ကချင်ပြည်နယ်တွင် H1N1 ပိုးရှိသူ စတင်တွေ့ရှိ

ကချင်ပြည်နယ်တွင် H1N1 ပိုးရှိသူ စတင်တွေ့ရှိ
September 6, 2017 Fame Asian

12:15 pm
ကချင်ပြည်နယ်တွင် H1N1 ပိုးရှိသူ စတင်တွေ့ရှိ

မြစ်ကြီးနား ၊ စက်တင်ဘာ ၆

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားတဲ့ လူနာတစ်ဦး စက်တင်ဘာ  ၃ ရက်နေ့က တွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေသိရပါတယ်။

အမျိုးသမီးတစ်ဦးဖြစ်ပြီး လောလောဆယ် မြစ်ကြီးနားဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေကြောင်းနဲ့ ရောဂါအခြေအ နေ သက်သာ တယ်လို့  သဘာဝဘေးနှင့်ကူးစက်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကချင်ပြည်နယ်မှာ (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားသူ စတင်တွေ့ရှိသလိုပဲ မုံရွာမြို့မှာလည်းစက်တင်ဘာ ၅ ရက်နေ့က (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားသူ ၂ ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ ၅ ရက်နေ့ နောက်ဆုံးထုတ်ပြန်ထားချက်အရ စက်တင်ဘာလ (၄) ရက်နေ့ ၁၄:၀၀ နာရီကနေ စက်တင်ဘာလ (၅) ရက်နေ့ ၁၄:၀၀ နာရီအထိ သံသယလူနာ (၁၅) ဦးကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး H1N1 ပိုးတွေ့လူနာ (၂) ဦး ရှိကြောင်း ၊ စက်တင်ဘာ ၅ ရက်နေ့အထိ H1N1 ပိုးတွေ့လူနာအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ အတွင်းလူနာ စုစုပေါင်း (၂၃) ဦး ဆက်လက်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ H1N1 စတင်ဖြစ်ပွားတဲ့ ဇူလိုင်လ (၂၁) ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၁၀၂၉) ဦးအနက် Seasonal Influenza A(H1N1)pdm09 ပိုးတွေ့လူနာ စုစုပေါင်း (၃၆၉) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးမှာ သေဆုံးသူဦးရေ ဧရာဝတီတိုင်းဒေသကြီးမှာ (၁၂) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှာ (၈) ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် (၆) ဦး ၊ အခြားတိုင်းဒေသကြီး ပြည်နယ်တွေမှာ ၁၀ ဦး၊ စုစုပေါင်း (၃၆) ဦးရှိပြီလို့သိရပါတယ်။

TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*