မြန်မာနိုင်ငံရဲ့ မြန်မာတွေရဲ့အားသာချက်တွေကို ကမ္ဘာကသိအောင် ပြချင်တာပါ

မြန်မာနိုင်ငံရဲ့ မြန်မာတွေရဲ့အားသာချက်တွေကို ကမ္ဘာကသိအောင် ပြချင်တာပါ
April 27, 2017 Asian Fame

1:57 pm
မြန်မာနိုင်ငံရဲ့ မြန်မာတွေရဲ့အားသာချက်တွေကို ကမ္ဘာကသိအောင် ပြချင်တာပါ

thuta

မြန်မာနိုင်ငံအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် THE BUMBLEBEE TAKES FLIGHT သည် ယခုဆိုလျှင် Amazon တွင် Best Seller စာအုပ်တစ်အုပ်အဖြစ် စာရင်းဝင်နေသည်။ စာရေးသူမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ဆရာသုတအောင်ဖြစ်ပြီး ၎င်း၏ ပထမဆုံးလုံးချင်းစာအုပ်လည်းဖြစ်သည်။ ထို့ကြောင့် ဆရာသုတအောင်နှင့် တွေ့ဆုံ၍ စာအုပ်ရေးသားဖြစ်ပုံနှင့် စာအုပ်ပါအကြောင်းအရာ အချို့ကို တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါသည်။

မြန်မာပြည်ရဲ့အကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ကမ္ဘာ့စာအုပ်ဈေးကွက်ကို တင်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါဦးဆရာ။

မြန်မာပြည်မှာက မြန်မာနိုင်ငံ ရဲ့ စီးပွားရေးအကြောင်းကို နားလည်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်ကလည်း စီးပွားရေးအ ကြံပေးလည်း ဖြစ်တယ်။ နောက်ပြီး အရင်ကအင်္ဂလန်မှာ တက္ကသိုလ်ကထိက ဖြစ်ခဲ့ဖူးတယ်။ မြန်မာ ပြည်မှာစီးပွားရေးလုပ်ချင်တဲ့ နိုင်ငံ ခြားသားတွေ အများကြီးရှိတယ်။ နိုင်ငံခြားသားတွေက မြန်မာပြည် အကြောင်း မသိလို့ မလုပ်ဖြစ်တာ တွေလည်းရှိတယ်။ အဲဒီတော့ မြန် မာပြည်အကြောင်းကို လူပိုသိ အောင် ကျွန်တော်ကလည်း နိုင်ငံ ခြားမှာ ဟောပြောပွဲတွေလုပ်ရင် မြန်မာပြည်ရဲ့ ကောင်းတဲ့အကြောင်းကိုပြောဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူ ဂျပန်ရောက်တုန်းက ပြောခဲ့ တာရှိတယ်။ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေအနေနဲ့ မြန်မာပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများလာအောင် လုပ်သင့်တယ်လို့ ပြောခဲ့တာရှိတယ်။ ဒီတော့ ကျွန် တော်ကလည်း အရင်တုန်းက ရေး ထားတဲ့ စာစုတွေ အချောပြန်ရေး ပြီး စာအုပ်အဖြစ် ထုတ်လိုက်တာပေါ့နော်။ ကျွန်တော့် စာအုပ်သည် နိုင်ငံတော်ကလည်းဖြစ်စေ ချင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များများလာအောင်လုပ်နိုင်တဲ့ အ ရာတစ်ခုအနေနဲ့လည်းဖြစ်သွား အောင်၊အဲဒါကတော့ ရည်မှန်းချက်တစ်ပေါ့နော်။ ရည်မှန်းချက်နှစ်က တော့ မြန်မာပြည်အကြောင်းကို လူတွေကမသိကြဘူး။ ကျွန်တော်က သိစေချင်တယ်။ ပုံမှန်အားဖြင့် ကျွန်တော်နဲ့ အတူတူအလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေနဲ့ ဆုံဖြစ်ရင်ပြော ဖြစ်တာက ကျွန်တော်တို့ တိုင်းပြည်အကြောင်းတွေပြောပြတယ်။ သမိုင်းကြောင်းကို ပြောပြတယ်။ ပါးစပ်နဲ့တော့ အကြိမ်ကြိမ်ပြော ပြဖြစ်တယ်။ အဲဒါတွေကို စာနဲ့ရေး တာလည်းပါတာပေါ့နော်။ နောက် တစ်ခုကတော့ မြန်မာအမြင်ဆို တာရှိတယ်။ ကျွန်တော်တို့မြန်မာ ပြည်က စီးပွားရေးတက္ကသိုလ်တွေ မှာသုံးတဲ့ စာအုပ်တွေမှာတောင်မှ UK တို့ US တို့ကစာအုပ်တွေပဲသုံးတယ်။ သူတို့ရဲအမြင်တွေပဲ ကျွန်တော်တို့ဆီမှာ များတယ်။ မြန်မာ့အမြင်ကို ကမ္ဘာကိုပြတယ်ဆိုတာ ကျွန်တော်မတွေ့ဖူးသေးဘူး။ လူတွေကအခုမှ CSR တို့ ဘာတို့ကို နိုင်ငံခြားကနေတင် သွင်းလာတဲ့အနေနဲ့ ပြောနေကြတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ မဂ္ဂင် ၈ ပါး ဆိုတာရှိတယ်။ သမ္မာ အာဇီဝဆိုတာရှိတယ်။ CSR ဆိုတာ ဘယ်မှာမှန်းမသိသေးတဲ့ အချိန်မှာ အဲ့ဒါတွေရှိပြီးသား။ အဲ ဒီလိုဟာမျိုးတွေကိုပါ ကမ္ဘာကိုပြချင်တာလည်းပါတယ်။ မြန်မာနိုင်ငံ ရဲ့ မြန်မာလူမျိုးတွေရဲ့အားသာချက်တွေကို ကမ္ဘာကသိအောင် ပြချင်တာပါ။

စာအုပ်နာမည်က မြန်မာလိုဆိုရင် ‘ပျားပိတုန်းလေးပျံသော်’ ဆိုပြီးပေးထားတယ်ဆိုတော့ ဒီနာမည်ပေးဖြစ်ပုံကိုလည်း ပြောပြပေးပါဦးဆရာ။

စာအုပ်နာမည်က မြန်မာလိုဆိုရင် ‘ပျားပိတုန်းလေးပျံသော်’ ဆိုပြီး နာမည်ပေးထားပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ငှက်ကိုကြည့်မယ်ဆိုရင် ငှက်ရဲ့ကိုယ်ခန္ဓာနဲ့ အ တောင်ပံနဲ့ယှဉ်ကြည့်လိုက်ရင် အတောင်ပံကအကြီးကြီးပဲ။ သူ့ကိုယ် ခန္ဓာထက်အများကြီးကြီးတဲ့ အတောင်ပံကသူ့ကို အပေါ်ကို သယ်သွားပေးတာ။ ရူပဗေဒ သဘောနဲ့ ကြည့်ရင် သူမိုးပေါ်ပျံနိုင်တာ အဓိပ္ပာယ်ရှိတယ်။ ပျားပိတုန်း လေးတွေကို ကြည့်လိုက်ရင် သူ့ ကိုယ်ကကြီးပြီး အတောင်လေးက သေးသေးလေး။ အဲဒီတော့ရူပဗေဒ သဘောနဲ့ကြည့်ရင် သူသည် မပျံ သင့်ဘူးလို့ ပြောလို့ရတယ်။ သူသည် ပျံနိုင်စရာအကြောင်း မရှိ ဘူး။ ဒါပေမယ့် ပျားပိတုန်းလေး တွေက ရူပဗေဒသဘောကိုလည်း နားမလည်ဘူး။ မင်းတို့မပျံနိုင်ပါဘူးလို့ ပြောတဲ့ သူတွေရဲ့စကားကို လည်း နားမလည်ဘူး။ ပျံမှာပဲဆိုပြီး ပျံတော့ မိုးပေါ်ရောက်တယ်။ အဲဒီ လိုပဲ ကျွန်တော်ကလည်း ဘာကိုယုံ ကြည်သလဲဆိုရင် ကျွန်တော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနိမ့် ကျဆုံးနိုင်ငံလို့ပြောတယ်။ မင်းတို့ ရဲ့ တိုးတက်ရေးတွေက ဘယ်နှခု နှစ်မှာ ဘယ်လောက်ရှိမယ်ဆိုပြီး ပြောနေကြတယ်။ ဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဆိုရင်လည်း ပြောနေတယ်။ စင်ကာပူကို ၁ဝ နှစ်အတွင်းမှာ ကျော်ရမယ်ဆိုပြီး တော့ ပြောနေတာတွေ ရှိနေတယ်။ စဉ်းစားလိုက်ရင် ဒါက ကြက်သီးထစရာကြီး။ ဒါပေမယ့် ကျွန်တော်တို့ သည် ပျားပိတုန်းလေးလို စဉ်းစား လိုက်ရင်ရတယ်။ ကျွန်တော်တို့လူ အများ ရှေ့ကိုရောက်မှာပဲ။ ပျားပိတုန်းလေးကလည်း ပျံမယ်ကွာဆို ပြီး ပျံလိုက်တော့ မိုးပေါ်ကိုရောက် သွားတယ်။ ကျွန်တော်တို့က ဟို နိုင်ငံကြည့် ဒီနိုင်ငံကြည့်နဲ့ သူတို့လို တို့မှာမရှိပါဘူးဆိုပြီး လက်မှိုင်ချနေမယ့်အစား ပျားပိတုန်းလေးလိုပဲ ပျံလိုက်မယ်ဆိုတဲ့စိတ်နဲ့သွားတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကလည်း သွားနိုင်မယ်ဆိုပြီးပေးဖြစ်တာပါ။

စာအုပ်မှာရေးသားထားတဲ့အ ကြောင်းအရာတွေကိုလည်း ပြောပြပေးပါဦးဆရာ။

ဒီစာအုပ်ထဲမှာ မြန်မာပြည်မှာ လတ်တလောဖြစ်နေတဲ့အကြောင်း တွေပါတယ်။ သမိုင်းကြောင်းပါ တယ်။ နောက်ပြီးတော့ မြန်မာ့စီးပွား ရေးအခြေအနေမှာ ကျွန်တော်တို့ မှာ အခက်အခဲတွေတော့ရှိတယ်။ ဒါပေမယ့် အလားအလာကောင်း တွေတော့ ရှိတယ်ဆိုတာရယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ ပညာရေးအကြောင်း၊ ခရီးသွား လာရေးအကြောင်း၊ သဘာဝသယံ ဇာတအကြောင်း၊ နောက်ပြီးတော့ CSR အကြောင်း ပြောဖြစ်တယ်။ မြန်မာလူမျိုးလုပ်ငန်းရှင်တွေအ ကြောင်း၊ ဝန်ထမ်းတွေအကြောင်း၊ ကျွန်တော်တို့တိုင်းပြည်နဲ့ အလုပ် တွဲလုပ်မယ်ဆိုရင် ဘယ်လိုလူမျိုး တွေနဲ့ လုပ်သင့်တယ်ဆိုတာတွေ အကြောင်းပါတယ်။ စာအုပ်မှာ ဘာနဲ့ အဆုံးသတ်သွား သလဲဆိုရင် နဝမအခန်းမှာ မြန်မာအမျိုးသမီး တွေအကြောင်းနဲ့ အဆုံးသတ်ထားတယ်။ ဒီအခန်းမှာ နာမည်ပေးထားတာက ‘မြန်မာပြည်ရဲ့လျှို့ဝှက် လက်နက်’ ဆိုပြီး ပေးထားတယ်။ မြန်မာလူမျိုးတွေမှာအမျိုးသမီး တွေက ဦးဆောင်ပြီး လုပ်နေတာတွေ အများကြီးပဲရှိတယ်။ စီးပွား ရေးမှာရော၊ နိုင်ငံရေးမှာရော၊ မိသားစုအရေးမှာရောပဲ။ နေရာ တော်တော်များများမှာ ဦးဆောင် နေတယ်။ နောက်ပြီးတစ်ကမ္ဘာ လုံးမှာဆိုရင် ဘုရင်ရှိရင် မိဖုရား ရှိတယ်။ ဒါပေမယ့် ဘုရင်မ ဆို တာရှားတယ်။ အာရှတိုက်မှာဆို ရင် ဘုရင်မအုပ်ချုပ်ဖူးတဲ့တိုင်းပြည် ဆိုတာစဉ်းစားလို့မရဘူး။ မြန်မာ ပြည်မှာရှိတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေမှာ ဘုရင်မဓာတ် ဆိုတာရှိတယ်။ အဲဒါအကြောင်းကို မြန်မာအမျိုးသမီးတွေရဲ့ အရှေ့ရောက်ခြင်းဆိုတဲ့ အကြောင်းကိုပါ ပြောထားတယ်။ စုစုပေါင်းအခန်း ကိုးခန်းပါပါတယ်။ ဒီစာအုပ်ကဘာ နဲ့တူသလဲဆိုရင် မြန်မာပြည်အကြောင်းသိပ်နားမလည်တဲ့ လူတစ်ယောက်ကို မြန်မာပြည်ကို ချစ်ပြီး မြန်မာအကြောင်းကို အထိုက်အ လျောက်သိပြီး ဘေးနားကနေ စကားတွေပြောပြသလိုမျိုး ရေးထားတာပါ။

ဒီစာအုပ်က Amazon မှာ Best Seller စာရင်းဝင်စာအုပ်တစ်အုပ် ဖြစ်သွားပြီလို့ သိရပါတယ်။ ဒါက ဆရာ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တော့ နောက်ထပ်ရော ဘယ်လိုမျိုးစာ အုပ်တွေ ရေးသွားဖို့ ရှိဦးမလဲဆိုတာလည်း သိချင်ပါတယ်။

အခုက ကျွန်တော့်စာအုပ်က နိုင်ငံတကာကိုရောင်းတာပါ။ နိုင်ငံတကာကို ရောင်းတာဖြစ်တဲ့အတွက် Amazon ကနေရောင်းပါတယ်။ တစ်ကမ္ဘာလုံးကဝယ်လို့ရ အောင်ပါ။ နောက်ပြီးတော့တောင် ကိုရီးယားမှာလည်း Korean ဘာသာပြန်အနေနဲ့ထုတ်ဖို့ ပြောထားတဲ့သူရှိတယ်။ အဲဒါတော့ ဘယ်လောက်မြန်မလဲ မသိဘူး။ ပြည်တွင်းမှာတော့ စာအုပ်ဆိုင်ခပ်ကြီးကြီးတွေမှာ ကျွန်တော့်စာအုပ် ရှိပါမယ်။ ဒီစာအုပ်က မြန်မာပြည်ကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေကို ရည်ရွယ်ပြီးထုတ်ထားတာပါ။ မြန်မာမဟုတ်တဲ့သူတွေကို ပြောပြထားတဲ့စာအုပ်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုး လုပ်ငန်းရှင်တွေကို ဟိုဘက်အခြမ်းအကြောင်းကို ပြောပြထားတဲ့စာအုပ်လည်း ရေးနိုင်ရင်တော့ ရေးသွားဖို့ဆန္ဒ ရှိပါတယ်။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*