုံခြုံမှု လုံခြုံမှုဆိုတဲ့အရာသည် လုံခြုံအောင် facilities အပြည့်အစုံထောက်ပံ့ထားပြီး တော့ လုံခြုံရေးကျိုးပေါက်တယ်ဆိုတာနဲ့ ရှိနေတဲ့ဟာနဲ့လုံခြုံအောင်ကြိုးစားပြီးဆောင်ရွက်နေရတာနဲ့ နှစ်ပိုင်းကွဲတယ်။ ဒါကြောင့်ရှင်းပြရတာပါ။ တစ်ခြားနိုင်ငံတွေကျွန်တော်တို့လည်းအားကျတာပေါ့လုပ်ချင်တာပေါ့။ ဒါပေမဲ့ လူထုချမ်းသာမှ ပိုပြီးတော့ လုပ်နိုင်တာ။ ကျွန်တော်တို့ ကိုမေးတယ်။ ဒါတွေကို ချေးငွေနဲ့လုပ်မလားလို့။ ကျွန်တော်တို့က ချေးငွေနဲ့တစ်သက်လုံးမလုပ်ဘူး။ လောလောဆယ် အဲဒါမရှိလည်းရသေးတယ်။ အခုသင်္ဘောတစ်စီးသောင်တင်တာနဲ့ကျွန်တော်တို့နိုင်ငံဟိုဒင်းဖြစ်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံစီးပွားရေးအရတိုးတက်ဖို့အများကြီးလုပ်ရဦးမယ်။ ဒါ လုံခြုံရေးဘယ်သူ့မှာ တာဝန်ရှိလည်း ဆိုတဲ့အပေါ်မှာရှင်းပြတာပါ” လို့ ဦးသောင်းကြိုင်က ပြောပါတယ်။

 

7

6

5

4

3

2

1

AF-178

ဓာတ်ပုံ – အောင်နိုင်စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*