အစိုးရနှင့် မွန်တိုင်းရင်းသားများအကြား အမည်နာမအငြင်းပွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား တရားဝင်ဖွင့်ပြီ

အစိုးရနှင့် မွန်တိုင်းရင်းသားများအကြား အမည်နာမအငြင်းပွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား တရားဝင်ဖွင့်ပြီ
May 16, 2017 Asian Fame

4:16 pm
အစိုးရနှင့် မွန်တိုင်းရင်းသားများအကြား အမည်နာမအငြင်းပွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား တရားဝင်ဖွင့်ပြီ

Bridgeရဲလွင်
ချောင်းဆုံ၊ မေ ၉

အမည်နာမ သတ်မှတ်ရေး ကိစ္စနှင့်ပတ်သက်၍ NLD အစိုး ရနှင့် မွန်တိုင်းရင်းသားများကြား ငြင်းခုန်ခဲ့ကြသော ဗိုလ်ချုပ်အောင် ဆန်းတံတား(ဘီလူးကျွန်း)ကို မေ လ ၉ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မော်လမြိုင်နှင့် ချောင်းဆုံသို့ ဆက်သွယ်ထားသည့် အဆိုပါ တံတားဖွင့်ပွဲ အခမ်းအနားကို မေ လ ၉ ရက်နေ့ နံနက် ၈ နာရီက တံတား၏ မော်လမြိုင်ဘက်ခြမ်း၊ မုပွန်ရပ် တံတားချင်းကပ်လမ်းဘေး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ ဝင် ဒေါ်ခင်ဌေးကြွယ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့ မော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းတံတားကို မူလက ပေးထားသည့် အမည်အတိုင်း ရာမညတံတား၊ သံလွင်တံတား (ချောင်းဆုံ) စသဖြင့် သတ်မှတ်ပေး ရန် မွန်ပြည်နယ်ဒေသခံ မွန်လူမျိုးများက တောင်းဆိုခဲ့သည်။ ယင်း ကိစ္စသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ပင် ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် မဲခွဲဆုံးဖြတ်ကာ ဗိုလ်ချုပ်အောင်ဆန်းတံတား အ ဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။

တံတားအမည်နာမ နှင့်ပတ်သက်၍ မွန်ပြည်နယ်ဒေသခံ ထောင်ချီကာ ဆန္ဒထုတ်ဖော်မှုများ ကို ဆက်တိုက်ပြုလုပ်ခဲ့သေးသည်။ တံတားအမည်နာမနှင့် ပတ်သက် ၍ နိုင်ငံရေးအင်အားစုများ၊ တိုင်း ရင်းသားအမတ်များ၊ ပြည်သူများက NLD အစိုးရအပေါ် ဝေဖန်ခဲ့ ကြသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာအတွက် ပါတီများဝင်ရောက်ယှဉ်ပြိုင် ကြရာ တံတားအမည်နာမကိစ္စအခံကြောင့် NLD သည် ချောင်းဆုံ မဲဆန္ဒနယ်တွင်ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်ဟု ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*