ရခိုင်နိုင်ငံရေး ပါတီသစ်အတွက် လိုအပ်သည့်အချက်အလက်များကို ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့ပြီ

ရခိုင်နိုင်ငံရေး ပါတီသစ်အတွက် လိုအပ်သည့်အချက်အလက်များကို ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့ပြီ
May 16, 2017 Asian Fame

4:20 pm
ရခိုင်နိုင်ငံရေး ပါတီသစ်အတွက် လိုအပ်သည့်အချက်အလက်များကို ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့ပြီ

လင်းဟိန်း
ရန်ကုန်၊ မေ ၉

ရခိုင်နိုင်ငံရေး ပါတီသစ် ထူထောင်ခွင့် ရထားသည့် အဖွဲ့သည် ပါတီမှတ်ပုံတင်ခွင့် ရရှိရေးအတွက် လိုအပ်သည့်အချက်အလက်များကို မေလ ဒုတိယပတ်အတွင်း ရွေး ကောက် ပွဲကော်မရှင်ရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဦးမျိုးကျော်က ပြောသည်။

ပါတီ မှတ်ပုံတင်ခွင့် ရရှိ ရန်အတွက် ပါတီအမှတ် တံ ဆိပ်၊ ပါတီအလံ၊ ပါတီမူဝါဒ၊ ပါတီ၏ ပထမခေါင်းဆောင် နှင့် ဒုတိယခေါင်းဆောင် အမည်စာရင်းတို့ကို ပါတီ တည်ထောင်ခွင့်ရသည့်နေ့မှ ရက် ၃ဝ အတွင်း ကော်မ ရှင်ရုံးသို့ တင်ပြရမည်ဖြစ်သည်။ ”ဒီတစ်ပတ်အတွင်း သွား တင်မှာပါ” ဟု ဦးမျိုးကျော်က ပြောသည်။
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး နောက် ပူးပေါင်းပါတီရခိုင် အ မျိုးသားပါတီမှ ထုတ်ပယ်ခံ ခဲ့ရသူ အများစုက ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်အမည်ဖြင့် ပါတီ ထူထောင်ခွင့်ပြုရန် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဖေဖော်ဝါရီ ၂၇ ရက် နေ့က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအား ရွေး ကောက်ပွဲကော်မရှင်က ပါ တီထူထောင်ခွင့်ကို ဧပြီလ ၂၄ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။ လက်ရှိတွင် ပါတီ၏ ပထမ ခေါင်းဆောင်နှင့် ဒုတိယ ခေါင်းဆောင်များကို ရွေး ချယ်ထားပြီးဖြစ်ကာ ပါတီ အ မှတ်တံဆိတ်နှင့် ပါတီအလံ များကိုမူ အတည်ပြု သတ် မှတ်နိုင်ရန်အတွက် ဆွေးနွေး နေဆဲဖြစ်ကြောင်း ဦးမျိုးကျော်က ပြောသည်။ ”ပါတီအလံတွေ၊ တံဆိပ် တွေက အရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အတိုင်း ပဲသုံးမလားဆိုတာ ဆွေးနွေး နေဆဲပါ”ဟု ၎င်းက ပြောသည်။ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ပါတီ တစ်ခုဖြစ်ပြီး ယင်းပါတီတွင် လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ပါတီသစ်ထောင်မည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင် ဦးအေးသာအောင် ပြန်ပါ၊ မပါကိုမူ သေချာမသိ ရသေးကြောင်း ဦးမျိုးကျော် ကပြောသည်။
”အဲဒါကတော့ သူ့ သဘောပေါ့။ ဒါပေမယ့် ပါတီ အတွက် လိုအပ်တဲ့ အကြံအဥာဏ်တွေလည်း သူကပေးပါတယ်”ဟု ၎င်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*