မိန်းမလှကျွန်းထဲထင်းဝင်ခုတ်သည့်အမျိုးသားတစ်ဦးမိချောင်းကိုက်ခံရ

မိန်းမလှကျွန်းထဲထင်းဝင်ခုတ်သည့်အမျိုးသားတစ်ဦးမိချောင်းကိုက်ခံရ
June 10, 2017 Asian Fame

1:37 pm
မိန်းမလှကျွန်းထဲထင်းဝင်ခုတ်သည့်အမျိုးသားတစ်ဦးမိချောင်းကိုက်ခံရ

မိန်းမလှကျွန်းထဲထင်းဝင်ခုတ်သည့်အမျိုးသားတစ်ဦးမိချောင်းကိုက်ခံရ

19030662_426914511027591_1706180227236129340_n

ဘိုကလေး ၊ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ထင်းဝင်ခုတ်ရာမှ အမျိုးသားတစ်ဦးကို မိကျောင်း ကိုက်ချီသွားသည်။

အဆိုပါ အမျိုးသားသည် ဘိုကလေးမြို့နယ်ရှိ ကန့် ဗလာချောင်းကျေးရွာတွင် နေထိုင်ပြီး ဇွန် ၉ ရက်နေ့  ညနေပိုင်းက ဘေးမဲ့တောအတွင်းရှိ ကြောင်ထောက် ချောင်းအနီးတွင် ထင်းဝင်ခုတ်ရာမှ မိကျောင်းကိုက်ချီခံရခြင်းဖြစ်ကြောင်း ဘေးမဲ့တော့ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်က ပြောသည်။

” ထင်းဝင်ခုတ်ရာကနေ့  မိကျောင်းအဆွဲခံရတာဖြစ်ပါတယ်။တားမြစ်ထားတာတွေရှိပါတယ်။သူတို့တွေက လိုက်နာမူလည်း အားနည်းတယ်လို့ ပြောလိုရပါတယ်။ခုချိန်က အန္တရာယ်ရှိတဲ့အကြောင်းကို ဆိုင်းဘုတ်တွေလဲစိုက်ထူထားပေးပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့  မိကျောင်းကိုချီမူ ဖြစ်စဉ် မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသားတစ်ဦး နှင့် ၂ဝ၁၄ ခုနှစ် တွင်လည်း ဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး တစ်ပါး၊ ၂ဝ၁၅ ခုနှစ်တွင် ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးနှင့် ၂၀၁၆ ခုနှစ်က ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင် ကျေးရွာ၌အမျိုးသမီးတစ်ဦး မိကျောင်းကိုက်ခံခဲ့ရသည်။

ဘိုကလေးမြို့ မိန်းမလှကျွန်း သဘာဝဝန်းကျင်နှင့် သားငှက်တိရ္ဆာန် ထိန်းသိမ်းရေးဌာနတို့သည် ယခင်နှစ် ကတည်းက မိကျောင်း အန္တရာယ် ရှိသည်၊ ရေထဲမဆင်းရ ဆိုင်းဘုတ်များ စိုက်ထူ ထားကြောင်း သိရသည်။

လက်ရှိတွင် မိကျောင်းကိုက်ခံရသူ အမျိုးသား၏ အလောင်းကို ရှာမတွေ့ သေးကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သတင်း – ဝေရှိုင်းကျော်

ဓာတ်ပုံ -ဇော်ထူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*