မျိုးသုန်း အန္တရာယ် ကျရောက်နေသော ကြိုးကြာခေါင်းနီ ငှက်သိုက် ၅၀ တွေ့ရှိ

မျိုးသုန်း အန္တရာယ် ကျရောက်နေသော ကြိုးကြာခေါင်းနီ ငှက်သိုက် ၅၀ တွေ့ရှိ
September 6, 2017 Fame Asian

12:21 pm
မျိုးသုန်း အန္တရာယ် ကျရောက်နေသော ကြိုးကြာခေါင်းနီ ငှက်သိုက် ၅၀ တွေ့ရှိ

21317724_1953535921566645_9122244733827524109_n

နေပြည်တော် ၊ စက်တင်ဘာ ၆

ကမ္ဘာပေါ်တွင်သာမက မြန်မာမှာပါ မျိုးသုန်းဖို့ အန္တရာယ်ကျရောက်နေတဲ့ ကြိုးကြာခေါင်းနီ ငှက်သိုက် ၅၀ ကို ဧရာဝတီတိုင်းဒေသကြီး အတွင်းက မြို့နယ်လေးခု မှာ တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံသားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS ကနေသိရပါတယ်။

မအူပင်မြို့နယ်မှာ ၁၅ သိုက်၊ ပန်တနော်မြို့နယ်မှာ ၂ သိုက်၊ အိမ်မဲမြို့နယ်မှာ ၂ သိုက်နဲ့ ၀ါးခယ်မမြို့နယ်မှာ ၃၁ သိုက်တို့ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒေသခံလယ်သမားတွေက သတင်းပေးခဲ့တာဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ ကြိုးကြာငှက်အသိုက်တွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

“ဒီနှစ်က အရင်နှစ်တွေထက် ကြိုးကြာအသိုက်တွေ ပိုတွေ့တာက ဒေသခံလယ်သမားတွေ ပူးပေါင်းလို့ တွေ့တာပါ။ ဒေသခံတွေက ကြိုးကြာထိန်းသိမ်းရေးတွေမှာ ပူးပေါင်းပါဝင်လာကြတယ်။ ကြိုးကြာအသိုက်တွေ တွေ့ရင် သတင်းတွေ ပေးလာကြတယ်။ ဒီတော့ လာမယ့် နှစ်မှာ ကြိုးကြာအသိုက်တွေကို ပိုရှာတွေ့ဖို့ မရောက်နိုင်သေးတဲ့ နေရာတွေအထိေ၇ာက်အောင်သွားမယ်။ ကြိုးကြာထိန်းသိမ်းရေးတွေ ဒီထက်ပိုအောင် မြင်ဖို့ ဒေသခံလူထုနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်” လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့က ငှက်ပညာရှင်ဦးသက်ဇော်နိုင်က ပြောပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ၂၀၁၆ခုနှစ် သုတေသနပြုလုပ်ချက်အရ အသိုက် ၃၇ သိုက်ကို တွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါဒေသမှာ ကြိုးကြာခေါင်းနီ အကောင်ရေ ၂၀၀ ကနေ ၄၀၀ အတွင်းသာ ကျန်ရှိတော့တယ်လို့ WCS က ခန့်မှန်းထားပါတယ်။

YL
Source-WCS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*