အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ စွမ်းရည်ပြည့်ဝသော ကျောင်းသူကျောင်းသားများကို ဖိတ်ခေါ်နေ

အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ စွမ်းရည်ပြည့်ဝသော ကျောင်းသူကျောင်းသားများကို ဖိတ်ခေါ်နေ
February 28, 2018 Fame Asian

5:27 pm
အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ စွမ်းရည်ပြည့်ဝသော ကျောင်းသူကျောင်းသားများကို ဖိတ်ခေါ်နေ

19905455_1707948945915730_3897209054816543716_n

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈

ယခုနှစ် သြဂုတ်လတွင် မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးတွင်ကျင်းပမည့် “FIRST Global Robotics Challenge” စက်ရုပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အရည်အချင်းပြည့်မှီသော လူငယ်များကို “ဖန်တီးရာ”အဖွဲ့မှ ဖိတ်ခေါ်ရှာဖွေနေပြီဖြစ်ကြောင်းသိရည်။

FIRST Global Robotics Challenge စက်ရုပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုမည့်အသင်းကို စေလွှတ်ရန် လူရွေးချယ်မှုစတင်နေပြီဖြစ်ပြီး၊ အဆိုပါလူရွေးချယ်မှုတွင် မြန်မာနိုင်ငံမှ အသက် ၁၄နှစ် နှင့် ၁၈နှစ် ကြား mechanical design ပိုင်း၊ Electronics ပိုင်း နှင့် Programming ပိုင်းတွင် အရည်အချင်းပြည့်မှီသော ကျောင်းသူကျောင်းသားများအား “ဖန်တီးရာ”မှ လူတွေ့ခေါ်ယူစစ်ဆေးပြီး ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခြင်းခံရသော ကျောင်းသူကျောင်သား ၅ ယောက်သည် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် မက္ကဆီကိုနိုင်ငံသို့ သွားရောက်ရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားကြသော ကျောင်းသူကျောင်းသားများသည် ကိုယ်တိုင်ရေးထားသော စာစီစာကုံးနှင့်အတူမိမိတို့၏ အတွေ့အကြုံများနှင့် ပတ်သက်သော အကြောင်းအရာများကို www.bit.ly/FGCregister တွင် မတ်လ ၃၁ ရက် မတိုင်မှီ ဝင်ရောက်ဖြည့်စွက်ပြီး စာရင်းပေးသွင်းရမည်ဖြစ်သည်။ ပဏာမရွေးချယ်ခြင်းခံရသူများကို ဧပြီလတွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသူ ၅ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း ဖန်တီးရာမှ သိရသည်။

“အခုဆိုရင် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသား တော်တော်များများက မနှစ်ကဝင်ပြိုင်ခဲ့တဲ့ အသင်းကို အားကျအတုယူပြီး ဒီနှစ်မှလည်း ပါဝင်ယှဉ်ပြိုင်ချင်ကြပါတယ်။ ဒီပြိုင်ပွဲက အနိုင်ရရှိရေးအတွက် အဓိကထားပြီး ယှဉ်ပြိုင်တာထက် ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေက အချင်းချင်းပူးပေါင်းဆက်သွယ်ကြပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ကြတာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ National Academies of Engineering ကနေ ကမ္ဘာပေါ်မှာရှိတဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာပညာရှင်များ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲ ၁၄ ခုထဲက တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ “Energy Impact” ဆိုတဲ့ အကြောင်းအရာ ခေါင်းစဉ်အောက်ကနေ ပါဝင်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်”ဟု “ဖန်တီးရာ”အဖွဲ့၏ Makerspace Manager ဖြစ်သူ ကိုထူးဝေထက်က ပြောသည်။

ထပ်မံသိရှိလိုပါက ဖန်တီးရာအဖွဲ့မှ ဒေါ်သဲစုမွန်အောင် (Communications & Marketing Manager)ဖုန်း – 09776755835 အီးမေးလ် [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

“ဖန်တီးရာ”အဖွဲ့သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲမှုအတွက် နည်းပညာဆိုင်ရာတို့ကို ကူညီထောက်ပံ့ပေးနေသော NGO အဖွဲ့တစ်ခုဖြစ်သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*